part-6

5.4K 523 18
                                    

နောက်နေ့မနက်တွင် ရှင်းဖေးပျော်ရွှင်စွာ အိပ်ရာမှနိုးလာသည် ထို့စဉ် လင်းယွီကအလောတကြီးပြေးဝင်လာလေသည်
  "သခင်မလေး အခုမှပဲနိုးတော့တယ် နန်းတော်တစ်ခုလုံး အုတ်အုတ်ကျွတ်ကျွတ်တွေဖြစ်ကုန်ပြီ"

ရွင္းေဖးကမ်က္ေမွာင္ၾမိဖုရားခေါင်ကြီးတစ်ခုခုပြန်ပြောဖို့ပြင်နေစဉ်မှာပဲ
"ဖြောက် ဖြောက်"မိုးစက်ကျသံလေးတွေကိုကြားလိုက်ရတယ် မိုးစက်သံမျာူကနတ်ပြည်မှဗျက်စောင်းသံကဲ့သို့အလွန်သာယာလှသည်
ခန်းမထဲမှရှိတဲ့လူတိုင်းလဲအံသွားပြီးရှင်းဖေးကိုတိုင်ပင်မထားဘဲပြိုင်တူကြည့်လိုက်မိတယ် သူမကတော့ နှုတ်ခမ်းထောင့်မှာအပြုံးလေးတစ်ခုကိုချိတ်ဆွဲထားပြီး မိဖုရားလျံကိုကြည့်နေတယ်
မိုးကသည်းသည်းထန်ထန်နဲ့ကြောက်စရာကောင်းအောင်မရွာပဲ တစ်ဖြောက်ဖြောက်နှင့် သာယာဖွယ်ကောင်းလှတယ် လူတိုင်းမိန့်မောနေစဉ်မှာပဲ ဘုရင်ကြီးက
"ဟား ဟား အလွန်သာယာတဲ့မိုးပဲ ငါအုပ်စိုးလာတဲ့နှစ်၂၀အတွင်းဒီလိုသာယာတဲ့မိုးကိုတစ်ခါမှမကြုံဖူးဘူး ဖေးအော်ပြောတာတွေကအမှန်တရားပဲ "

"အစောင့်တွေလာကြစမ်း ယုတ်ညံတဲ့နတ်ဆရာမကို အခုချက်ချင်းကွပ်မျက်ပစ်ကြစမ်း "
"အမိန့်တော်အတိုင်းပါ"

ထိုစဉ်မယ်တော်ကြီးကရှင်းဖေးကိုစားမတက်ဝါးမတက် ဒေါသတကြီးကြည့်နေသည် သူမကတော့ဘာကိုမှဂရုမစိုက်တဲ့မျက်နှာထားနဲ့ ရေနွေးကြမ်းကိုငုံ့ကာသောက်နေသည်
မယ်တော်ကြီးလဲအပြုံးတုတစ်ခုဖြင့် " နန်းတော်ပြန်တော့မယ် အားလုံး ပျော်ပပျော်နေခဲ့ပါ"
"မယ်တော်ကြီးကိုပို့ဆောင်ပါတယ်"
မိဖုရားခေါင်ကြီးနှင့်ဘုရင်ကြီးလဲအခုမှပင်သက်ပြင်းချနိုင်တော့သည်
ထို့နောက် ဘုရင်ကြီးက
"ရုတ်ညံ့တဲ့ နတ်ဆရာမကိုနေ့မကူးခင်ကွတ်မက်စေ"
ထိုစဉ် ရှင်းဖေးက
  "အားလုံးကိုတောင်းပန်ပာတယ် ဒီမင်းသမီး နေမကောင်းသလိုဖြစ်နေလို့ပြန်နားပာတော့မယ် ပျော်ပျော်နေခဲ့ကြပာ"ဟုဆိုကာ ထွက်သွားသည်
သူမလမ်းလျှောက်ပုံမှာ လနတ်သမီးကဲ့သို့နုညံ့ကာလှပလွန်း၍ သခင်လေးများမှာမျက်တောင်ပင်မခတ်နိုင်ပေ
ထို့နောက်ဘုရင်နှင့်မိဖုရားများလဲထွက်ခွာသွားရာ ဧည့်ခံပွဲလူများမှာ ရှင်းဖေးအကြောင်းဆွေးနွေးရင်းကျန်ခဲ့လေသည် နောက်တစ်နေ့တွင် ရှင်းဖေးအကြောင်းမှာ ဝမ်နိုင်ငံတော်သာမက အခြားတိုင်းပြည်များအထိပျံ့နှံ့ကာ ကံဆိုးမိုးမှောင်ကျသောမင်းသမီးလေးဘဝမှ ရူးမတတ်လှသောလနတ်သမီးလေးအဖြစ်ပြောင်းလဲကာ လူတိုင်း၏စကားဝိုင်းတွင်နေရာယူထားတော့သည်
  ~~~~~~~~~~~~~~~~~~~~~~~စောင့်နေတဲ့သူတွေအားလုံးကိုအားလဲနာ တောင်းလဲတောင်းပန်ပာတယ်နော်😓😥
စာမေးပွဲပြီးကတည်းကခရီးတွေထွက် ရေးထားတဲ့စာဖိုင်တွေပျက်နဲ့စိတ်တွေလေနေလို့ပာ😢😢 နောက်ပိုင်းတွေမှန်မှန်လေးတင်ပေးပာမယ်
အားပေးကြပာဦးနော်😘
#yoon❤️ ကုန့်လျှက် ဘာတွေဖြစ်နေလို့လဲ
"ဝမ်တိုင်းပြည်ကအမတ်တွေ အိမ်တော်ကသခင်လေးတွေ ဌေးသူကြွယ်တွေတင်မက တခြားတိုင်းပြည်ကမင်းမျိုးမင်းနွယ်တွေအထိ သခင်မလေးနဲ့လက်ဆက်ခွင့်ရဖို့တောင်းဆိုလွှာတွေထောင်နဲ့ချီပြီးရောက်နေတယ်"

ရှင်းဖေး (Dropped)Where stories live. Discover now