15🐯🐣

2.8K 228 41
                                    

အချစ်ကို ထိုင်စောင့်နေရင်း ကင်မီးယွင်းဆိုတဲ့ မိန်းကလေးက ခဏ စကားပြောချင်တယ်ဆိုတာမို့

သူခေါ်တဲ့ အခန်းပျက်တွေဘက် လိုက်ခဲ့မိသည်...။

ထိုဟာက အမှားကြီးတစ်ခု ဖြစ်ခဲ့မယ်လို့...

အချစ် အထင်လွဲမဲ့ ကိစ္စ ဖြစ်ခဲ့မယ်လို့ မထင်ခဲ့မိလိုက်....

အခန်းပျက်ထဲ ရောက်ရင်ပဲ ချန်းယောလ်က ထိုင်ခုံ ပျက်ကြီးတစ်ခုပေါ် ထိုင်လိုက်ကာ...

"မင်း ဘာပြောစရာရှိတာလဲ "

"ဒီလိုပါ ပတ်ချန်းယောလ် ရှိ ကျွန်မက ဆယ်ဟွန်းကို အရ ယူတော့မှာမလို့ သေချာဂရုစိုက်လို့ပြောချင်လို့ပါ "

"မင်း တောက်"

ချန်းယောလ်  ထိုင်နေရာကနေ ထပီး ကင်မီယွန်းရဲ့ လည်ပင်းကို ညှစ် ပစ်လိုက်သည်...။
အသက်ရှူ ကျပ်နေတဲ့ ကင်မီယွန်းက ချန်းယောလ် လက်အဆစ်ကို ထုလိုက်တာမို့ ချန်းယောလ်အားလျော့သွားသည်ကို အခွင့်ကောင်းယူကာ ချန်းယောလ်  မျက်နာ နားကပ်ပီး...

"ခုတောင် နင် ဆုံးရှုံးရပြီထင်တယ် "

"ကို ကိုကြီး..."

"အချစ်မဟုတ် မဟုတ်ဘူးနော် "

တခြားသူ မြင်ရင် နမ်းတယ် ထင်အောင် သက်သက် လုပ်တဲ့ ကင်မီယွန်းကို ချန်းယောလ်  လျော့တွက်မိထားတာ...။

"တကယ်က ငါက ပုံလေးတွေပို့ပေးဖို့ ကြံရုံပါ အခုလို ဆယ်ဟွန်း ကိုယ်တိုင်မြင်ဖို့ မရည်ရွယ်ပါဘူး အဟင်း"

လူယုတ်မာ အပြုံးနဲ့ လှည့်ထွက်သွားတဲ့ ကင်မီယွန်းကို နည်းနည်း လေးမှ မကျေနပ်နိုင်ပါ...။

ဒါပေမဲ့ ခုချိန် သူ့ကို အရေးမထားအား...။

မိမိကို အထင်လွဲသွားတဲ့ အချစ်နောက်ကို လိုက်ရှင်းပြရမည်...။

ကံကောင်းစွာပဲ ထိုမိန်းကလေး နဲ့စကားပြောခဲ့သည်ကို recording သွင်းထားခဲ့မိခြင်း...။

Kaiက phဆက်ပီး သတိပေးထားသည်မို့ ချန်းယောလ် ဂရုတစိုက် နဲ့ recordingသွင်းဖို့ မမေ့ခဲ့တာ...။

Kaiကိုကျေးဇူးတင်ရမည်...။

အချစ်နောက်ကို ပြေးလိုက်လာပေမဲ့ အချစ်က Taxiပေါ် တတ်သွားလေပီ...။

Stalker 🐤🐣(Complete) Where stories live. Discover now