ချစ်ရပါသော မြေခွေးလေး(၅၄)

3.9K 419 16
                                    

စစ်ရန်ကို စိတ်ထားကောင်းတဲ့ မင်းတစ်ပါးလို့ မြင်မိရင် အရမ်းကို မှားသွားလိမ့်မယ် ။
စစ်ရန်ဟာ အကောင်းနဲ့ အဆိုးကို သေချာ ကြည့်တက် ခွဲခြားတက်လို့သာ မင်းကောင်း ၊ မင်းမြတ်တစ်ပါးအနေနဲ့
တည်ရှိနေခဲ့ခြင်းဖြစ်သည် ။
အရာရာတိုင်းမှာ သီးခံ ခွင့်လွှတ်ခြင်းဆိုတာ အတိုင်းအတာနှင့်သာ တည်ရှိသည် ။

စစ်ရန်လည်း ထို့အတူပဲ သူ့ရဲ့ သီးခံခွင့်လွှတ်မှုဟာ မိဖုရားလင်လင်းအပေါ် အတိုင်းအတာထက်ကျော်လွန်သွားခဲ့ပြီ ။
သူ့ကို လူယုတ်မာလို့ မြင်ကြရင်တောင် သူဂရုစိုက်မှာ မဟုတ်တော့ပါဘူး ။

ဇီလေးကို အခုလိုမျိုး ပိုင်ဆိုင်ရဖို့ နေ့နေ့ညညတွေ စောင့်ဆိုင်းခဲ့ရတာတွေ ၊ ဖြတ်ကျော်ခဲ့ရတာတွေက အများကြီးရှိခဲ့သည် ။
ဇီလေးကို နာကျင်အောင် လုပ်တဲ့သူမှန်သမျှခွင့်မလွှတ်နိုင်ပါ ။

စစ်ရန်ရဲ့ နှုတ်ခမ်းလေးကော့တက်သွားတာဟာ မြင်ရသူအဖို့တော့ ကြက်သီးမွှေးညှင်းတောင် ထနိုင်လောက်သည် ။

...........

ရေလူသားတိုင်းပြည်တွင်.....

" မင်းကြီးအတွက် လျိုတိုင်းပြည်က စာချွန်လွှာရောက်လာပါတယ် "

လင်နွဲ့မင်းလည်း စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားရသည် ။ ထို့အပြင် မနေ့ကပဲ တပ်မှူးကြီးရဲ့ ပြောစကားအရ လျိုတိုင်းပြည်မှာ နေထိုင်ကြတဲ့ ရေလူသားတွေ ပျောက်ဆုံးနေကြသည်တဲ့ ။

ရဲမက်လာပေးသော စာချွန်လွှာကို ဖတ်ကြည့်လိုက်တော့ ဒေါသက ထောင်းခနဲထွက်သွားရသည် ။

မင်းကြီးစစ်ရန်က လင်လင်းကိုဖမ်းဆီးထားသည်တဲ့ ။ ပြစ်မှုကတော့ ဇီလေးရဲ့ ကိုယ်ဝန်ကို ဖျက်ချမှု ၊ ဇီလေးကို သေကြောင်းကြံစည်မှုတဲ့ ၊ မိုက်မဲလှချည်လား ညီမတော်ရယ်.... ဇီလေးကို ဖက်လိုက်မိတဲ့ မိမိကိုတောင် သတ်ပစ်နိုင်သည့် မင်းကြီးစစ်ရန်ဟာ မိမိညီမတော်ကိုဆိုရင် အရိုးတခြား ၊ အသားတခြား ဖြစ်တော့မည် ။ ထို့အပြင် ဒီကိစ္စက ဒီမှာတင် ပြီးလောက်မည် မဟုတ် ။ မိမိကိုပါ စာချွန်လွှာပါးရတယ်ဆိုရင် သူ့ကိုလည်း သတ်ပစ်ဖို့ ကြံစည်ထားလောက်မည် ။

ချစ်ရပါသော မြေခွေးလေး(Z&U)(Complete )bl ficWhere stories live. Discover now