part-1:နိုးထခြင်း

6.9K 690 7
                                    

သူမလေးလံစွာဖြင့်မျက်လုံးတွေကိုဖွင့်လိုက်သည ထူးဆန်းစွာနဲ့ပဲ အဆိပ်ကြောင့်နာကျင်မှုတွေမခံစားရဘူး ကျောအောက်ကရင်းနီးနေတဲ့နူးညံမှုကလေးကိုခံစားနေရတယ်
"ငါဘယ်ရောက်နေတာလဲ?"
ထိုစဉ်အစေခံမလေးတစ်ယောက်ရောက်လာတယ်
"မင်းသမီးလေးနိုးလာပြီလား?"
သူမထိတ်လန့်သွားတယ် သူမလက်လေးတွေကဖြူဖွေးနူးညံ့နေတယ်
"ငါ၁၄နှစ်အရွယ်ပြန်ရောက်သွားတာပဲ"
နောက်ဆုံးတော့ကံတရားကသူမကိုမျက်နှာသာပေးခ
ဲ့ပြီ သူမကိုယ့်ကိုယ်ကိုကြည့်ရင်းနှစ်ပေါင်းများစွာစစ်မြေပြင်မှာနေလာသောကြောင့်ထိတ်လန့်မှုတစ်စုံတစ်ရာမရှိချေ သူမ၏ထက်မြတ်သောဥာဏ်ဖြင့် ပြန်လည်မွေးဖွားချင်းဖြစ်သည်ဟုသာကောက်ချက်ချမိသည် ဒီတစ်ခါတော့ထိုသူ့ကိုလက်စားချေရမယ် သူမတစ်ဘဝလုံးကိုအမည်းစက်တွင်စေတဲ့ဒီရုပ်ဆိုးဆိုးမျက်နှာဖုံးကိုချွတ်ပြစ်ရမယ
သူမဘေးကအစေခံလေးကိုသေချာကြည့်လိုက်တယ် သြော် ထို့သူရဲ့အတ္တတွေကြားမှါသူမကိုသစ္စာရှိရက်နဲ့မြေစာပင်အဖြစ်သွေါးရတဲ့ကောင်မလေးပဲ သူ့နာမည်ဘာပါလိမ့် သြော် "လင်းယွီ" သူမဒီတစ်ခါမှာတော့သူမကိုကောင်းကောင်းဆက်ဆံဖို့ဆုံးဖြတ်လိုက်တယ်
ကြားရသူအပေါင်းကိုစိတ်ယိုင်သွားလောက်အောင်နုးညံစာသူမခေါ်လိုက်တယ် "လင်းယွီရေ"
လင်းယွီအလွန်ထိတ်လန့်ပြဎးသေချင်စိတ်ပါပေါက်သွားတယ် မင်းသမီးလေးဘာဖြစ်လို့ပါလိမ့် "အမိန့်ရှိပါ မင်းသမီးလေး" လင်းယွီရဲ့မျက်လုံးထဲမှထိတ်လန့်မှုတွေကိုမြင်လိုက်ရတယ် ဘာကြောင့်များပါလိမ့် သူမရုတ်တရက် သူမရဲ့ငယ်ဘဝကိုသတိရသွားတယ် သူမဂုဏ်ယူရတဲ့ မျက်နှာလှလှလေးကိုရုပ်ဆိုးဆိုးမျက်နှာဖုံးတပ်ခိုင်းခဲ့တဲ့ သူမခမည်းတော်နဲ့မယ်တော်ကိုစိတ်နာခဲ့တယ် ဒါကြောင့်သူမအရမ်းဆိုးသွမ်းခဲ့တယ် ခမည်းတော်နဲ့မယ်တော်ကလည်းအပြစ်ရှိသလိုခံစားရတာကြောင့် သူမကိုအလိုလိုက်ခဲ့တယ် အသက်တစ်ချောင်းဆုံးရှံးသွားရင်တောင်သူမကိုအပြစ်မပေးခဲ့ဘူး ဒါ့ကြောင့်သူမပိုဆိုးရွားလာတယ် အသက်တွေကသူမအတွက်တန်ဖိုးမဲ့လာတယ် ငယ်ဘဝမှာ သူမအတွက်သူငယ်ချင်းဆိုလို့အမတ်ချုပ်ကြီးသမီးယွဲ့အော်ပဲရှိခဲ့တယ် သူမရဲ့မျက်နှာဖုံးကြီးကိုမကြောက်မရွံနဲ့စကားပြောခဲ့သူလို့ထင်ခဲ့ပင်မဲ့သူမမျက်လုံးထဲကလှောင်ပြောင်မှုတွေကိုမမြင်နိုင်ခဲ့ဖူး