ချစ်ရပါသော မြေခွေးလေး (၁၆)

7.1K 715 39
                                    

" ကိုယ်ရံတော်ဝမ်ရယ် မင်းပဲ စဉ်းစားကြည့်ကွာ
ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုမချစ်ပဲ တခြားသူကိုချစ်နေတယ်ဆိုတာ မင်းသိရင် ဘယ်လိုခံစားရမလဲ ငါကိုယ်တော်လေ သူ့ကို အရမ်းချစ်တယ် ဟင့်.... ဒါပေမယ့် ငါကိုယ်တော် ကို သူက မချစ်ဘူးကွ... "

" ဟုတ်....မင်းသား မူးနေပြီ အနားယူလိုက်ပါလား
မင်းသား လာကျနော် တွဲပေးမယ် "

ကိုယ်ရံတော်ဝမ်ဟာ မင်းသားရီလေးရဲ့ ကောင်းမှုကြောင့် မင်းသားသေရည်သောက်တာကို အဖော်ပြုပေးပြီး သူရင်ဖွင့်သမျှကို နားထောင်ပေးနေရသည့် အဖြစ်....

သူဆိုတာ ဘယ်သူလဲဆိုတာ မသိပေမယ့် မင်းသားအရမ်းကို ချစ်တဲ့သူဆိုတာတော့ သေချာသည် ။ ပြီးတော့ ဘယ်လိုလူမျိုးမို့ မင်းသားကိုတောင် ပြန်မကြိုက်ရတာလဲလို့တောင်
တွေးမိတယ် ။

မင်းသားရီလေး အရမ်းမူးနေတာကြောင့် မင်းသားအိပ်စက် အနားယူဖို့ မင်းသားရဲ့ အိပ်ပေါ်ကို တွဲတင်ပေးဖို့ မင်းသားကို ဆွဲထူရသည်
အမှန်ဆို အားခြင်းဟာ မမျှပါ ၊ မင်းသားရီလေးဟာ ကိုယ်ရံတော်ဝမ်ထက် လူကောင်ထွားတာကြောင့် မနိုင်တနိုင်နဲ့ ယိုင်တိုင်တိုင်ဖြင့် မနည်း အိပ်ယာပေါ်သို့် တင်ပေးလိုက်ရသည် ။ အားခြင်းမမျှတာကြောင့် မင်းသားကော သူကော အိပ်ယာပေါ်ကို နှစ်ယောက်စလုံး ကျသွားသည် ။

" အ့... မင်းသား ကျနော်မျိုးကို လွှတ်ပေးအုံး "

" ဟင့်အင်း.... မလွှတ်ပေးနိုင်ဘူး လွှတ်ပေးလိုက်ရင် ခင်ဗျားက သူ့ဆီထွက်သွားမှာပေါ့
မသွားပါနဲ့ တောင်းပန်ပါတယ် ကိုယ်တော့်ကို မထားခဲ့ပါနဲ့ ရူးသွားမှာမို့ပါ..... ခင်ဗျား ထွက်သွားရင် ကိုယ်တော် ရူးလိမ့်မယ် "

" မင်း...မင်းသား....လူမှားနေပြီ ကျနော်မျိုးက ကိုယ်ရံတော်ဝမ်ပါ မင်းသားချစ်တဲ့သူ မဟုတ်ပါဘူး "

" မလိမ်ပါနဲ့ ခင်ဗျား အဲ့လိုလိမ်လည်း ကိုယ်တော့်ဆီကနေ လွတ်မယ်များထင်နေလား?
ကိုယ်တော် ခင်ဗျား ကို အပိုင်သိမ်းမှာ..."

" Arrrrr........!!!!!!!!!!! မင်းသား......"

....................

ဇီလေးဟာ စစ်ရန်ရဲ့ လက်ကိုဆွဲကာ သူတို့ တိုင်းပြည်ရဲ့ ဈေးတန်းကြီးကို လိုက်ပြနေသည် ။

ချစ်ရပါသော မြေခွေးလေး(Z&U)(Complete )bl ficWhere stories live. Discover now