Part-10

4.4K 457 8
                                    

ရှင်းဖေးမှာအခန်းသ်ို့ရောက်ရောက်ချင်း လင်းယွီနှင့်အခြား အစေခံများကိုနှင်ထုတ်လိုက်ပြီး အရင်ဘဝအကြောင်းကိုစဉ်းစားမိသည်
သူမသည်အရင်ဘဝကမျက်နှာဖုံးတပ်ရသောကြောင့်လူအများကရုပ်ဆိုးသည်ဟုသိကြသော်လည်း သူမ၏သိုင်းပညာပါရမီမှာအရှေ့ကုန်းမြေအထိပင်ကျော်ကြားခဲ့သည် သူမသည် ကောင်းကင်အလယ်အလတ်အဆင့်သိုင်းပညာရှင်ဖြစ်သည့်အပြင် သူမချစ်သောသူအတွက်စစ်တိုက်ကာမဟာမိတ်၅နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့သည် တကယ်တော့ကောင်းကင်အလယ်အလတ်သိုင်းပညာရှင်ဆိုသည်မှာ ဘုရင်ကိုပင်ဖြုတ်ချကာဘုရင်မလုပ်နိုင်ရန်အတွက် လိုအပ်သည်ထက်ပင်ပိုသေးသည် သို့သော်သူမက သူ့အပေါ်အကောက်ကြံလိုခြင်းမရှိ သူလဲသူမကိုလွမ်း၍တွေ့ချင်နေပြီအထင်နှင့် တိုက်ပွဲအနိုင်ရရခြင်း ဒဏ်ရာများပင်မကုပဲ သူ့ဆီအပြေးသွားတွေ့သော်လည်း သူကတော့အဆိတ်ခတ် အကောက်ကြံကာ အအေးခန်းထဲတွင်ပိတ်ထားခဲ့သည် ထိုမျှမကသေး ကောင်းကင်အဆင့်အစွမ်းနှင့် ဒဏ်ရာများကိုမကုနိုင်ရန် နေ့စဉ်ကျွေးသောအစာများထဲတွင် အဆိတ်ခတ်ကာ သူမကို၇နှစ်လုံးလုံး သေလုမတတ်နာကျင်အောင်လုပ်ခဲ့သည့် သွေးကြွေးကို ထိုသူဒီဘဝတွင် အဆပေါင်းများစွာပြန်ပေးဆပ်ရတော့မည်ဖြစ်သည်
သို့သော်ယခုသူမတွင်ထိုသို့လုပ်နိုင်ရန်လုံလောက်သောအစွမ်းမရှိသေးသောကြောင့် သွေးကြွေးကိုခဏမေ့ထားကာ စွမ်းအင်ကျင့်စဉ်ကိုဂရုစိုက်ရန်လိုသည် ထို့ကြောင့်သူမသည် အရင်ဘဝကရရှိခဲ့သောစွမ်းအင်ကျင့်စဉ်များအကြောင်းစဉ်းစားနေကာ စဉ်းစားနေရင်းရင်းစိတ်ဓာတ်များပင်ကျလာသည် သူမသည်အရင်ဘဝကကောင်းကင်အဆင့်ဖြစ်၍ သူမကျင့်သောအစွမ်းထက်သည့်သိုင်းကျင့်စဉ်များမှာ အနိမ့်ဆုံး သိုင်းအဆင့်၉လောက်မှစကျင့်လို့ရမည်ဖြစ်သည် အခြားကျင့်စဉ်များမှာသိုင်းအဆင့်၁မှစကျင့်လို့ရသော်လည်း အတွင်းအားသန့်စင်မှုမရှိဘဲ နောက်ပိုင်းတွင်အဆင့်တက်ရန်ခက်ခဲလာမည်ဖြစ်သည် ထို့ကြောင့်စိတ်ညစ်ကာစဉ်းစားနေရင်းရုတ်တရက်သူမချင်နိုင်ငံကိုသိမ်းပိုက်စဉ်  ချင်ဘိုးဘေးတ်ု့၏သချိုင်းမြေကိုမြေလှန်ရာမှရခဲ့သော သိုင်းကျင့်စဉ်အကြောင်းကိုစဉ်းစားမိသည် ထိုသိုင်းကျင့်စဉ်သည် အလွန်ရှေးကျပြီး အစွမ်းထက်မည့်ပုံပေါက်သော်လည်းထိုကျင့်စဉ်ကို သိုင်းအဆင့်၃အောက်မှစကျင့်ရမည်ဖြစ်သည် ထိုကျင့်စဉ်ကိုတွေ့စဉ်ကရှင်းဖေးမှာ ကမ္ဘာမြေကြီးအဆင့်ရောက်နေသောကြောင့် နှမျောသောလည်း ကျင့်လို့မရခဲ့ချေ သို့သော် သူမ၏မျိုးဆက်များသိုင်းအတွက် ထိုကျင့်စဉ်ကို အခေါက်ခေါက်အခါခါမှတ်သားထားခဲ့ရာ ယခုထိုကျင့်စဉ်ကို ပြတ်ပြတ်သားသား မှတ်မိနေပြီဖြစ်သည်
~~~~~~~~~~~~~~~~~~~~~~
ကျင့်စဉ်တွေသိုင်းအဆင့်တွေ ရှုပ်နေရင်မေးကြပါနော် နောက်ပိုင်းပိုရှုပ်လာတော့မှာ😬😂
စောင့်နေတဲ့သူတွေလဲကျေးဇူးပါနော်❤️🥰
အားလုံးကိုချစ်တယ်❤️❤️

ရှင်းဖေး (Dropped)Where stories live. Discover now