သူမကိုယွဲ့အော်ကယွဲ့အော်နဲ့မတည့်တဲ့သူတွေက်ုသတ်ပစ်ခိုင်းတယ် တန်ဖိုးမရှိတဲ့အသက်အတွက်နဲ့ယွဲ့အော်ကိုအတိုက်အခံမလုပ်ခဲ့ဘူး ယွဲ့အော်ကသူမနဲ့အချိန်တိုင်းရှိခဲ့တယ် သူမကိုအသုံးချနေမှန်းလဲမသိခဲ့ဘူး သူမကလူတွေကိုမဆင်မခြင်သတ်တယ် အရမ်းဆိုးတယ် ရုပ်ဆိုးတယ် မိုက်မဲတယ် ကံဆိုးတယ် ဆိုကြီးပြည်သူတွေကြားမှာအပစ်ပြောနေချိန်ယွဲ့အော်ကတော့ကံဆိုးတဲ့မင်းသမီးလေးကိုအဖော်ပြုပေးတယ်ဆိုပြီးကျော်ကြားလာတယ် ယွဲ့အော်နဲ့သူမနဲ့ရှိနေလေ ယွဲ့အော်ရဲ့အလှတွေကသူမရဲ့ဆိုးရွားတဲ့မျက်နှာဖုံးကြောင့်တောက်ပလာတာကိုမရိပ်မိခဲ့ဘူး ယွဲ့အော်ကအခန်းနားပွဲတိုင်းသူမကိုရွှေဆွဲကြိုးကြီးတွေ ရွှေလက်ကောက်ကြီးတွေ ကြက်ဥလောက်ရှိတဲ့ ဆံထိုး၂ခု၃ခုကိုဝတ်ဆင်ခိုင်းလေ့ရှိတယ် အကျီင်္ဆိုရင်လည်း မျက်စိကျိန်းအောင်တောက်ပတဲ့အကျီင်္လက်ရှည်တွေနဲ့သူမရဲ့လှပတဲ့အသားအရည်ကိုဖုံးကွယ်ပြီး တောသူမလိုဖြစ်အောင်ချောက်ချတယ် အတိတ်ကအကြောင်းတွေ တွေးမိတိုင်းသူမနာကျင်လာတယ် ထိုစဉ်လင်းယွီကတိတ်ဆိတ်နေတဲ့သူမကိုကြည့်ပြီး ခေါ်လိုက်တယ်
"မင်းသမီးလေး"
"ဟင် ပြောလေ"
"မင်းသမီးလေးပွဲတော်အတွက်ပြင်ဆင်ရမဲ့အချိန်ရောက်ပါပြီ"
"ပွဲတော်? ဘာပွဲတော်လဲ"
လင်းယွီစိုးရိမ်သွားသည်မင်းသမီးလေးနေမကောင်းဖြစ်နေတာများလား
"မင်းသမီးလေးရဲ့၁၄နှစ်ပြည့်မွေးနေ့ပွဲပါ"
သူမအတိတ်ကအကြောင်းအရာအချို့ကိုမှတ်မိသွားသည
သူမဧ။်၁၄နှစ်ပြည့်မွေးနေ့ပွဲသည် သူမဘဝတွင်ရှက်စရာအလွန်ကောင်းခဲ့သည်
သူမခမည်းတော်ကသူမအရွယ်ရောက်လာသဖြင့်အမတ်ကြိးများရဲ့တိသားသမီးများနှင့်ကိုယ်လုပ်တော်ဧ။်သားသမီးတို့ကိုပါဖိတ်ခဲ့အဖြင့်အတော်လူစုံခဲ့သည်
သို့သော်သူမသည်ပွဲတော်တွင်းသို့ဝင်ရောက်နေစဉ်ပင် လမ်းအလယ်တွင်ခှုံင့်တိုက်ကာချော်လဲခဲ့သည် ထိုသတင်းကပြည်သူလူထုကြားတွင်ဟိုးလေးတကျော်ကျော်ဖြစ်ကာ တော်ဝင်မိသားစုအရှက်ရခဲ့ရတယ် ဒီဘဝတော့သူမထိုအဖြစ်ကိုပြောင်းပြန်လှန်ပြစ်မည်သာဖြစ်သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Stars&Fbလေးတွေပေးကြပါနော်
ကျောင်းတစ်ဖက်နဲ့မို့အပိုင်းလေးတွေတိုပြီး စာလုံးပေါင်းမစစ်မိတာsorryနော် မကြိုက်တာလေးတွေရှိရင်ဖြစ်ဖြစ် ideaလေးတွေဖြစ်ဖြစ်အကြံပြုလို့ရပါတယ်နော်
#ချစ်တဲ့yoon😘

ရှင်းဖေး (Dropped)Where stories live. Discover now