Extra

3.3K 186 22
                                    

ခု ချန်းယောလ်တို့ နှစ်ယောက်က ချန်းယောလ်ဖေဖေ လက်ဖွဲ့ထားတဲ့ အိမ်ကြီးမှာပဲ ပြောင်းလာလိုက်သည်..။

မင်္ဂလာ ကိစ္စပီးလို့ ပင်ပန်းနေပေမဲ့ ကိုကြီး သူငယ်ချင်းတွေက ကိုကြီးကို လာခေါ်နေတာမို့ စောစောပြန်လာဖို့ မှာနေရသည်..။

"ကိုကြီး မနက်ဖြန် ဟန်းနီးမွန်းသွားမှာ မလို့စောစောပြန်လာနော်...

မသောက်ခဲ့နဲ့ ကြားလား"

"ဟုတ်ကဲ့ ခင်ဗျ ကိုယ့်ယောင်္ကျားရဲ့ အမိန်တော် အတိုင်းပါဗျာ..."

အမိန့်စကားမဟုတ်တဲ့ အချစ်ရဲ့ အမှားစကားလေးတွေကို သေချာဂရုတစိုက်နားထောင်းပီး ခေါင်းလေးငြိမ့်ပြကာ သေချာကတိပေးလို့...

ချန်းယောလ် အကြာကြီး ပစ်မှားနေတဲ့ နှုတ်ခမ်းလေးကို အနမ်းတွေ ပေးချင်နေပီ...

ချန်းယောလ်ကို အမှာစကားခြွေနေတဲ့ ဒီနှုတ်ခမ်းပိစိလေးရဲ့ အရသာကို သုံးဆောင်ချင်နေပီ...

နောက်ဆုံး အမှာစကားကို သေချာနာထောင်မယ်လို့ ခေါင်းငြိမ့်ကတိပေးပီးတဲ့နောက်...

သူစားသုံးချင်နေတဲ့ နှုတ်ခမ်းလေးကို ဖွဖွလေး အနမ်းပေးလိုက်သည်။

နူးညံအိစက်နေတဲ့ ဒီအထိအတွေ့လေးက ချန်းယောလ်ကို ရူးခါနေအောင် ပြုစားနေပြန်သည်..

ဘယ်တော့မှ မရိုးနိုင်တဲ့ အထိတွေ့လေးဆိုတာချန်းယောလ်ရဲ့ အချစ်ရော သိသည်...။

အချစ်က လွှတ်ဖို့ အချက်ပြလာတာမို့ စုတ်နမ်းနေတဲ့ နှုတ်ခမ်းလေးကို မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးလိုက်တော့...

"ကိုကြီး သူငယ်ချင်းတွေ စောင့်နေတော့မယ်လေ...
အချိန်ကြာနေပီ ..."

အချစ်သတိပေးမှပဲ လက်က အချစ်နဲ့ဆင်တူ နာရီလေးကို ငုံကြည့်ဖို့ သတိရတော့သည်.။
အရှေ့မှာစောင့်နေတဲ့ ကောင်တွေကတော့ ချန်းယောလ်ကို မေတ္တာပို့နေပီထင်...

သူတို့ပို့သတဲ့ မေတ္တာကြောင့်ထင် အချစ်ကို ခဏလေးပဲ နမ်းခွင့်ရတာ ထင်ရဲ့...

"ကိုယ်ခဏလေးပဲ နမ်းရသေးတာလေကွာ...

နည်းနည်းလောက် ထပ်နမ်းပါရစေဦး. "

Stalker 🐤🐣(Complete) Where stories live. Discover now