14🐯🐣

2.9K 193 17
                                    

အိပ်ယာနိုးနိုးချင်း မြင်လိုက်ရတဲ့အချစ်မျက်နာလေးကြောင့် ချန်းယောလ်စိတ်တွေ ကြည်နူးသွားရသည်..။

ခေါင်းအုံးပေါ် လက်ထောက်လို့ အချစ်ရဲ့ မျက်နာပေါ်က အစိတ်ပိုင်း တစ်ခုချင်းစီကို သေချာ ကြည့်နေလိုက်သည်...။ လက်လေးနဲ့လဲ အချစ်ရဲ့ မျက်နာပေါ်က အစိတ်အပိုင်းလေးတွေကို ထိတွေ့နေမိသည်...။

အတင်းလဲ မထိရဲ့ ကျွန်တော် လက်ကြမ်းကြီးကြောင့် အချစ်လေး အိပ်ရေးမဝပဲ နိုးသွားမှာဆိုးသည်...😢

အခုတလော အချစ်ရဲ့ ပါးလေးတွေက ပိုဖောင်းကားလာသလိုပဲ😚

နှုတ်ခမ်းလေးက အိပ်နေတာတောင် ထော်နေတာ 😚
အိမ်မက်ထဲမှာ စိတ်ကောက်နေပုံရတယ်😚

အချစ်နှုတ်ခမ်းလေးကို ဖွဖွလေး ဖိကပ် နမ်းလိုက်သည်...။ အချစ်နိုးသွားမှာဆိုးလို့ ဖွဖွလေးသာ နမ်းလိုက်ခြင်း😚😚😚

"အချစ်ကလေးရေ "

"ဟင်"

"ထတော့လေကွာ "

"မထချင်သေးဘူး ကိုကြီးရာ "

"နောက်ကျ နေပီ အချစ်လေးရဲ့ ကိုယ်တို့ ဒီနေ့လည်ရမယ်လေ "

"ဟုတ် ကိုကြီး အချစ်ကို ချီဦး "

"ဟုတ်ကဲ့ပါဗျာ "

ချန်းယောလ် အချစ်ရဲ့စကားအတိုင်း အချစ်ကို ပွေ့ချီလိုက်ပီး မျက်နာသစ်ပေးဖို့ ဘေစင်ပေါ် တင်လိုက်သည်...။

အိပ်ရေးမဝပုံပေါ်တဲ့ အချစ်က အိပ်မှုံ စုတ်ဖွားလေးတောင် အရမ်းချစ်ဖို့ကောင်းနေတော့ ဘယ်သူ့မှ မမြင်အောင် သာ ဖွက်ထားလိုက်ချင်တော့သည်...။

"အချစ် "

"ဗျ "

"နှင်းလျောသွားစီးမလား ဒီနေ့"
" ဟုတ်..."

အချစ်ကို မျက်နာသစ်ပေးပီး မနက်စာ စားကာ နှင်းလျောစီးတဲ့ဘက်ကို ထွက်လာခဲ့လိုက်သည်...။

အချစ်သူငယ်ချင်းနှစ်ယောက်ကတော့ ပင်ပန်းနေတယ်ထင်တာမို့ ခေါ်မလာခဲ့တော့..။

အရင်ထဲက ဂျပန်က ကျွန်တော် အကြိုက်ဆုံးမြို့ ဖြစ်တာမို့ အချစ်နဲ့ အမှတ်တရ များစွာ ဖန်တီးချင်သည်...။

Stalker 🐤🐣(Complete) Where stories live. Discover now