Part-17

3.2K 340 5
                                    

မိဘုရားလျံနှင့်မယ်တော်ကြီးတို့ထွက်သွား၍နာရီအနည်းငယ်အချိန်အတွင်းတွင်ပင် ဘုရင်ကြီးသည် ချင်နိုင်ငံသို့သွားကာ မဟာမိတ်ပြိုင်ပွဲအတွက်အခြားဘုရင်များနှင့်ဆွေးနွေးရန်ဟု၍ နန်းတော်မှထွက်သွားလေသည် မိဘုရားခေါင်ကြီးကလည်း ဘုရင်ကြီးကို ဝမ်နိုင်ငံနယ်စပ်အထိလိုက်ပို့ရလေသည်

ထိုသတင်းကိုကြားသောအခါ မယ်တော်ကြီးက မိဘုရားလျှံကိုဆင့်ခေါ်ကာ
"ငါတို့ကိုတော့ ကောင်းကင်ကကူညီနေပြီ ဒာကရှင်းဖေးကိုရှင်းပြစ်ဖို့အကောင်းဆုံးအချိန်ပဲ ဒီညပဲစီစဉ်စရာရှိတာအားလုံးပြီးအောင်လုပ်ထားပါ"ဟုဆိလိုက်လေသည်
မိဘုရားလျှံကလည်း ကောက်ကျစ်စွာပြုံး၍ သူမနန်းဆောင်သို့ပြန်သွားလေသည်

ထိုနေ့ညတွင်ပင် ဝမ်ဟေးဖုန်းတို့ညီအမနှစ်ယောက်သည် နန်းဆောင်ထဲတွင်ရှင်းဖေးအကြောင်းဆွေးနွေးနေကြသည်
   "အမတော် ဒီရှင်းဖေးကအရမ်းပြောင်းလဲလာတယ် အရင်တုန်းကလိုဒောသကြီးပြီး ဉာဏ်နဲတဲ့ကောင်မလေးမဟုတ်တော့ဘူး သူမကိုသေဒဏ်ပေးအောင် ဘယ်လိုချောက်ချရင်ကောင်းမလဲ"

ဝမ်ဟေးဖုန်းလဲသက်ပြင်းချကာ
"ငါလဲဒီကိစ္စကိုစဉ်းစားနေတာ အမေနဲ့ မယ်တော်ကြီးက ရှင်းဖေးမသေရင် ငါတို့နှစ်ယောက်ကို အသက်ပေးရှင်မှာမဟုတ်ဘူး "

သုမတို့နှစ်ယောက်စကားပြော၍ မဆုံးခင်ပင် အခန်းထောင့်မှ အမည်းရောင်အရိပ်တစ်ခုထွက်လာပြီး ဝမ်လျှိုချင်းကိုသက်လိုက် သည်  ထိုအရာကိုမြင်သော ဝမ်ဟေးဖုန်းက ကြောက်ခန့်တုန်လှုပ်စွာဖြင့်

  "နင်ဘယ်သူလဲ ဘယ်သူကလွှတ်လိုက်တာလဲ ငါဘယ်သူလဲဆိုတာကို သိလား ငါကဝမ်နိုင်ငံရဲ့ဒုတိယမြောက်မင်းသမီးပဲ ငါ့ကိုသက်ရင်နင်တို့ ဆွေဆင်မျိုးဆက်ခေါင်းဖြတ်ခံရမယ်ဆိုတာမသိဘူးလား" ဟုတုန်တုန်လှုပ်လှုပ်နှင့် အော်ဟစ်လေသည်

ထို့နောက်သူမကဆက်၍
"နင့်ကိုဘယ်သူလွှတ်လိုက်တာလဲ ရှင်းဖေးလား ဟာ မဖြစ်နိုင်ပါဘူး သူမမှာလူတွေကိုခိုင်းစေဖို့အာဏာမှမရှိဘဲ နင့်ကိုရှင်းဖေးကပိုက်ဆံပေးပြီးခိုင်းလိုက်တာလားး ငါနင့်ကို ၂ဆ မဟုတ်ဘူး ၁၀ဆပေးပါ့မယ် ငါ့ကိုမသက်ပါနဲ့ အသက်ချမ်းသာပေးပါ" ဟုအော်ဟစ်ငိုယိုလေသည်

ရှင်းဖေး (Dropped)Where stories live. Discover now