အရင်ကဆိုပျော်ရွှင်မှုတွေပြည့်နေတဲ့ နေရာမှာ အခု
တော့ ကျွန်တော်တစ်ယောက်ထဲကျန်နေခဲ့တာလား
Pete နဲ့ကလေးတွေ လွန်ခဲ့တဲ့တစ်နာရီလောက်ကကျွန်
တော့်ကိုထားခဲ့ပြီ
Ae : Pete ဒါဘာလုပ်တာလဲ
Pete အိတ်ထဲကောက်ထည့်နေတဲ့ ကလေးတွေရဲ့ပစ္စည်း
တွေကို Ae ကအတင်းပြန်ထုတ်လိုက်တယ်
Pete : Ae ..... ကျွန်တော့်ကိုလွှတ်ပေးထားပါလား
Ae : အင်း ကိုလွှတ်ပေးမယ် မင်းအခုမှဆေးရုံကပြန်လာ
တာ နားလိုက်တော့ ကိုကလေးတွေကိုသွားခေါ်ခဲ့မယ်
Ae ခေါင်းတောင်မဖော်နိုင်ဘူး ငိုသံသဲ့သဲ့လေးနဲ့ ပစ္စည်း
တွေကိုပြန်ထုတ်ပြီးပြောလိုက်တယ်
Pete : တရားစွဲမယ်ဆို ဆေးကုသမှုအတွက်တရားစွဲမယ်
တဲ့လား
Ae : အဲ့လိုမှမလုပ်ရင် ကိုဘာလုပ်ရမလဲ ဘာအကြောင်း
ပြချက်မှမရှိဘဲ မင်းငြင်းဆန်တယ် တရားစွဲမယ်ဆို
လို့ အခုအိမ်ကနေထွက်သွားဖို့လုပ်နေတာလား
Pete : ဒါပေါ့ တရားရင်ဆိုင်တယ်ဆိုတာ ရန်သူတွေအ
တွက်မဟုတ်ဘူးလား ဒါကိုစတင်ခဲ့တာလည်း Ae
ပဲလေ
Ae ရဲ့ပါးပြင်ပေါ် မျက်ရည်တွေကတသွင်သွင်စီးကျလာ
ခဲ့တယ် Pete ကိုဆက်တောင်မကြည့်နိုင်တော့ဘူး သူ့ဆီကထွက်ပေါ်လာမယ့်စကားလုံးတွေလည်းဆက်နားမ
ထောင်နိုင်တော့ဘူး
Ae : Pete .... ဘယ်လိုပြောလိုက်တာလဲ ကို့ကိုဘယ်လို
တောင်ပြောရက်လိုက်တာလဲ
Ae ကသူ့ချစ်သူကို တင်းကျပ်စွာဖက်ထားလိုက်တယ်
Ae ရဲ့ထွေးပွေ့မှုကိုရလိုက်တော့မှ ကျဆင်းလာခဲ့တဲ့ Pete ရဲ့မျက်ရည်စက်တွေ ......
Ae : ချစ်လို့ပါ မင်းကိုချစ်လွန်းလို့ပါ မင်းသိရဲ့သားနဲ့ဘာ
လို့ပြောထွက်ရက်တာလဲ
ထွက်သွားမှာကြောက်တယ် သူမရှိဘဲနေ့ရက်တွေကို
ဖြတ်သန်းရမှာကြောက်တယ် ထွက်သွားမှာဆိုလို့ ဒီတိုင်း
လေးဖက်ထားချင်မိတယ်
Ae : မလုပ်ပါနဲ့ ကိုတို့အရင်လိုပြန်နေကြမယ်လေ က
လေးတွေနဲ့ ပျော်စရာကောင်းတဲ့ကိုတို့နေ့လေးတွေ
အတူဖြတ်သန်းကြမယ်လေ နော် ကိုတို့အရင်လို
ပြန်နေရအောင်လား Pete
Pete : နေချင်တယ် အရင်လိုလေ
Ae : ဟုတ်တယ် အရင်လိုအတူနေကြမယ်နော်
Pete : ဒါပေမယ့် Ae ရဲ့အတ္တကြောင့် ဖြစ်နိုင်မယ်မထင်
