ညား၍ခ်စ္ခဲ့သည္။( ၄ ) ( Z+U)

13.4K 878 47
                                    


Uni...

မနက်ခင်းနိုးလာတော့ လစ်ဟာနေသောရင်ခွင်တစ်ခုကြောင့် ကလေးရှိရာနေရာသို့ လက်ကမ်းလိုက်ပါသော်လည်း အေးစက်နေတဲ့အငွေ့အသက်တစ်ချို့။

နာရီကြည့်လိုက်မိတော့ အခုမှ ခုနှစ်နာရီ။ မနက်ခင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရင်ခွင်ထဲက ကလေးလေးအား အနမ်းပေးရင်း နိုးထမယ်ဆိုတဲ့ အစီအစဉ်က ပျက်ပြားစွာ။

ဒီလောက်အစောကြီးကို ဒီကလေး ဘာများထလုပ်တာလဲကွာ။ အချိုးမကျတဲ့ နံနက်ခင်းကြောင့် အရာရာက သာယာမှုတော့မရှိ။ စိတ်ပျက်စွာနဲ့ အောက်ထပ်ဆင်းသွားတော့ ကလေးငယ်ရဲ့ အသံတစ်ချို့က မနက်ခင်းကို အားပြည့်စေသည်။

" ဒါဆို သားငယ်က အိမ်ကို ငိုပြီးပြန်လာတယ်ပေါ့လေ"

" အား..မေမေ ကလည်း ဒီအကြောင်းပဲပြောနေတာပဲ"

" အော် သားရယ် ငါ့သားလေးအကြောင်းကို မေမေ မှမပြောရင် ဘယ်သူပြောမလဲ"

" မေမေက အမြဲတမ်း အဲ့ဒီကားမှားစီးမိတာကိုပဲ လိုက်လိုက်ပြောနေတာပဲ ဟွန့်"

" ဟားဟား နှင်းရယ် ကလေးကိုစမနေပါနဲ့တော့"

" အဟမ်း.."

" အော် မဟော် နိုးလာပြီလား"

" ဟုတ် မာမီ..ဒါနဲ့ ကလေး ကို့ကိုယ် ဘာလို့မနိုးသွားတာလဲ"

" ဗျာ ဟို ကျွန်တော်က ကိုမဟော် အိပ်ရေးမဝလောက်သေးဘူး ထင်လို့ပါ"

" ဝတယ် ဝတယ် နောက်ဆို ကလေးနိုးတာနဲ့ ကိုမနိုးရင် နိုးပေးနော်"

" ဟီး ဟုတ်"

" အဟင်း..အခုတော့ ငါ့သားလေး အဆင့်တက်သွားပြီးထင်တယ်"

" ဟင် ဘာကိုလဲ မေမေဖြူ"

" ကိုကြီးမဟော် မဟုတ်တော့ဘူးလား"

" ဟာ မာမီ"

" ဟို..အဲ့ အဲ့ဒါက ကိုမဟော်က အတင်း"

" အာ ကလေး ဒီမုန့်စားကောင်းတယ် စားကြည့်"

" ဗျာ..အာဟုတ်"

မာမီ့ကို အချိန်မှီအော်လိုက်ပါသော်လည်း မမှီနိုင်တော့။ ထို့နောက် အရှက်သည်းစွာနဲ့ ကြမ်းပြင်ကသိုင်းရှုသွားတဲ့ ကလေး မျက်နှာလေး။ ဘေးမှာဝင်ထိုင်နေသည်မို့ ဘေးတစ်စောင်းမြင်နေရတဲ့ ကလေးရဲ့နှာတံသွယ်သွယ်လေးက ဖြတ်နမ်းချင်စရာ။

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now