Zawgyi
Jh-ကိုယ်အရမ်းပင်ပန်းနေပြီထယ်ရယ် ကိုယ်တို့တူတူအဆုံးသတ်ကြရအောင်
Junghyung စကားအဆုံးထယ်ယောင်းမှာသွေးပျက်စွာ
ခေါင်းအတွင်တွင်ခါရမ်းကာမျက်နှာတွင်လည်းမျက်ရည်များဖြင့်Tae-ဟင့်အင်း ဟင့်အင်း
ကိုကိုကဘယ်ကတည်းကစီစဉ်ထားသည်မသိ တံခါးလော့ခ်ကိုချလိုက်ကာ ကာဗွန်ငွေ့တစ်ချို့ကိုစက်တစ်ခုမှထုတ်လွတ်စေသည် ထိုအငွေ့တွေကချက်ချင်းမသေစေနိုင်ပေမယ့် လူကိုတဖြည်းဖြည်းနုံးစေကာ အားအင်လျှော့လာစေပြီးမှနောက်ဆုံးသတိလက်လွတ်ဖြစ်သွားလျှင်သေစေသည့်အဆိပ်တစ်မျိုးပင်
ကိုကိုရယ်ဘယ်လောက်ထိတောင်ပင်ပန်းခဲ့လို့လဲ ထယ်လည်းပင်ပန်းတယ်ကိုကို ဒါပေမယ့်ထယ်မသေချင်သေးဘူး Jeonကိုတွေ့ချင်သေးတယ် Jeonကိုထယ်ထားသွားလို့ရှိရင်Jeonအရူးတပိုင်းဖြစ်သွားလိမ့်မယ်
Junghyungကထွက်ပြေးရန်ပြင်သောထယ်ယောင်းအားချုပ်ကာစတင်နမ်းလေသည် ထယ်ယောင်းမှာဒုက္ခိတဖြစ်တာကတကြောင်း အားချင်းမမျှတာကတကြောင်းရုန်းသော်လည်းရုန်းမရပေ
Tae-ဟင့်အင်း မလုပ်ပါနဲ့ကိုကိုထယ်ကြောက်လို့ပါ အီးဟီး ထယ့်ကိုလွှတ်ပေးပါ ဟင့် ထယ်တောင်းပန်ပါတယ်
နှုတ်ခမ်းအားပြင်းထန်စွာစုပ်ယူမှုတို့ကြားထယ်ယောင်းအတင်းရုန်းကာ အော်ဟစ်ငိုယိုရင်းjunghyungအားတောင်းပန်နေမိသည်
အချိန်အနည်းငယ်ကြာလာတော့ မောဟိုက်လာသလိုငြိမ်ကျသွားခဲ့သည် အသက်ရှုလည်းကျပ်လာသလို လက်ကိုပင်မလှုပ်နိုင်တော့သည်အထိ မျက်ရည်များဖြင့်သာမျက်နှာကျက်ကိုအကြောင်းမဲ့ငေးကြည့်နေမိသည် ကိုကိုကတော့ရင်ဘတ်ပေါ်တွင်အုပ်မိုးထားကာ ထယ်ယောင်းလည်ပင်းနားမျက်နှာအပ်၍ ထယ်ယောင်းအားတင်းကျပ်စွာဖက်ထားလေသည်