6🐣🐣🐣🐣🐣🐣

3.7K 282 27
                                    

ကျွန်တော် ကောင်လေးကို ရှောင်နေတာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ပီ...

ဘာရယ် မဟုတ် ဟန်မြစ်ဘေးမှာ သူ ကျွန်တော်ပါးကို လှမ်းနမ်းလိုက်တဲ့နေ့ထဲက ရှောင်နေမိတာ...😇

ရှက်တာရယ် မဟုတ်ပေမဲ့ အဲ့ကောင်လေးနဲ့ မျက်နာချင်းဆိုင်ဖို့ မျက်နာပူသည်။

အဲ့နေ့အပြန် ကားပေါ်မှာထဲက သူနဲ့စကားမပြောဖြစ်တာ... အဓိက က ကျွန်တော် ငြိမ်နေတာလဲပါတယ်

သူ့သူငယ်ချင်းနှစ်ယောက်ကို ဝင်ပို့ပေးပီး သူ့က ကျွန်တော် အိမ်ထဲက စက်ဘီးလေးယူကာ ပြန်ထွက်ခါနီး...

"တောင်းပန်ပါတယ် ကိုကြီး ဟွန်းအမှားပါ နောက်မဖြစ်စေရပါဘူး ကိုကြီးဒေါသမထွက်ပါနဲ့"

ငိုသံပါကြီးနဲ့ ပြောကာ ပြန်ထွက်သွားတဲ့ကောင်လေးကို ကျွန်တော် မတားမိ။ ကျွန်တော် ဒေါသထွက်နေတာ မဟုတ်မှန်းကိုလဲ လိုက်ရှင်းမပြမိခဲ့...။

ထိုကောင်လေးက မနက်တိုင်းလာတတ်ပေမဲ့ ကျွန်တော်က အပြေးလေ့ကျင့်ခန်းတောင် ထွက်မလုပ်...

သူ့ပို့တဲ့ message ကိုမြင်ပေမဲ့လဲ seenမပြမိ...

သူဆက်တဲ့ phတိုင်းကိုလဲ မကိုင်ပဲ ဒီတိုင်း ထားလိုက်သည်။

ကျွန်တော် သူငယ်ချင်းတွေ phဆက်တာတောင် မကိုင်ပဲ သူတို့နဲ့ပါ စကားမပြောဖြစ်...

ကျောင်းမတတ်တာလဲ ဒီတစ်ပတ်လုံး...

မျက်နာ ပူလို့သာ ထွက်မတွေ့ပေမဲ့ ကောင်လေးကို သူ လွမ်းသလိုလိုရှိသည်။

Kaiနဲ့ Yifan အိမ်ကို လာတော့မှပဲ  အဲ့ကောင်လေးနဲ့ အကြောင်းတွေကို  ကျွန်တော် ပြောပြဖြစ်သည်။

"ဒါတော့ မင်းလွန်တယ် ချန်းယောလ် "

"ဘာလွန်လို့လဲကွ ငါသူကိုမြင်ရင် မျက်နာပူတယ်"

"ဆယ်ဟွန်း မျက်နာမကောင်းဘူး သူငါတို့ကို မင်းအကြောင်း လာမေးပေမဲ့ မင်းက Phမကိုင်လို့ ငါဘာမှ ပြန်မပြောနိုင်ဘူး"

"ဟာ မသိဘူးကွာ "

"သူ မနေ့က ကျောင်းမလာဘူး ချန်းယောလ် အရင်နေ့တွေက  သူကြည့်ရတာ အရမ်း ဝမ်းနည်းနေသလိုပဲ"

Stalker 🐤🐣(Complete) Kde žijí příběhy. Začni objevovat