Final

3.5K 213 30
                                    

ဟူး....ရင်တွေ ခုန် လွန်းလို့ ရူးမှာပဲ😁

သီးချင်းဆိုတာ မဟုတ်ဘူးနော် 🙃

ကျွန်တော် အသံကောင်းမှန်းသိပေမဲ့ အချစ်ကိုပဲ ဆိုပြမှာ 🙃

ခင်ဗျားတို့ကို ဆိုပြစရာလား😒 ဆုတောင်း😇

ဘာလို့ ရင်တွေ ခုန်နေတာလဲဆိုတော့...

ဒီနေ့ အချစ်ကို ကျွန်တော် တရဝင် ပိုင်ဆိုင်ရမဲ့နေ့😇

ရှင်းရှင်းပြောရရင် အိုဆယ်ဟွန်း ဆိုတဲ့ လူသားက ကျွန်တော် ချန်းယောလ်  အပိုင်ဖြစ်ကြောင်းကို တစ်ကဗ္ဘာလုံးကို ကြော်ငြာမဲ့နေ...

ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်မဲ့နေ့...

ကျွန်တော်တို့ နှစ်ယောက် ရဲ့ မင်္ဂလာ ဆောင်တဲ့နေ့....😌

ဖေဖေကို အချစ်နဲ့ မိတ်ဆက်ပေးတုန်းက ဖေဖေက သဘောတူခဲ့ပေမဲ့ ကျောင်းပီးမှ လက်ထပ် စေချင်ခဲ့သည်..။

ချန်းယောလ် မစားမသောက် ဆန္ဒပြလိုက်တော့မှ ပဲ နောက်အပတ်ထဲ လက်ထပ်ပေးတော့မယ်ဖြစ်တာ...

ဟူး...နောက်ဆုံးတော့ အချစ်က လုံးဝ ချန်းယောလ် အပိုင်ဖြစ်လာတော့မည်...

အချစ်ကို သွားတွေ့ချင်လိုက်တာ အား....

ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရင် ကောင်းမလဲ?

အချစ်ရော သူ့လိုပဲ ရင်တွေ မဟားတရား ခုန်နေမလား

ဒါ ဖေဖေ စနက်ကြောင့် 😡 အချစ်ကို သွားတွေ့မရတာ😷

ဘာတဲ့ သတိုးသားလေးက သူ့အဖေရဲ့လက်ကို တွဲပီး ထွက်လာမှကြည့်တဲ့🙃 လွမ်းလှပီ ဖေဖေရဲ့😞

ဖေဖေ စကားကို နားမထောင်ရင် ဟန်နီးမွန်းပေးမထွက်ပဲ မုန့်ဖိုးတစ်လစာ ဖြတ်မယ်တဲ့😒

အကျင့်ပုတ်ဖေဖေ😒 သိတယ် သိတယ် သူ့စကားနားမထောင်ပဲ ချက်ချင်ကြီး မင်္ဂလာပွဲလုပ်လို့ အပြစ်ပေးတယ်ဆိုတာကို😣

အား...မသိဘူး အချစ်ကို အရမ်းတွေ့ချင်နေပီ😒

အချစ်လေး ဘာတွေလုပ်နေမလဲ သိချင်နေပီ...

တစ်ဖက်ခန်းမှာရှိတဲ့ အိုဆယ်ဟွန်း တစ်ယောက်က လဲ ထို်င်လိုက် ထလိုက်နဲ့ မရိုးမယွ တွေ ဖြစ်လို့...

Stalker 🐤🐣(Complete) Where stories live. Discover now