ညား၍ခ်စ္ခဲ့သည္။ ( ၁၀ ) (Z+U)

10.4K 693 8
                                    

Uni...



Right Now

1 ses, 2 sec, 3 sec......5 min....

ဂျယ်ဘူးကို ခေါင်းအုံးအောက်ထိုးထည့်ရင်း ကလေးလာမလားဆိုတဲ့စိတ်နဲ့ မူးချင်ယောင်ဆောင်နေပေမယ့် ကလေးငယ်တစ်ယောက် အခန်းထဲဝင်မလာတာမို့ အပြင်ထွက်ကြည့်လိုက်တော့ ဆိုဖာပေါ်တွင်ဒူးလေးပိုက်ကာ တစ်ရှုံ့ရှုံ့ငိုနေသော ကလေးငယ်ကြောင့်။

" ကလေး ငိုနေတာလား၊ ဟုတ်လား ဘာဖြစ်လို့လဲ"

" ဟင့် ကျွန်တော့် အနားမလာနဲ့"

တစ်ရှုံ့ရှုံ့ ငိုနေသာ ကလေးကိုကြည့်ကာ စိုးရိမ်ပေမယ့် မလာနဲ့ဆိုသော စကားကြောင့် ကလေးအနားသို့မကပ်နိုင်။

" ဘာလို့လဲ ဘာလို့ငိုနေတာလဲ၊ ကိုယ့်ကြောင့်လား ဟုတ်လား ကလေး"

" ဟင့်.ခုနကလို ခင် ခင်ဗျား ကျွန်တော့်ကို အတင်းချုပ်မှာကို ကြောက်လို့..ဟင့် အီးဟီး"

" ကိုတောင်းပန်တယ် မလုပ်ဘူး၊ နောက် ကလေးမကြိုက်ရင် ဘယ်တော့မှမလုပ်တော့ဘူး၊ ဒါကြောင့် ကိုယ့်ကိုယ် ကလေးအနားလာခွင့်ပေးနော် ကလေးနော်"

" ဟင့်အင်း ခင်ဗျား မူးနေသေးတာလေ"

" မဟုတ်ဘူး၊ မမူးတော့ဘူး ကောင်းသွားပြီ၊ ဒီမှာကြည့်"

ငိုနေသော ကလေးကိုကြည့်ကာ မဟော်လည်း နာကျင်ရသည်၊ တစ်ကယ်ဆို ကိုယ့်အမှားသာ။ ကလေးကို မတရားပိုင်ဆိုင်ချင်မိတဲ့အမှားလေ။ ကလေးငယ် ယုံကြည်အောင်လို့ ဘေစင်သို့သွားကာ မျက်နှာကိုခပ်မြန်မြန်ရေလောင်းချလိုက်သည်။

" ဒီမှာကြည့် ကလေး ကိုကို မမူးတော့ဘူးနော်၊ ကောင်းသွားပြီနော်.ဒါကြောင့် ကိုကို့ကိုယ် ကလေးအနားလာခွင့်ပေးနော်"

" ဟင့် ကိုမဟော်..အီးဟီးးး ကျွန်တော် ကြောက်နေခဲ့တာ၊ ခင်ဗျား တစ်ခုခု ဖြစ်သွားမှာကို ကျွန်တော့်ကို ပစ်သွားမှာ ကြောက်နေခဲ့တာ။ ခင်ဗျား မူးပြီးတစ်ခုခုသောင်းကျန်းမှာကို ဟင့် နောက်ပြီး နောက်ပြီး ကျွန်တော် ခင်ဗျားကို ကူညီပေးချင်ပေမယ့် ကျွန်တော်မလုပ်တက်လို့ ဟင့် တောင်းပန်ပါတယ် ကျွန်တော် တမင်"

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now