Part -9

4.6K 486 9
                                    

ဘုရင်ကြီးမှာ စိတ်တိုလွန်း၍မူးလဲမလိုပင်ဖြစ်သွားသည် အစကဒဏ်ရာရနိုင်သည်ဟုပြောလိုက်သည်နှင့်ရှင်းဖေးလန့်သွားမည်ဟုထင်ထားသည် ရှင်းဖေးအသားနာမှာကြောက်သည်ကို သူအသိဆုံးမို့လား အရင်ကလဲ ထိမ်းမရရင်ဒဏ်ရာရမည်ဟုဆိုကာထိမ်းချုပ်နေကြဖြစ်သည် သို့သော်ဒီတစ်ခါတွင်ရှင်းဖေးဆုံးဖြတ်ချက်အလွန်ခိုင်မာနေရာဘုရင်ကြီးအကြပ်ရိုက်သွားသည် သို့သော် မကြာမှီပင်အကြံရသွားကာ

"ဖေးအော် မင်ကဒီလောက်ထိဆုံးဖြတ်ချက်ခိုင်မာနေမှတော့ ခမည်းတော်မတားတော့ပါဘူး။ဒာပေမဲ့ သမီးနဲ့အပေးအယူတစ်ခုလုပ်ရမယ် သမီးလက်ခံနိုင်လား"
ရှင်းဖေးလဲမကြောက်မရွံ့ပင်
"ခမည်းတေည်ဘယ်လ်ုအပေးအယူလုပ်ချင်တာလဲပြောပါ"
"သမီးတော် မဟာမိတ်သိုင်းပြိုင်ပွဲကနောက်ခြောက်လနေရင်စတော့မယ် ပြိုင်ပွဲကအသက်၂၅အောက်လူတိုင်းယှဉ်ပြိုင်ခွင့်ရှိတယ် ဒာကြောင့်အဆင့်မြင့်တဲ့သူတွေပါဝင်လိမ့်မယ်။တက်ာလို့သမီးတော်ပြိုင်မယ်လို့ဆုံးဖြတ်ထားရင်ပြိုင်ပွဲမတိုင်မှီ အဆင့်၎အခြေခံအဆင့်ကိုရောက်ရင်ပြိုင်ပွဲဝင်ဖို့ခွင့်ပြုပေးမယ်"

ဘုရင်ကြီးမှပြောပြီးပြီချင်းစိတ်သက်သာသွားသည် မွေးကတည်းကသိုင်းကျင့်လျှင်ပင်ပါရမီရှင်များသာ အသက်၁၄နှင့် သိုင်းအဆင့်၃အဆင့်မြင့်သို့သာရောက်နိုင်သည် ရှင်းဖေးသည် မွေးကတည်းကသိုင်းမကျင့်ဖူးသည့်အပြင်၆လအတွင်းသိုင်းဆင့်၎ရောက်ဖို့မပြောနှင့် သိုင်းအဆငိ့၂ရောက်ရန်ပင်မဖြစ်နိင်ချေ
     ရှင်းဖေးမှာဘုရင်ကြီးပြောတာကြားပြီးပြီးချင်း ရီချင်သွားသည် ကမ္ဘာပေါ်တွင် သိုင်းအဆင့်များကို အဆင့်၁ မှစ၍အဆင့်၁၀ထိခွဲခြားထားသည် အဆင့်၁ဝပြီးလျှင် မြေကြီးအဆင့် ကောင်းကင်အဆင့်နှင့် နတ်ဘုရားအဆင့်ဟူ၍ရှိသည် ထို သိုင်းအဆင့်တစ်ခုစီကို အခြေခံအဆင့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ဟူ၍ထက်မံ့ခွဲခြားထားသည် သာမာန်လူများမှာဘဝတစ်ခုလုံးကျင့်လျှင်ပင် အဆင့်၅မှအဆင့်၆သို့မကူးနိုင်ကြပေ ထို့အပြင်အဆင့်တစ်ခုတက်ရန်လည်းဆယ်စုနှစ်တစ်ခုလောက်ပင်ကြာကြသည် ပါရမီရှင်များမှာတော့ အဆင့်တစ်ခုတင်ရန်၃နှစ်မှ၅နှစ်အထိကြာပြီးအဆင့်မြင့်လာသည်နှင့်အမျှ အဆင့်တက်ရန်ခက်ခဲလှသည် ထို့ကြောင့်သာမန်လူများအဖို့၆လဆိုသည်မှာအဆင့်တစ်ခုတက်ရန်ပင်မဖြစ်နိုင်ပေ အဆင့်၎ထိရောက်ရန်ဆိုသည်မှာအိမ်မက် မက်ရန်ပင်ခက်ခဲလှသည် သို့သော်ရှင်းဖေးအတွက်တော့ အဆင့်၎ဆင့်တက်ရန်မှာထမင်းစားရေသောက်လောက်ပင်ရှိ၍ ၆လပင်မလိုကာ လှောင်ပြုံးပြုံး၍ပြန်ဖြေလိုက်သည်
       "ခမည်းတော်ရဲ့ ထောက်ခံပေးမှုကိုကျေးဇူးတင်ပါတယ် ဒာဆိုဖေးအော်ခုပဲပြန်ပြီးသိုင်းကျင့်ပါတော့မယ်"ဟုဆ်ုကာလှည့်ထွက်လာခဲ့သည်
ဘုရင်ကြီးမှာထိုသို့ပြောလာမည်ဟုထင်မထားကာ ကြောင်နေမိသည် ပြီးတော့မှသက်ပြင်းဖွဖွချကာ
"ဖေးအော် သိုင်းလောကဆ်ုတာ အပြိုင်အဆိုင်များပြီး အချိန်မရွေးအသက်ဆုံးရှုံးနိုင်တယ် ခမည်းတော်ကမင်းကောင်းဖို့အတွက်ပါ"ဟုတိုးတိုးဆိုကာ အိပ်ဆောင်သို့ပြန်သွားလေသည်
***************************
#yoon❤️
သိုင်းအဆင့်တွေအကြောင်းမရှင်းတာမရှိရင်အားမနာပဲမေးပါနော် နားမလည်ပဲဆက်ဖတ်ရင်နောက်ပိုင်းတွေလည်ကုန်မှာစိုးလို့

ရှင်းဖေး (Dropped)Where stories live. Discover now