Honeymoon

3.2K 192 6
                                    

"ဝါး...ပျော်စရာကြီး.."

ချန်းယောလ်တို့ သွားတာက အဝေးကြီးတော့ မဟုတ်... ။

ဟာဝိုင်အီလောက်တင်ပါ...😇

ခု ပင်လယ်ဘက်ကို အချစ်စိတ်တိုင်းကျ ချန်းယောလ်ရဲ့ မားစီးတီး ကားကြီးနဲ့ လိုက်မောင်းနေခြင်းပင်..။

အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ချော့တာပေါ့ဗျာ...

မင်္ဂလာဦးညက ချန်းယောလ် အရမ်းကြမ်းမိသွားလို့ အချစ်က ခုထိ နည်းနည်း စိတ်ဆိုးနေသေးတယ်တဲ့..။

မနက်နိုးနိုးချင်း ချန်းယောလ်ဆံပင်တွေလဲဆောင့်ဆွဲတာပဲ နာလွန်းလို့ဆိုပီး...။

လေယာဉ် ပေါ်မှာလဲ ချန်းယောလ်ကို စကားအကောင်းမပြော..

အချစ်မှာ လေယာဉ် ပေါ်မှာ ကောင်းကောင်းထိုင်မရဖြစ်နေရှာတာ

ချန်းယောလ်ကလဲ ချန်းယောလ်ပင် အသေကြမ်းမိထားတာကို🙃

ဒါတောင် အရှိန်လျှော့လိုက်တယ်ဆိုတာ အချစ်သိရင် ချန်းယောလ်ကို သတ်လောက်မယ်ထင်..။

ချန်းယောလ်ပေါင်ပေါ်လာထိုင်ပါလားဆိုပီး မေးမိတော့ ချန်းယောလ် ဗိုက်ကြော လိမ်ဆွဲခံရသည်...။

အချစ်ကလေ အရင်ကထက်ပိုပီး ချန်းယောလ်ကို ပိုနိုင်လာတယ်။
ချန်းယောလ်ကသာ ချစ်လွန်းတော့ သည်းခံနေရတာ🙂

အချစ်ကိုနော် အချစ်လွန်းပီး အရိုးပါမကျန် စာပစ်ချင်တယ်😇

ထိုအတွေးသာ ဆယ်ဟွန်း သိမည်ဆိုပါက...

ချန်းယောလ် ဘဝ မတွေးရဲစရာပင်...

လေယာဉ်ဆင်းတော့လဲ အချစ်က ကွတကွတနဲ့ လမ်းလျှောက်နေရတာ သနားစရာ...။

Hotel ရောက်တဲ့ထိ စကားမပြောတာမို့ စိတ်ဆိုးပြေအောင် ကားလိုက်မောင်းပေးနေခြင်းပင်...။

ကားမောင်းမယ် ပြောတုန်းက နည်းနည်းလေးတောင် မျက်နာက ပြုံးမလာပဲ ခပ်တည်တည်ပဲ ကားနောက်က လိုက်လာခြင်းပင်...။

ဒီ Hotelက ချန်းယောလ်တို့ ဖေဖေပိုင်ဆိုင်မှုထဲက တစ်ခုမို့ ချန်းယောလ်ကားကို ဖေဖေလူယုံတစ်ယောက်ကို မောင်းခိုင်းလာခြင်းပင်...။

Stalker 🐤🐣(Complete) Where stories live. Discover now