တော့ဘူး
Ae : ဘာ
Pete က Ae ရဲ့ရင်ခွင်ထဲကနေရုန်းထွက်လိုက်တယ်
Ae ရဲ့ပါးလေးကိုကိုင်ပြီး ပြုံးကြည့်နေခဲ့တယ်
Ae : Pete
ဘာစကားတစ်ခွန်းမှဆက်ပြောခွင့်မပေးနိုင်တော့ဘူး
Ae ရဲ့နှုတ်ခမ်းဖျားလေးကို ရုတ်တရက်ထိနမ်းလိုက်တယ်
Pete : Ae ..... Ae တစ်နေ့ကျရင်နားလည်လာမှာပါ ဘာ
လို့ ကျွန်တော်ဒီလိုလုပ်ရလဲဆိုတာကိုလေ
Ae : Pete .... ကိုရူးတာကိုမြင်ချင်လို့လား
Pete က Ae ရဲ့ပါးပေါ်ကျဆင်းလာတဲ့ မျက်ရည်စတွေ
ကိုသုတ်ပေးလိုက်တယ် ပြီးတော့ အလှပဆုံးအပြုံးတွေ
ကိုပြုံးပြလိုက်တယ်
Pete : Ae ခံနိုင်ရည်ရှိပါတယ် ခဏလေးပါ ကျွန်တော်
Ae ကိုမထားခဲ့နိုင်ပါဘူး ဒါပေမယ့် Ae ကကျွန်
တော့်ကိုနားမလည်ပေးနိုင်ဘူး
Ae : ဘာကိုနားလည်ရမှာလဲ ကိုချစ်တဲ့သူကိုနေကောင်း
စေချင်တာ အတ္တတစ်ခုလိုဖြစ်နေမိလို့လား
Pete : Ae လိုချင်တာတွေကိုရပ်တန့်ပေးပါ ဒါဆို ကျွန်
တော်မထွက်သွားတော့ပါဘူး Ae နားမှာပဲနေမှာပါ
Ae : အခု မင်းဆုံးဖြတ်ချက်အတိုင်းနေဖို့ညှိနှိုင်းနေတာ
လား
Pete ကအပြုံးလေးနဲ့ပဲ ခေါင်းညိမ့်ပြလိုက်တယ်
ဒါပေမယ့် Ae ကတော့အသက်မပါတဲ့အပြုံးတွေနဲ့ ခေါင်း
ကိုခါရမ်းလိုက်တယ်
Pete နားကနေဖြည်းဖြည်းချင်းခွာပြီး တံခါးလက်ကိုင်ကို
လှည့်ဖွင့်လိုက်တယ်
Ae : တောင်းပန်ပါတယ် မင်းထွက်သွားမယ်ဆိုရင်
တောင် ကို့ဆုံးဖြတ်ချက်ကိုမပြင်နိုင်ဘူး သွားပါ ကို့
ကိုထားခဲ့ပြီး ထွက်သွားလိုက်ပါ
Ae သူ့စိတ်တွေကိုမထိန်းနိုင်တော့လို့ အခန်းထဲပြေးဝင်
ပြီး တံခါးကိုဆောင့်ပိတ်လိုက်တယ်
Pete : တောင်းပန်ပါတယ် Ae
တံခါးလေးကိုအသာလေးဖွင့်ပြီး ခိုးကြည့်လိုက်မိတယ်
Pete အိမ်ထဲကနေတကယ်ထွက်သွားတာကိုတွေ့လိုက်ရ
တယ် ဘယ်လိုလုပ်ခံစားနိုင်မှာလဲ ကျွန်တော်ရူးသွား
လောက်တယ် ဒီအိမ်မှာတစ်ယောက်ထဲမနေရဲဘူး သူမရှိ
တော့မှာကြောက်လို့ မနေချင်ဘူး
Pete ကအခန်းထဲမှာကလေးကိုချီပြီး ချော့မြူလိုက်တယ်
Pete : ချစ်ဖို့ကောင်းလိုက်တာ
Mom : သား ......
