Part 5

3.1K 232 12
                                    

Ae ကစာကြည့်စားပွဲပေါ်မှာစာကျက်နေတဲ့အချိန် Pete ကကော်ဖီခွက်လေးကိုင်ပြီး Ae အနားမှာလာချပေးတယ်
Pete : Ae အတွက်ဖျော်လာတာ
Ae : ကို့ချစ်သူလေးက အဲ့လိုအလိုက်သိလို့ချစ်နေရတာ
Ae ကပြောနေရင်းပဲ Pete ရဲ့ဖြူဖွေးနေတဲ့ပါးလေးတစ်
ဖက်ကိုနမ်းလိုက်တယ် Pete လည်းအပြုံးလေးနဲ့ Ae ပခုံးကိုသိုင်းဖက်လိုက်တယ်
Pete : Ae တို့တွေအကြောင်းကို Chonpuu ကိုပြောခဲ့တယ်
ဆို
Ae : အင်း Pond ပြောတာလား
Pete : ဘာလို့လဲ ဒီလိုအကြောင်းကပြောလို့ကောင်းတဲ့အရာ
မဟုတ်ဘူးလေ
Ae : Hey Pete မင်းနဲ့ပတ်သတ်ပြီးငါ့မှာဘာမှတုန်လှုပ်နေစ
ရာမရှိဘူး အိမ်ကလူကြီးတွေတောင်မပြောရဲစရာမှမရှိ
တာ ငါတို့ကြားမှာဘာမှမလိုဘူး Ae အတွက် Pete ရှိရင်
ပဲရပြီ
Pete က Ae ရဲ့မျက်ဝန်းလေးတွေကိုသေချာကြည့်ပြီးတစ်
ဖြည်းဖြည်းအနားကိုကပ်လာပြီး Ae ကိုညင်သာစွာနမ်းလိုက်တယ် ဒါအရမ်းရှက်တတ်တဲ့သူ့ကောင်လေးဟုတ်ရဲ့လား
တောင် Ae စဉ်းစားရလောက်တဲ့အထိမှင်သက်သွားတယ် ဒါပေမယ့် Pete ရဲ့အနမ်းကတစ်ဖြည်းဖြည်းနဲ့ မြန်ဆန်လာ
တယ် Pete က Ae ကိုဖြည်းဖြည်းချင်းဆိုဖာပေါ်တွန်းလှဲလိုက်တယ် Ae လည်း Pete ရဲ့ချိုသာတဲ့အနမ်းလေးကိုမတွန်းလှန်နိုင်ခဲ့ဘူး
Ae : Pete
Pete : Ae သိလား အခုချိန်မှာ Ae ကိုအရင်ထက်ပိုချစ်မိ
တယ်ဆိုတာ
Pete က Ae ဆီကစကားပြန်တောင်မကြားရဘဲထပ်နမ်း
လိုက်တယ်
Ae : တို့တွေအိပ်ရာပေါ်သွားသင့်တယ် မထင်ဘူးလား
Pete : ဘယ်နေရာပဲဖြစ်ဖြစ် ဒီအခန်းလေးကတို့တွေရဲ့ အချစ်
တွေကိုသက်သေတည်တဲ့နေရာပဲမလား
Ae က Pete ရဲ့စကားချိုချိုလေးတွေကြောင့် Pete ကို ပြန်တွန်းချလိုက်ပြီးရှိုက်နမ်းလိုက်တယ်
Ae : မင်းလည်းသိလား ငါမင်းမရှိရင်အသက်မရှင်နိုင်တော့
ဘူးဆိုတာ ဒီညလည်းမင်းကငါ့အချစ်တွေကိုအရယူသွား
တယ်ဆိုတာ
PS ( sorry guys 18+ is not permit )
နောက်နေ့မနက်မိုးလင်းချိန်မှာပဲ Pete နဲ့ Ae တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ဖက်ပြီးအိပ်ပျော်နေကြ
တယ် Ae ရဲ့မျက်လုံးလေးတွေကနေရောင်ကြောင့်နှိုးထလာခဲ့တယ် နှိုးနှိုးချင်းပဲနေရောင်ရဲ့အရသာကိုသူမခံစားနိုင်ပါဘူး သူ့မျက်လုံးရှေ့မှာအိပ်ပျော်နေတဲ့ Pete ရဲ့မျက်နှာလေးကို
ငေးကြည့်ပြီး Pete ဆံပင်လေးတွေကို သပ်တင်ပေးလိုက်
တယ်
Ae : မနက်တိုင်း ဒီလိုလေးမြင်နေရတာ ငါ့အတွက်အပျော်ဆုံး
အချိန်လေးပါပဲ
Ae က Pete ရဲ့ဆံပင်လေးကိုသပ်တင်လိုက်ပြီး ဖြူဖွေးနေတဲ့နဖူးလေးကိုနမ်းလိုက်တယ်
