5🐣🐣🐣🐣🐣

4K 290 63
                                    

ချန်းယောလ် ဆီ ပုံမှန်အတိုင်း message လေး ဝင်လာခဲ့ပီးနောက်မှာ...

ချန်ယောလ် ရေချိုးကာ အင်္ကျီ ရွေးရန် မိမိ ဘီရို အတွင်း ကြည့်မိတော့

ချန်းယောလ် ဘယ်တုန်းက အဲ့လောက် တောင် အဝတ်အစားတွေ နည်းကုန်ရတာလဲ ...!!!

ဘယ်တုန်းက ဝတ်စရာတွေက ဒီလောက် ရှားပါသွားရတာလဲ!!!

တကယ် စိတ်ရှုပ်လိုက်တာ... 😖

အင်္ကျီ ရွေးနေရင်း အချိန်က နာရီဝက် ကျော်လာသည်...။

ချန်းယောလ် အိပ်ယာပေါ်မှာလဲ အဝတ်အစားပုံကြီးက တောင်ကြီးလို...

ဘာကို မှ စိတ်တိုင်း မကျ😣

နောက်ဆုံးတော့ shirt အနက်လေးပေါ်မှာ ဂျင်း ထပ်ဝတ်လို့ ဂျင်းဘောင်းဘီ ဒူး အပြဲနဲ့သာ တွဲ ဝတ်လိုက်သည်။

ဆံပင်ကိုလဲ ပုံမှန်လို အပေါ်သပ်မတင်ပဲ ရှေ့မှာ ချထားလိုက်သည်။

လူငယ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းသည်ဟု ကိုယ့်ဘာသာ မှတ်ချက်ပေးလိုက်သည်😌

စိတ်တိုင်းမကျလို့လဲ မရတော့ဘူးမလား 😒

ဟိုကောင်လေးက ရောက်လာတော့မှာ😪

ကောင်းလေးတော့ ငါ့ကို ပိုကြွေတော့မှာပဲ😌

ဆယ်ဟွန်း ကိုကြီးတို့ အိမ်ရှေ့ရောက်တော့ ကိုကြီး ကို phလှမ်းဆက်ကာ

"ကိုကြီး ဟွန်းရောက်နေပီ ထွက်ခဲ့တော့"

"အေး အိမ်ထဲ ဝင်ခဲ့ မင်းစက်ဘီး ထားရဦးမှာမလား"

"ဟီး ဟုတ်သားပဲ "

ဆယ်ဟွန်း ခြံစောင့် ဦးလေးကြီးကို တံခါးဖွင့်ပေးခိုင်းကာ ခြံအတွက်း ဝင်ခဲ့လိုက်သည်။

ခြံစောင့်ဦးလေးကြီးနဲ့ကလဲ ဟွန်းနဲ့ အတော် အတန် ရင်နှီးပီးသားမို့ အလွယ် တကူပဲ တံခါးဖွင့်ပေးခဲ့သည်။

ကိုကြီး ကို မနက်တိုင်း လာစောင့်ရင်း စကားပြောဖြစ်ကြ၍ ရင်နှီးနေခဲ့ခြင်း...။

ဆယ်ဟွန်း စက်ဘီးလေးကို အိမ်ဝန်းရှေ့မှာ ရပ်နေတုန်း ကိုကြီး အိမ်ပေါ်မှ ဆင်းလာသည်။

Stalker 🐤🐣(Complete) Where stories live. Discover now