ချစ်ရပါသော မြေခွေးလေး(၃၇)

3.6K 449 58
                                    

ချစ်ရပါသော မြေခွေးလေး..........

ကျွန်ုပ်ပိုင်ဆိုင်တဲ့ မြေခွေးလေး.....

ကျွန်ုပ်ချစ်ရပါတဲ့ မြေခွေးလေး......

ဤကမ္ဘာမှာ ဇီလေးကို ထိပါးလာသော

သူမှန်သမျှကို စစ်ရန် သေဆုံးခြင်းထက်

ပိုဆိုးတဲ့ရှင်သန်ခြင်းမျိုးကို ခံစားရစေမည် ....။

..........

ထိုနေ့ကစပြီး အရာအားလုံးက တည်ငြိမ်အေးချမ်းခဲ့ပါတယ်.... ။
သို့ပေမယ့် ဇီလေးဟာ မိမိအပေါ်ကို စိတ်ကွက်နေခဲ့သည် ထင်သည် ။ ဇီလေးကို
စစ်ရန်က ကပ်မယ်ကြံရင် ရှောင်ဖယ် ရှောင်ဖယ်
လုပ်နေခဲ့တာ အခုဆိုရင် အချိန်တွေ အတော်ကြာ
နေပြီဖြစ်သည် ။

ရေလူသားဘုရင်ကလည်း သူ့တိုင်းပြည်ကို ပြန်လိုက် လာလည်လိုက်နှင့် ရသည့်နည်းသုံးကာ
ဇီလေးအနားကို ကပ်နေသည် ။
ဇီလေးက ခင်မင်တက်သူမို့ စစ်ရန်ဝင်မတားပဲ
ကြည့်နေရုံမှ အပါး ဘာမှမတက်နိုင်ခဲ့ပါ ။
ဇီလေးနဲ့ မိမိကဝေးကွာ သွားသလို ခံစားရသည် ။

မင်းသမီးလင်လင်းဟာ စစ်ရန်ရဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီး တိုင်းသူပြည်သားတွေရဲ့ အချစ်တော်ဖြစ်နေသည် ။ စစ်ရန်ဟာ လင်လင်းဆီမသွားတော့တာဆိုရင် အတော်ကြာခဲ့ပြီ ။ သို့ပေမယ့် စစ်ရန်ရဲ့ ပထမဆုံးသော  ရင်သွေးလေးကို မင်းသမီးလင်လင်းက မွေးဖွားပေးရမှာဆိုတော့ စစ်ရန်စိတ်မကောင်းဖြစ်မိသည် ။ မိမိလိုချင်ခဲ့တာက ဇီလေးရဲ့ သွေးသား
အခုတော့ တခြားသူနဲ့ ပထမဆုံးရင်သွေးရတော့
ဇီလေးရော မိမိရော
စိတ်မကောင်းဖြစ်မိကြသည် ။

နောက်ရက်အနည်းငယ်အတွင်းမှာ စစ်ရန်ကလည်း ခမည်းတော်ဆီကနေ ထီးနန်းကို လွှဲပြောင်းပေးခံရမှာ ဖြစ်သည် ။
ထိုထီးနန်းနှင်းအပ်ပွဲသို့ မင်းကြီးလီယန်ရီလည်း
လာလိမ့်မည် ။ ထိုအခါ မိမိမျက်နှာပူရပေအုံးမည် ။ ဇီလေးကို စောင့်ရှောက်ပါမည်ဟု ကတိခံကာ ခေါ်လာခဲ့သည် ။ ယခုတော့ မိမိက ဇီလေးကို အဝေးခေါ်ကာ နှိပ်စက်ထားသလိုဖြစ်နေခဲ့သည် ။

စစ်ရန် အဝေးကနေ ဇီလေးထိုင်နေတဲ့ ချယ်ရီပန်းပင်အောက်ကို ငေးကြည့်နေရင်း ဇီလေးတီးတဲ့  ဆောင်းသံဟာ ဘာအဓိပ္ပါယ်လည်း
ဆိုတာ ပုံဖော်နေမိသည် ။ ဒီဆောင်းသံထဲမှာ ပါတာကတော့ ဇီလေးရဲ့ ခံစားချက်တွေပဲ ဖြစ်မည် ။ ဇီလေးဟာ အရင်လို ကလေးလေးတစ်ယောက်ပုံစံမဟုတ်တော့ပဲ
အေးဆေးတည်ငြိမ်ပြီး ရင့်ကျက်တဲ့ ယောကျာ်းပျို
တစ်ယောက်ပုံစံပေါက်နေသည် ။ အခုဆိုရင် ဇီလေးဟာ အားတဲ့အချိန်ဆို နန်းတွင်းပညာရှိတွေခေါ်ကာ ပညာတွေသင်ကြားပြီး ဂီတကိုလည်း  တီးတာနှစ်သက်လာပြီ ။ ဇီလေးရဲ့အချိန်တွေမှာ
စစ်ရန်အတွက် အချိန်ဆိုတာ
သိပ်မရှိတော့သလိုပဲ ။

ချစ်ရပါသော မြေခွေးလေး(Z&U)(Complete )bl ficWhere stories live. Discover now