Pete : အတူတူပါပဲ Ae ရဲ့မျက်နှာလေးကိုငေးကြည့်နေရတာ
လောကမှာအလှဆုံးအရာလေးပါပဲ
Pete က Ae ကိုတင်းကျပ်စွာထပ်ပြီးဖက်လိုက်တယ်
Ae : ထရအောင်လေ ငါ့ကိုကျောင်းမသွားဘဲမင်းအနားမှာပဲ
နေချင်အောင် မလုပ်ပါနဲ့
Pete : ဖြစ်နိုင်ရင်အဲ့လိုလေး နေခိုင်းချင်တာ
Ae : ဒါလည်းရတာပဲလေ နောက်တစ်ခါလား
Ae က Pete ရဲ့ပါးနှစ်ဖက်လုံးကိုနမ်းလိုက်တယ်
Pete : နောက်တာပါ ထတော့ ကျောင်းသွားကြရအောင်
တော်ကြာ ကျောင်းမသွားနိုင်ရင် ဒီနေ့ Tin ကပြော
တော့မှာပဲ
Ae : ဘာလို့လဲ
Pete : ဒီနေ့ စာတမ်းအတူထပ်ရမှာမို့လို့ပါ Ae ရဲ့ သဝန်တိုတဲ့
မျက်လုံးကြီးနဲ့မကြည့်ပါနဲ့
Ae : သေချာရှင်းပြမှပေါ့ ဘာလဲ အပြစ်ပေးခံချင်သေးလို့လား
Pete : တော်ပါတော့ အဲ့ဒါနဲ့ကျောင်းသွားဖြစ်မှာလား ထတော့
အင်ဂျင်နီယာကျောင်းဘက်ကို Ae လမ်းလျှောက်လာခဲ့တယ် သူ့ရှေ့ကနေ Chonpuu ကပိတ်ရပ်လိုက်တယ်
Ae : Chonpuu
CP : အချိန်ခဏလောက်ပေးပါလား အကို
ဘောလုံးပွဲကြည့်စင်မှာ Ae နဲ့ Chonpuu ဘေးချင်းကပ်ထိုင်နေကြတယ်
CP : ညီမကအကို့ကိုတကယ်ချစ်တာပါ အခုပြောချင်တာက
အကို့ကိုညီမကောင်မလေးချောချောလေးနဲ့ပဲ ချစ်တာပို
မြင်ချင်တာပါ ဒါပေမယ့် အကို့ကို chonpuu မတားပါဘူး
အကိုကတကယ့်အချစ်ကိုရှာတွေ့တဲ့အတွက်ဝမ်းသာပါ
တယ် ညီမမှာမကောင်းတဲ့စိတ်မရှိပါဘူး ညီမကအကိုတို့
နှစ်ယောက်လုံးကို အကိုရင်းတွေလိုချစ်မှာပါ မနေ့က
ရုတ်တရက်မို့လို့ သေချာမစဉ်းစားနိုင်ခဲ့ဘူး
Ae : အကိုလည်းတောင်းပန်ပါတယ်
CP : အကိုဘာအမှားမှမလုပ်ထားပါဘူး အကိုတို့ကအချစ်စစ်
ကိုတွေ့ထားတာလို့ယုံပါတယ် ညီမအရင်းလေးတစ်
ယောက်လိုချစ်ပေးမယ်မလား
Chonpuu ကပြုံးပြုံးလေးပြောနေပေမယ့် သူ့ရင်ထဲမှာခံစားရမှာကိုတော့ Ae ကောင်းကောင်းကြီးနားလည်ပါတယ်
Ae ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့လက်တစ်ဖက်ကို Chonpuu ဆီကမ်းပေးလိုက်တယ် Ae ရဲ့မျက်နှာလေးကို Chonpuu လှမ်းမောကြည့်ပြီး ကမ်းထားတဲ့လက်ကိုဆွဲပြီးမက်တပ်ရပ်လိုက်တယ် Ae က Chonpuu ရဲ့လက်ကိုမလွှတ်
ဘဲတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်တယ်
Ae : အခုချိန်ကစပြီး ညီမတစ်ယောက်တိုးလာသလိုပါပဲ ကျေး
ဇူးပါ Chonpuu အကိုတို့ကိုနားလည်ပေးလို့
Chonpuu လည်း ကျလာတဲ့မျက်ရည်လေးတွေကိုသုတ်ပြီး Ae ကိုပြုံးပြခဲ့တယ်
Part (5) the end
     စာဖတ်တဲ့သူတွေအားလုံးပဲ Feedback လေးတွေရေးပေးကြပါနော် 💋💋

love by chance season 2 ( Aepete )Where stories live. Discover now