အမေအခန်းထဲဘယ်ထဲကရောက်နေတာလဲတောင်မသိ
လိုက်ဘူး
Mom : အမေတို့စကားပြောရအောင်
Pete : အမေ .... ထိုင်လေ ဘာပြောမှာလဲသားသိပါတယ်
Mom : သားဘာတွေလုပ်နေတာလဲ Ae နဲ့ခဏလေးဝေး
ကွာရင်တောင် မနေနိုင်တဲ့သားက .... အခုမျက်
ရည်တစ်စက်တောင်မကျဘဲ လျစ်လျူရှုထား
နိုင်တာ အမေတကယ်အံ့သြရတယ်
Pete : သား ..... ပျော်နေတယ်ထင်လား အမေ
Ae မရှိတဲ့ဘဝက အခန်းကျဉ်းထဲလေးဖက်လေး
လံပိတ်ခံထားရသလို မွန်းကျပ်လွန်းပါတယ်
Mom : ဒိါဆို သားအခုဘာတွေလုပ်နေတာလဲ
Pete : သားဖြစ်ချင်တာထပ် ဖြစ်သင့်တာကိုရွေးချယ်ခဲ့
တာပါ Ae ကဒီကလေးတွေကိုလိုချင်ခဲ့တာမဟုတ်
ဘူး သားအတင်းယူခဲ့တာ ကလေးတွေကိုချစ်လွန်း
လို့ သားတစ်ခုခုဖြစ်မှာကိုသူအမြဲစိုးရိမ်နေခဲ့တယ်
Mom : အခုကိစ္စက ကလေးတွေနဲ့ဘာပတ်သတ်လို့လဲ
Pete : သက်ဆိုင်နေတယ် အမေ .......
Pete မျက်ရည်စက်တွေက ဖြည်းညင်းစွာကျဆင်းလာ
ခဲ့တယ်
Pete : အမေသိလား ..... သားလေ အမေရဲ့အချစ်တွေကို
လေးစားတယ် အမေ့လိုမိဘတစ်ယောက်ဖြစ်ချင်
တယ် ကလေးလေးတွေရတုန်းကရူးမတတ်ပျော်ခဲ့
တာ ပထမဆုံး Son လေးကမှန်ဘောင်ထဲကနေသား
ကိုကြည့်နေခဲ့တာ တစ်ခါမှအဲ့လိုပျော်ရွှင်မှုမျိုးမခံ
စားဖူးဘူး
Pete ကရှိုက်ကြီးတငင်ပြောနေတော့ အမေကသူ့သား
ကိုရင်ခွင်ထဲထွေးပွေ့ထားလိုက်တယ်
Mom : သားလေး ..... သားဘာတွေဖြစ်နေတာလဲ
Pete : Son လေးက သားနဲ့တူညီတဲ့ရောဂါပါလာခဲ့တယ်
Mom : ဘာ ..... သားဘာပြောလိုက်တာလဲ
Pete : ဟုတ်တယ် သူမွေးထဲက ဆရာဝန်ကသားကိုပြော
ပြထားခဲ့တယ် ဒါတွေ Ae မသိဘူး ပြောလည်းမ
ပြောရက်ဘူး
Mom : သားလေးရယ် .... ဒါကြောင့် သားရောဂါကိုမကု
သခဲ့တာလား ဒါတွေကို Ae လည်းသိသင့်တယ်
လေ
Pete : မဖြစ်ဘူး Ae သိရင်အရမ်းခံစားရလိမ့်မယ် အမေ
လည်းဖုံးကွယ်ထားပေးပါနော် သားအမေ့လို မိဘ
ကောင်းတစ်ယောက်ဖြစ်ချင်လို့ပါ Ae မလိုချင်တဲ့
ကလေးတွေကို သားရအောင်ယူခဲ့တယ် သား
ကြောင့် သူတို့လူဖြစ်လာပေမယ့် သားကြောင့်ပဲ
ဆုံးရှုံးခါနီးဖြစ်နေပြီ ..... သားကနေကောင်းပြီးက
လေးကခံစားနေရတာ မလိုချင်ဘူး သားသူနဲ့အတူ
ခံစားချငိတယ် သူရှင်သန်မှသားရှင်သန်ချင်တယ်
Pete ကသူ့သားလေးကိုပွေ့ချီပြီး နမ်းရှိုက်လိုက်တယ်
Pete : မိန်းကလေးတစ်ယောက်မဟုတ်ပေမယ့် ဒီအရာက
မိခင်တစ်ယောက်ရဲ့အချစ်လောက်တော့ တန်းတူ
ကျမယ်မျှော်လင့်မိပါတယ်
Part 12 ( the end )
![](https://img.wattpad.com/cover/175436486-288-k723889.jpg)