Part-16

4.1K 451 19
                                    

ဘုရင့်နန်းဆောင်သို့ရောက်သည်နှင့် မိဘုရားခေါင်ကြီးနှင့် ဘုရင်ကြီးတို့ကပျော်ရွှင်စွာ စကားလက်ဆုံကြနေသည်ကိုမြင်သောအခါ မိဘုရားလျံကဒောသဖြစ်လျှက် မယ်တော်ကြီးနှင့် သူ့သမီးနှစ်ယောက်ကိုအချက်ပြကာ ရှင်းဖေးကိုချောက်ချမည့်အကြံကို အကောင်အထည်ဖော်ရန်စတင်တော့သည်
မယ်တော်ကြီးကရှေ့ဆုံးက ဒောနှင့်မောနှင့်ဝင်ကာ ဘုရင့်ကိုပြောလိုက်သည်

"သားတော် မယ်တော် ပြောစရာရှိတာ် သားတော်ရဲ့ အငယ်ဆုံးသမီးက သူ့အမနှစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ် ဒီကိစ္စကခွင့်လွှတ်လို့မရဘူး ဒီလိုပြောရတာလဲ ရှင်းဖေးကိုချစ်လို့ သူ့ကို ဒီထက်ပိုပြီး လိမ္မာစေချင်လို့ဆိုတာ သားတော် နားလည်မယ်လို့မယ်တော်ယုံတယ်"ဟုအဆက်မပျက်ပြောကာ မိဘုရားလျံနှင့် သူ့သမီးနှစ်ယောက်ရဲ့အခြေအနေကိုလှမ်းကြည့်လိုက်မိရာ သူမပင်အံ့အားသင့်သွားသည်

မိဘုရားလျံမှာ အားနည်း၍အနိုင်ကျင့်ခံရသောပုံစံဖြင့်မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနှင့် ရှိကာ သူ့သမီးနှစ်ယောက်မှာလဲ ကြောက်ရွံ့နာကျင်နေပုံပေါက်နေသည်မှာ မယ်တော်ကြီးပင်ပစစ်ဟုထင်သွားသည်အထိပင် ထို့ကြောင့်သူမက ရှင်းဖေးကို သေမင်းတွင်းနက် ကိုပို့ရန်အကြံကိုစွန့်လွှတ်ပြီးသေဒဏ်ပေးဖို့တိုပ်ရိုက်တောင်းဆိုရန်စဉ်းစားလိုက်ကာချာင်းတစ်ချက်ဟန့်ကာ ဆက်ပြောလေသည်

"သားတော် ဒီတစ်ခါတော့ရှင်းဖေးကိုသေဒဏ်ပေးဖို့တောင်းဆိုခြင်တယ် သူမကအခုအရွယ်မှာတောင် သူ့အမတွေက်ုဒဏ်ရာရစေတာ နောက်ဆိုအဖေနဲ့အမေကိုပြန်သတ်ဖို့ဆိုတာလဲ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး"

ထိုစဉ်မိဘုရားခေါင်ကြီးကသည်းမခံနိုင်တော့ဟန်နှင့်
"မယ်တော် ဖေးအော်က ဒုတိယမင်းသမီးနဲ့စတုတ္ထမင်းသမီးကိုဒဏ်ရာရစေတယ်ဆိုရင်တောင် သူမက ဘုရင်နဲ့မိဘုရားခေါင်ကြီးရဲ့သမီးဖြစ်တဲ့အတွက်မဆင့်အတန်းအလွန်မြင့်တယ် ပြီးတော့ တော်ဝင်မျိုးနွယ်စစ်ရင် တိုင်းပြည်သစ္စာဖောက်တဲ့အပြစ်နဲ့ဘုရင်နဲ့မိဘုရားခေါင်ကြီးကိုသတ်တဲ့အပြစ်ကလွဲရင်ရိုးရိုးမိဘုရားကိုသတ်ရင်တောင် နယ်နှင်ဒဏ်လောက်ပဲအပေးခံရတာကိုမယ်တော်ကြီးသိမယ်လို့ယုံပါတယ် ပြီးတော့အခုကိစ္စမှာ ကလေးတွေ အချင်းချင်းလက်လွန်တာကို လူကြီးတွေဝင်မပါသင့်ဘူးလို့ထင်တယ် ဘယ်လိုပဲဖြစ်ဖြစ် ရှင်းဖေးကအဆင့်အတန်းမြင့်တဲ့အတွက် ဒုတိယမင်းသမီးနဲ့ စတုတ္ထမင်းသမီးသေသွားတောင်သေဒဏ်ပေးလို့မရပါဘူး အခုလောလောဆယ် ကျွန်မနဲ့ ဘုရင်ကြီးနဲ့အရေးကြီးဆွေးနွေးစရာရှိလို့ အပြင်ထွက်သွားပေးဖို့တောင်းဆ်ုပါတယ်"

ရှင်းဖေး (Dropped)Where stories live. Discover now