Zawgyi
Jh-ငါသိနေခဲ့တယ်Jk
Jk-ဘာ...ဘာကိုလဲhyung
Jh-အကုန်လုံးပဲ....
Jk-ဘယ်ကတည်းကလဲhyung
Jh-ငါ့စေ့စပ်ပွဲကတည်းကမင်းထယ့်ကိုကြည့်တဲ့မျက်ဝန်းတွေကိုတွေ့ကတည်းကသိခဲ့တာ... ရှေ့ထပ်မတိုးပါနဲ့Jk...အဲ့ချိန်ကျငါဘာလုပ်မိမယ်မှန်းမသိဘူး
Jk-ထယ်ကရော....hyung....သူ့ခံစားချက်ကရော
Jh-ဟင့်အင်း....ထယ်ကိုငါဘာမှမပြောချင်ဘူး...ထယ်ကခဏတာမင်းအပေါ်သာယာသွားတာနေမှာ....မင်းဘက်ကနောက်ဆုတ်ပေးရုံပဲ
Jk-ကျွန်တော်ထယ့်ကိုမစွန့်လွှတ်နိုင်ဘူးhyung....သူ့ကိုသိပ်ချစ်လွန်းလို့...ပိုင်ဆိုင်ချင်လွန်းလို့ရူးမတတ်ဘဲhyung
ထိုအခါသူ့အားစူးစူးရဲရဲကြည့်လာသောhyung.....အံကြိတ်ထားတာမေးကြောများထောင်မတတ်
Jh-အဟွန်း....ဒါကမင်းသဘောပဲလေ....ငါကတော့မင်းကိုသတိပေးပြီးပြီ....နောက်မှငါ့ကိုအပြစ်မတင်နဲ့JK...ဒီဇာတ်လမ်းကိုမင်းစခဲ့တာပဲ...နောင်တမရဖို့မျှော်လင့်တယ်
ပြောပြီးပြီးချင်းဒေါသတကြီးထွက်သွားသောhyung
တစ်ညလုံးလည်းအိပ်မရ...ထယ့်ကိုစွန့်လွှတ်ရမည်ကိုစိတ်ကူးနဲ့တွေးကြည့်ရုံနဲ့ရူးမတတ်.....hyungတစ်နေ့သူနှင့်ထယ့်အကြောင်းတွေကိုသိမည်ဟုခန့်မှန်းထားသော်လည်းထို့လောက်မြန်မယ်မထင်ခဲ့.....အစပိုင်းတော့ရင်ဆိုင်နိုင်မည်ဟုထင်ခဲ့သည်....တကယ်တမ်းနဖူးတွေ့ဒူးတွေ့ကျထယ့်ကိုဆုံးရှုံးရမည်ဆိုတဲ့စိတ်နဲ့တင်ရင်တစ်ခုလုံးပူလောင်နေလေပြီ
ဒီလိုကုတင်ပေါ်မှာဟိုဘက်လိမ့်...ဒီဘက်လိမ့်နဲ့မိုးလင်းခဲ့ရလေသည်.....မနက်စာထမင်းဝိုင်းတွင်လည်းစိတ်နှင့်လူနှင့်မကပ်....ရင်ပြည့်တာလိုလိုရင်ခံတာလိုလိုအသက်ရှူမဝ
Hara-သားစားမကောင်းလို့လား.....တခြားဟာပြင်ခိုင်းလိုက်ရမလား