စစ်ရန် အိပ်နေတာ ဘယ်လောက် ကြာသွားလဲတောင် မသိလိုက် .....။
ဇီလေးဟာ စစ်ရန်ရဲ့ အိပ်ဆောင်ထဲကို ရောက်လာတော့ အိပ်ပျော်နေတဲ့ ချစ်သူကြောင့်
မနှိုးရက်ပဲ မေးလေးထောက်ကာ ချောမောပြီး ယောကျာ်းပီသလွန်းတဲ့ အကိုတော် စစ်ရန်ကို ငေးကြည့်နေသည် ။အကိုတော် ပိုင်ဆိုင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းဆီကို ထိတွေ့နေမိသည် ။
အကိုတော်ရဲ့ အရာအားလုံးဟာ ဇီလေးရဲ့အပိုင်..." ဟိတ်..."
" အမလေး...လန့်လိုက်တာ အကိုတော်ရယ်"
"😁 ကိုယ်က ချစ်လို့စတာ "
" အကိုတော်နိုးရင် ထတော့လေ အကိုတော့်ကို ဇီလေး ရဲ့ ချယ်ရီတောထဲ ခေါ်သွားချင်လို့ "
" omm...ခနစောင့် အကိုတော် ကိုယ်လက်သန့်စင်လိုက်အုံးမယ် "
" ဟုတ် "
" လိမ်မာတယ် "
စစ်ရန်ပြောကာ ဇီလေးရဲ့ ခေါင်းကို ဖွကာ ရေချိုးဆောင်ကို ဝင်သွားသည် ။ ကိုယ်လက်သန့်စင်ကာ အင်္ကျီ လဲပြီး ထွက်လာသည် ။
" ကဲ ပြီးပြီ ဇီလေး "
" ဟုတ်သွားစို့ "
" အဲ့ ချယ်ရီ တောမှာ အကိုတော်ကို သတိရတိုင်း ဇီလေးက ဝိုင်သွားသောက်တာ "
" ကလေးလေးနော် "
" 😁 "
" လာဒီဘက်ကိုလာခဲ့ " လှမ်းခေါ်ကာ လက်ကိုဆွဲသွားပြီး ဥယျာဉ်ထဲကို ဝင်သွားသည့် ဇီလေး.....
" တွေ့လား?အကိုတော် အရမ်းလှတာ "
" omm ဟုတ်တယ် "
" လာ ဟိုအပင်ပေါ်မှာ တက်ထိုင်ရအောင် "
ပြောရင်း ခုန်တက်သွားသော ဇီလေးကို ကြည့်ကာ ပစပ်အဟောင်းသားလေး ဖြစ်နေရသူက စစ်ရန်ပင် ...." လာလေ...အကိုတော် ဘာငေးနေတာလည်း..."
" aww...omm..."
စစ်ရန်လည်း အလျင်အမြန်ပင် ခုန်တက်ကာ ဇီလေးဘေးနားကို ဝင်ထိုင်လိုက်သည် ။
ထိုစဉ်ပဲ ဇီလေးက စစ်ရန်ရဲ့ ပုခုံးပေါ် ခေါင်းလေးမှီကာ စကားစလာသည် ။" လွမ်းနေတာ...... ဇီလေးလေ အကိုတော်ကို အရမ်းလွမ်းနေတာ~~~ဟင့်.... "
YOU ARE READING
ချစ်ရပါသော မြေခွေးလေး(Z&U)(Complete )bl fic
Romanceမြေခွေးလေးဇီဟာ လူသားအိမ်ရှေ့စံရဲ့ ကြင်ယာတော်အဖြစ် မွေးထဲက သတ်မှတ်ပေးထားတဲ့ ကံကြမ္မာကြောင့် မြေခွေးလေးဟာ လူသားအိမ်ရှေ့စံလေးကို ချစ်မိသွားပြီး အိမ်ရှေ့စံလေးအတွက် အရာရာကို ဖြေရှင်းပေးကာ မြင့်မြတ်တဲ့ ဘုရင်ဖြစ်စေဖို့ ဘယ်လိုတွေ ပါရမီဖြည့်ရမလဲ? မြေခွေးေ...