Ep10

8.1K 782 23
                                    

Zawgyi

ထယ်​​ယောင်းကိုလက်​​မောင်း​ပေါ်မှာလှဲအိပ်​​စေလျက်​​​ထယ့်​ဆံပင်​​လေး​တွေကို​ဖွဖွ​လေးကိုင်​​ဆော့​နေမိသည်​....ပြီး​တော့အသဲယားစွာနဖူး​လေးနှင့်​ဆံသား​လေး​တွေကိုခဏခဏနမ်းရှိုက်​​နေမိသည်​....ထယ်​က​တော့ကျွန်​​တော့်​ခါးကိုဖက်​လျက်​ရင်​ခွင်​ထဲမှာ​မှေး​နေသည်​.....ထယ့်​ရဲ့ချစ်​တယ်​ဆိုတဲ့စကားကိုကြားပြီးကတည်းကခုထိရင်​ခုန်​စိတ်​လှုပ်​ရှားမှုဟာ​လျော့မသွား​သေး.....ဒီက​လေးကိုချစ်​လွန်းလို့ဘယ်​သူမှမမြင်​​အောင်​ပါးစပ်​ထဲထည့်​ငုံကာသွား​လေရာ​ခေါ်သွားချင်​မိတာကျွန်​​တော့်​အမှားမ​ဟုတ်​​ပေ....ထယ့်​ရဲ့ကိုယ့်​အ​ပေါ်ခံစားချက်​ကိုသိပြီးကတည်းကအနမ်း​ရှည်​ကိုဖန်​တီးကာကျွန်​​တော်​တ​စ်​ယောက်​တည်း​နေတဲ့အိမ်​ကို​ရောက်​လာခြင်း​ပင်​....အိမ်​​ရောက်​​တော့လည်းပင်​ပန်းလို့နားချင်​တယ်​ဆိုလို့ခုကျွန်​​တော့်​လက်​​မောင်း​ပေါ်မှာ​မှေး​နေခြင်းဖြစ်​သည်

Jk-ထယ်​...ဗိုက်​ဆာပြီလား...တစ်​ခုခုစားရအောင်​​လေထ

Tae-ထချင်​ဘူး...ဖုန်းဆက်​လှမ်းမှာလိုက်

ဒီအဆိုး​လေးကိုအူယားလွန်းလို့နူးညံ့တဲ့ပါးပြင်​​လေးကိုကျွန်​​တော့်​နှာ​ခေါင်းနစ်​ဝင်​သည်​အထိဖိကပ်​နမ်းမိသည်​.....ပြီး​တော့သူ​လေးသ​ဘောတိုင်းဖုန်းဆက်​ကာစားစရာများမှာရသည်

စားစရာများ​ရောက်​လာ​သောအခါတွင်​​တောင်​မှမထချင်​...မနည်း​ပြောယူပြီးမှဆူပုတ်​ပုတ်​နှင့်​ထထိုင်​သည်​...ကျွန်​​တော်​စားစရာများကိုပန်းကန်​ထဲ​ပြောင်းထည့်​ပြီး...ဟိုက​လေးအား​အော်​​ခေါ်ရပြန်​သည်​.....​လှေကား​ပေါ်ကဆင်းလာတဲ့က​လေးပုံရိပ်​​လေးကကျွန်​​တော့်​မျက်​လုံးတစ်​စုံအားအကြည့်​မလွှဲနိုင်​​အောင်​ဖြစ်​​စေသည်

အနက်​​ရောင်​​ပေါ်အဖြူစင်းပါ​ခြေသလုံးထိရှည်​သည့်​ bathrobeအရှည်​နှင့်​​​ဘောင်းဘီအရှည်​အနက်​ကိုဝတ်​ထားသည်​....bathrobeကြိုးမချည်​ထားသဖြင့်​က​လေး၏ဘာမှမဝတ်​ထား​သောရင်​ဘတ်​​ဖွေး​ဖွေးတစွန်းတစ​ပေါ်​နေသည်​ကကျွန်​​တော့်​အားအသက်​ရှူကြပ်​​စေသလို...blonde ​ရောင်​ဆံပင်​ရှည်​တို့ ရှုပ်​ပွ​နေသည်​ကတစ်​မျိုးကြည့်​​ကောင်း​နေသည်​....နားမှနားဆွဲရှည်​နှင့်​စိန်​နားကပ်​များကလည်းတလက်​လက်​....လက်​တစ်​ဖက်​မှ​သောက်​လက်​စ​ဆေးလိပ်​ကိုကိုင်​ထား​သေးသည်​....ဒါ​တွေအားလုံး...တနည်းက​လေး၏အရာရာတိုင်းကိုစွဲမက်​​နေသည်​ကကျွန်​​တော့်​အလွန်​မဟုတ်​.....ကျွန်​​တော့်​​ရှေ့​ရောက်​ကာကျွန်​​တော့်​​မေးဖျားကိုနမ်းလိုက်​မှသတိပြန်​ဝင်​လာသည်

 Toxic & FoxyWhere stories live. Discover now