ချစ်ရပါသော မြေခွေးလေး(၄၇)

3.4K 431 11
                                    

စစ်ရန် ရင်တွေ အစိတ်စိတ်အမွှာမွှာ ကြေကွဲရပါသည် ။ မိမိတို့အလိုချင်ဆုံးသော ရင်သွေးလေးကို ပျက်ကျအောင် လုပ်ရပ်သောသူကို ဇီလေးနှင့် မိမိနာကျင်ရသလို ပြန်လည် နာကျင်စေချင်သည် ။ မဟုတ်ဘူး ဇီလေးအပေါ်ကို အခုလိုနာကျင်အောင်လုပ်တဲ့သူကို
အဆတစ်ရာ ၊ အဆတစ်ထောင်မက နာကျင်အောင် ပြန်လုပ်မည် ။

ဇီလေးအနားက တစ်ဖဝါးမှ မခွာပဲ စစ်ရန်ကိုယ်တိုင် ချွေးလေးတွေ သုတ်ပေးလိုက်
ရေပတ် တိုက်ပေးလိုက်နှင့် အလုပ်ရှုပ်နေသည် ။
စစ်ရန် တစ်ညလုံးအိပ်မပျော် ဇီလေးကိုကြည့်ပြီး
သနားနေမိသည် ။

မနက်ပိုင်း နေရောင်ခြည်တောင် မထွက်သေးပေမယ့် စစ်ရန် စိတ်က ဘယ်လိုမှ အောင့်အီးထားလို့မရတော့ တာကြောင့် ဇီလေးရဲ့ နှဖူးထက်ကို အနမ်းခြွေပြီး
ချင်ချင်ကို ကောက်ကိုင်ကာ ထွက်လာခဲ့သည် ။

........................

ဇီလေး နိုးလာတော့ ခန္ဓာကိုယ်တစ်ခုလုံးနုံးချိနေသည် ။ မနေ့က သူဗိုက်အောင့်ပြီး မေ့သွားတာပဲ မှတ်မိသည် ။

ဇီလေး စဉ်းစားနေတုန်း အပျိုတော်တစ်ယောက်က ရောက်လာသည် ။

" ကြင်ယာတော် နိုးလာပြီးလား.... မနေ့က ကြင်ယာတော်ရဲ့ ရင်သွေးလေး ပျက်ကျသွားပါတယ် "

အပျိုတော်က ဘာမှမဖစ်သလို ပြောလိုက်ပေမယ့်
ဇီလေးရဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားသလို
ခံစားရပြီး ဇီလေး ကြောင်အသွားသည် ။ ဘာတဲ့ ဇီလေးရဲ့ ရင်သွေးလေး ပျက်ကျသွားတယ်တဲ့ ဇီလေးကို နောက်နေတာမလား? ဇီလေးဘာများအမှား လုပ်မိလို့ ဇီလေးအစား အပြစ်မဲ့တဲ့ ရင်သွေးလေးကို အငြိုးထားရတာလဲ ။ ဒါဟာ ဇီလေးရဲ့ အသုံးမကျမှု ၊ ပေါ့ဆမှုကြောင့် အပြစ်မဲ့တဲ့ကလေးလေးက သေဆုံးသွားရသည် ။

ဇီလေး ဘာစကားမှ မဆိုဘဲ အိပ်ယာထက်ကနေ ထလာသည် ။ ဒါ.....ဒါဆို... အကိုတော်လည်း
သိပြီးလောက်ပြီပေါ့ ။ အကိုတော် ဝမ်းနည်းနေရှာတော့မယ် ။ အကိုတော့်အရှေ့မှာပင် အကိုတော်ရဲ့ ရင်သွေးလေး သေဆုံးသွားတာကို မြင်လိုက်ရတာပေါ့ ။ ဇီလေး
ပြေးထွက်လာမိသည် ။ အခုချိန်မှာ သူ အကိုတော်ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးချင်သည် ။
အမှန်တော့ နှစ်သိမ့်ပေးချင်တာ မဟုတ်ပါဘူး နှစ်သိမ့်မှုကို သူကခံယူချင်တာပါ ။ နန်းဆောင်ထဲက ပြေးထွက်လာတာ စီးတော်ဖိနပ်တောင်မှ မပါလာ ။ ခြေဖဝါးနုနုလေးတွေဟာ ခဲလုံးလေးတွေကြောင့်
ပေါက်ပြဲကုန်ကာ သွေးတွေဟာ ဇီလေးလမ်းလျှောက်လိုက်တိုင်းမှာ ခြေရာအဖြစ်ကျန်ရစ်နေသည် ။ ယိုင်နဲ့နေတဲ့ ခန္ဓာကိုယ်ကို အားတင်းကာ အကိုတော်ကို လိုက်ရှာနေမိသည် ။ ယခုအချိန်မှာ မိမိကို ဖေးမပေးမယ့် သူလည်းမရှိ ။ သနားဂရုဏာသက်ပြီး နှစ်သိမ့်ပေးမယ့်သူလည်းမရှိ ။ အရမ်းကို အထီးကျန်လှပါသည် ။ ပါးထက်က မျက်ရည်ပူတွေ စီးကျလာတာကို လက်ဖမိုးနှင့် သုတ်ပစ်ပြီး ဟိုပြေးလိုက် သည်ပြေးလိုက်နှင့် အရူးတစ်ယောက်နှင့် တူနေသည် ။

ချစ်ရပါသော မြေခွေးလေး(Z&U)(Complete )bl ficWhere stories live. Discover now