Zawgyi
Junghyungတစ်ယောက်ထယ်ယောင်းလက်လေးအားကိုင်ကာထယ်ယောင်းလဲလျောင်းနေသောကုတင်ဘေးမှာစောင့်နေခဲ့သည်....မျက်ဝန်းများကတစ်ခုခုကိုပျောက်ဆုံးသို့မဟုတ်ဆုံးရှုံးနေရသောအသက်မရှိမျက်ဝန်းသေများသာ.....တစ်ချက်တစ်ချက်လည်းသတိမလည်သေးသောထယ်ယောင်းနဖူးမှဆံပင်လေးများကိုသပ်တင်ပေးကာသူသိပ်မြတ်နိုးသောထယ်ယောင်းမျက်နှာအစိတ်ပိုင်းတစ်ခုစီကိုအလွတ်ကျက်မှတ်လျက်
Jh pov-မင်းကကိုယ့်ရင်ကိုခြေစုံကန်ဖို့ကြိုးစားတယ်ပေါ့ထယ်.....ဟင့်အင်း...မရဘူးနော်.....ထယ့်ကိုဒီဘဝတင်မဟုတ်ဘူးနောင်ဘဝထိပါကိုယ်တစ်ယာက်တည်းပိုင်ဆိုင်ချင်တာ.....ကိုယ့်ဆီကနေထွက်ပြေးဖို့မကြိုးစားပါနဲ့ထယ်.....အဲ့ချိန်ကိုယ်မင်းကိုတကယ်သတ်ပစ်ရလိမ့်မယ်
ဒေါက်...ဒေါက်.....
Man-သခင်လေး.....ဆရာဝန်ကိုခေါ်လာပါပြီ
Jh-ဝင်ခဲ့ခိုင်းလိုက်
ဆရာဝန်ဝင်လာသောအခါJhထယ်လက်လေးကိုချလိုက်ကာဆရာဝန်စမ်းသပ်ရန်အတွက်နေရာဖယ်ပေးလိုက်လေသည်.....ဆရာဝန်ကထယ်ယောင်းအားအခြေနေကြည့်ကာ
Dr-သူ့ကိုဆေးရုံခေါ်သွားသင့်တယ်ထင်တယ်.....ဒီအခြေနေကိုအိမ်မှာကုဖို့က
Jh-ထယ့်ကိစ္စကိုအပြင်မပေါက်ကြားစေချင်ဘူး...ဆေးဝါးတွေလိုအပ်တယ်ဆိုပြောပါ.....အကုန်ဖြည့်ဆည်းပေးမယ်.....တစ်ခုပဲထယ့်ကိုဒီအိမ်ထဲကနေခေါ်မထုတ်သွားနိုင်ဘူး
Drလည်းသက်ပြင်းချကာ...အရင်ဆုံးကားဒဏ်ရာကြောင့်အနည်းငယ်ကွဲသွားသောထယ်ရဲ့ခေါင်းကိုချုပ်ကာပတ်တီးစည်းပေးလေသည်....ပြီးနောက်...လိုအပ်သည့်ဆေးများ....ဆေးပိုက်များကိုပြင်ဆင်ပေးလေသည်
Jh-အခြေနေက
Dr-အခြေနေကအဆိုးကြီးတော့မဟုတ်ဘူး....ခေါင်းနည်းနည်းထိတယ်....ပွန်းပဲ့ဒဏ်ရာတွေကိုရောဆေးထည့်ပြီးပြီဆိုတော့သတိရလာတာစောင့်ကြည့်ဖို့ပဲလိုတော့တယ်....အာ.....ခြေထောက်ကအရိုးနည်းနည်းအက်သွားတယ်ဆိုပေမယ့်အဆိုးကြီးတော့မဟုတ်ပါဘူး....နည်းနည်းပြန်ကောင်းလာလို့လမ်းလျှောက်ရင်သတိထားပေါ့