Zawgyi
အရိပ်မည်းမည်းကြီးတစ်ခုကလိုက်လို့ကျွန်တော်ပြေးနေရတယ်....အမှောင်ထဲမှာတစ်ယောက်တည်း...လူတွေရဲ့အော်ရီသံတွေ....ပြစ်တင်ရှုံ့ချသံတွေနဲ့အရိပ်မည်းကထပ်ကျပ်မကွာကျွန်တော့်နောက်ကလိုက်လာသည်...ပြေးရတာခြေထောက်တွေလည်းနာလှပြီ...မျက်ရည်တွေလည်းမကုန်ခမ်းနိုင်တော့ဘူးလား...ကျွန်တော့်ကိုလွတ်မြောက်ခွင့်ပေးပါတော့
Jh-ထယ်.....ထယ်
ကိုကို့ခေါ်သံကြောင့်မျက်လုံးနှစ်ဖက်ကဖျတ်ကနဲပွင့်လို့လာခဲ့သည်....ပြီးတော့ငေါက်ကနဲထထိုင်တော့
Jh-ဖြည်းဖြည်းထလေထယ်ရဲ့
Tae-ကိုကို
Jh-ကိုယ့်ရဲ့ထယ်ကအိမ်မက်ဆိုးမက်လို့လား...ဘာမှမဖြစ်ဘူးကိုယ်ရှိတယ်...မကြောက်နဲ့နော်...လာပါဦး...မျက်ရည်တွေရောချွေးတွေကောထွက်နေပြီ
ပြောလည်းပြောကျွန်တော့်အားရင်ခွင်ထဲထွေးဖက်ထားတဲ့ကိုကို....မျက်လုံးကိုအသာမှိတ်ပြီးငြိမ်နေလိုက်တော့...ပြန်မမှတ်မိချင်တဲ့အတိတ်တွေကတစတစပေါ်လို့လာခဲ့သည်....မျက်လုံးကိုခပ်တင်းတင်းမှိတ်ကာကိုကို့အင်္ကျီလေးကိုဆွဲဆုပ်မိတော့
Jh-ထယ်...ထယ်..ကိုယ့်ကိုကြည့်ပါဦး...ဘာမှမဖြစ်ဘူးသိလား..ကိုယ်ရှိတယ်လေ
မျက်ရည်များကြားမှကိုကို့ကိုကြည့်မိလိုက်သည်
Tae-ထယ်အရမ်းကြောက်တယ်ကိုကို...ဟင့်...ထယ့်ကိုထားမသွားနဲ့နော်ကိုကို
ပြောလည်းပြောကိုကို့ကိုအတင်းဆွဲဖက်နေမိသည်
Jh-shuu....နောက်တခါဒီစကားမျိုးမပြောနဲ့နော်...အိပ်တော့အခုမှညသန်းခေါင်ပဲရှိသေးတာ....ကိုယ့်ရဲ့ထယ်မနက်ကျရင်အိပ်ရေးမဝပဲနေလိမ့်မယ်
ကိုကိုကကျွန်တော့်နဖူးလေးကိုနမ်းပြီးဆံပင်လေးကိုသပ်ကာချော့မြူနေသည်...ခဏကြာတော့မျက်ခွံလေးတွေကလေးလာပြီးအိပ်ပျော်သွားခဲ့သည်