intro

14.2K 716 13
                                    

သူမဟာဝမ်ဧကရာဇ်နဲ့မိဘုရားခေါင်ကြီးတို့ရဲ့သမီးတော်ဖြစ်တယ်
အဆင့်မတန်းမြင့်မားသော်လည်း ပြည်သူလူထုကတော့သူမကို
"ကံဆိုးမိုးမှောင်ကျတဲ့မင်းသမီး"လို့ခေါ်ကြတယ်
အကြောင်းကတော့ သူမ၆နှစ်အရွယ်လောက်မှာ တစ်တိုင်းပြည်လုံးမိုးခေါင်ရေရှားဖြစ်တယ် နန်တွင်းမှာတောင်သောက်စရာရေမရှိတော့သည်အထိအခြေအနေဆိုးရွားခဲ့တယ် နိမိတ်ဖတ်ဆရာမကိုမေးတဲ့အခါ မင်းသမီးလေးရဲ့ကံဆိုးမှုကြောင့်တစ်တိုင်းပြည်လုံးခဲစားရတယ်လို့ပြောတယ် ဒါ့ကြောင့်မင်းသမီးလေးရဲ့မျက်နှာကိုလူမြင်မခံပဲ မျက်နှာဖုံးတစ်ခုဝတ်ဆင်ရမယ်လို့ပြောခဲ့တယ် သူမအရင်ဘဝကအရမ်းမိုက်မဲခဲ့တယ် တစ်ကယ်ဆိုသူမမျက်နှာဖုံးတပ်ပြီး ၃နှစ်မြောက်အထိ ဘယ်မိုးမှမရွာတာကိသိုခဲ့သင့်တယ် သူမရဲ့နတ့်သမီးရှုံးတဲ့မျက်နှာကိုမနာလိုသူတွေလုပ်တယ်ဆိုတာကို သိခဲ့သင့်တယ် သူမ့မယ်တော်နဲ့ခမည်းတော်ကတော့သဘောမတူခဲ့ဘူး ဒါပေမဲ့ဒီသတင်းကပြည်သူတွေဆီရောက်သွားတယ် တော်ဝင်မိသားစုကိုခြိမ်းခြောက်ကြတယ် ဆန္ဒပြမှုတွေနေရာအနှံဖြစ်လာတဲ့အဆုံးသူမကြောက်စရာကောင်းတဲ့မျက်နှာဖုံးတစ်ခုတပ်ဆင်ခဲ့ရတယ်
ဒီလိုနဲ့ပဲ အချိန်တွေကလျှင်ပြန်စွာကုန်ဆုံးခဲ့တယ် သူမအသက်၁၅နှစ်ပြည့်မွေးနေ့ပွဲမှာ သူမတစ်ဘဝလုံးကိုဗြောင်းဆန်အောင်လုပ်မည့်သူနဲ့တွေ့ခဲ့တယ် အစကတော့အလွန်ကြင်နာတတ်တဲ့ပုံနဲ့ပေါ့ ပေါင်းသင်းဆက်ဆံရေးမကောင်းခဲ့တဲ့သူမ သူငယ်ချင်းမရှိတဲ့သူမ မျက်နှာဖုံးအောက်ကသူမကိုရွံရှာနေတဲ့မျက်လုံးတွေကိုမတွေခဲ့နိုင်ဘူး သူမခမည်းတော်နဲ့အတိုက်အခဲလုပ်ပြီးသူ့ကိုရအောင်ယူခဲ့တယ် သူမဟာကြီးမြတ်တဲ့မင်းသမီးဖြစ်တာတောင်သူ့ကြင်ယာတော်နေရာမှာ နေပျော်ခဲ့တယ် သူမရဲ့ဝါသနာတွေ ကိုရင်းပြီးသူကြိုက်တာတွေလုပ်ခဲ့တယ် မိန်းမတွေတတ်အပ်တဲ့ပညာတွေသင်ခဲ့တယ် သူ့ရဲ့အာရုံစိုက်မှုအနည်းငယ်အတွက်နဲ့ကိုယ့်ခန္ဒာကိုယ်ကိုထိခိုက်စေခဲ့တယ် သူကြိုက်တဲ့ဂီတနဲ့အကကိုသင်တယ် သူလိုချင်တဲ့ထီးနန်းရဖို့အဖေရင်းအမေရင်းနဲ့ဆွေမျိုးတွေကိုသူမလက်နဲ့သတ်ခဲ့တယ် ထီးနန်းရပြီးတော့လဲ စစ်မက်ုဖစ်ပွားလို့တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် စစ်ရေးသင်ပြီးမိန်းကလေးတန်မဲ့ ရှေ့တန်းထွက်ခဲ့တယ် ၃နှစ်ကြာလို့စစ်ပွဲပီးတဲ့အချိန်သူမအိုမင်းနေပါပြီး ၂၈နှစ်အရွယ်မိန်းကလေးလို့မထင်ရလောက်အောင်သူမကြမ်းတမ်းနေပါပြီး အသားမာတက်နေတဲ့လက်တွေ ဒဏ်ရာအပြည့်နဲ့ခန္ဒာကိုယ် ကြောက်စရာကောင်းတဲ့မျက်နှာဖုံးကြောင့်သူမ မသတီစရာဖြစ်ခဲ့ပါတယ် ပြန်ရောက်တဲ့အချိန်သူဆီးကြိုတာကိုခဲချင်ပြင်မဲ့ပြန်ရလိုက်တာဟာ အကောက်ကြံမှုတဲ့လား သူမသူ့ကိုဒီအချိန်ထိမမုန်းရက်သေးပါဘူး အကောက်ကြံမှန်းသိပင်မဲ့ သူလုပ်တာလို့မထင်ရက်သေးပါဘူး သူအထင်လွဲနေတာပါလို့ကိုယ့်ကိုယ်ကိုလိမ်ညာပြီးသူမအအေးနန်းဆောင်မှာ၇နှစ်နေခဲ့တယ် စစ်ပွဲကရခဲ့တဲ့အတွင်းဒဏ်ရာတွေကသူမကိုသေလုနီးပါးနာကျင်စေတယ် သူမကိုနေတိုင်းကျွေးတဲ့ခွေးစာလောက်တောင်အဆင့်မရှိတဲ့အစာထဲမှာ နေ့တိုင်းအဆိတ်ခပ်ထားမှန်းသိပင်မဲ့ အသက်ရှင်ဖို့အတွက်ရွေးချယ်စရာမရှိခဲ့ဘူး တစ်နေ့တော့သူရောက်လာတယ် သူမတစ်ဘဝလုံးချစ်ခဲ့ရတဲ့သူရောက်လာတယ် သူမကတော့ သူမကိုအထင်လွဲနေတာပြောက်သွားပြီထင်ပြီးမျက်ရေဝဲအောင်ကိုပျော်နေမိတယ် သူမနောက်ကနှညံညှင်သာတဲ့အရိပ်ကလေးကိုမတွေ့ခင်အထိပေါ့
သူမနာကျင်မိတယ် ပထမဆုံးအကြိမ်အဖြစ်သူ့ကိုရွံရှာမုန်းတီးခဲ့တယ် သူပေးတဲ့အဆိပ်ခွက်တစ်ခွက်နဲ့သူပြောတဲ့စကားတွေကိုနောက်ဘဝတိုင်မှတ်ပြီးသွေးကြွေးဆပ်မယ် "မင်းသေဖို့အချိန်ကျနေပြီ ၇နှစ်တိုင်အဆိတ်ခတ်တာတောင်မသေသေးဘူးဆိုတော့ မင်းတော်တော်အသက်ပြင်းတာပဲ ဒီနေ့တော့မင်းသေနေ့စေ့ပြီး ငါ့ရဲ့အိုက်ဖေးကလေးမွေးတဲ့အချိန်ကံကောင်းအောင် မင်းလို ကံဆိုးမကိုဒီနေ့ပဲသတ်ပြစ်မယ်"သူအနောက်ကအစောင့်တွေကိုအချက်ပြလိုက်တယ် သူတို့ရောက်မလာခင်သူမအဆိတ်ခွက်ကိုမော့သောက်ပြီးခြောက်ကပ်ကပ်ရယ်လိုက်တယ် နောင်ဘဝမှာနင့်ကိုငါ့လက်နဲ့ကိုယ်တိုင်သတ်မယ်
~~~~~~|~~~|~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပထမဆုံးOCလေးပါနော် အမှားပါရင်လဲထောက်ပြကြပါ အါးတက်အောင် starsလေးတွေfbလေးတွေလဲပေးကြပါနော်
အားလုံးကိုချစ်တယ်😘
#ချစ်တဲ့yoon

ရှင်းဖေး (Dropped)Where stories live. Discover now