Part (17)

2K 128 20
                                    

Ae က Pete စားနေကြအတိုင်းမုန့်ဝယ်ပြီး pete ဘေးမှာလာထိုင်လိုက်တယ်
Ae : သူဌေးလေး ရပါပြီ ဟ
   Ae ကမုန့်ကိုယူပြီး pete ကိုခွံ့ကျွေးဖို့ပြင်လိုက်တယ်
Pete : Ae သူများတွေကြည့်နေတယ်
Ae : ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ စားမှာလား မစားဘူးလား
      မစားရင်ဖက်နမ်းလိုက်မှာနော်
   Ae ကနှုတ်ခမ်းဆူပြီးတော့ pete အနားကိုကပ်သွားတယ်
pete က Ae နှုတ်ခမ်းကိုလက်နဲ့တားလိုက်တယ်
Pete : မလုပ်နဲ့လေ
Ae : ဒါဆိုစားလေ
Pete က Ae ခွံ့ကျွေးတဲ့မုန့်ကိုစားလိုက်တယ် နှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရီလိုက်တယ်
....................
Jorn : Hey P , lunch စားပြီပြီလား?
Pete: Yes Jorn ငါ class ကိုပြန်လိုက်ဦးမယ်
....... ကျွန်တော်ပြင်သစ်ကိုရောက်နေတာ 6 လရှိနေပါပြီ ဒီအတောအတွင်း Ae ကကျွန်တော့်အနားမှာအမြဲရှိနေသလိုပါပဲ ကန်တင်းအသစ်မှာစားသောက်ရပေမယ့်လည်း ကျွန်
တော်တို့ကျောင်းအတိုင်းပါပဲ ............
Ae : Pete မချက်တတ်ဘဲနဲ့ ကိုလုပ်ပေးပါမယ်
   Ae ကအရှေ့ကနေဝင်ပြီးချက်ဖို့လုပ်လိုက်တော့ Pete ကခါးအနောက်ကနေဖက်ထားလိုက်တယ်
Ae : ချွဲနေပြန်ပြီ ကိုဆားနှစ်ခါမှားခတ်မိဦးမယ်
Pete : Ae ချက်တာငံနေလည်း ကျွန်တော့်အတွက်ကချိုမှာပါ
Ae : မင်းကလာမြှောက်နေပြန်ပြီ ငါရှက်တယ်ကွ
  Pete ကရှက်ပြုံးပြုံးပြီး Ae ချက်ပြီးတဲ့ထိအနားမှာကပ်ချွဲလိုက်တယ်
Ae : ရပါပြီ မြည်းကြည့်
  Ae က Pete ကိုခွံ့ကျွေးလိုက်တယ်
Pete : Ae ပြောသလိုပဲ ငံတယ်
Ae : ဟုတ်လား ထပ်မြည်းပါဦး
  Pete ကမြည်းဖို့ပြင်လိုက်တဲ့အချိန်မှာ Ae ကဇွန်းကိုဖယ်ပြီး Pete နှုတ်ခမ်းတစ်စုံကိုနမ်းလိုက်တယ်
Pete : Ae နော် ဘာလုပ်တာလဲ
Ae : ချိုသွားပြီလား အခု
Pete : မချိုသေးဘူး ငံတုန်းပဲ
Ae : ဟုတ်လား ဒါဆိုထပ်မြည်းပေးဦး
Ae က Pete ရဲ့ခါးကိုဆွဲဖက်လိုက်ပြီးအချိန်အတော်ကြာနမ်းလိုက်တယ် Ae ရဲ့နှုတ်ခမ်းလေးတွေကလောကမှာအချိုဆုံးအရသာပါပဲ ဒီတစ်သက်ဖျောက်ဖျက်လို့မရမယ့်အရာပေါ့
.............ပြင်သစ်စရောက်ထဲက ညနေဆို chef သင်တန်းကိုတက်ဖြစ်ခဲ့တယ် Ae ရဲ့ခါးအနောက်ကအမြဲဖက်နေရလို့ပြန်ဆုံရင်တော့ ကျွန်တော်ဟင်းချက်နေတုန်း Ae ကိုအ
နောက်ကနေဖက်ထားစေချင်တယ် ............
  Ae သူငယ်ချင်းတွေနဲ့ခရီးသွားတုန်းက pete က Ae အသံလေးပဲကြားရပြီးလူကိုမမြင်ရဘူး နှစ်ရက်လောက်လေးကိုသူ့မှာလွမ်းနေရတယ်
Pete : hello Ae Krub......
Ae : မင်းအသံလေးကဘယ်လိုဖြစ်နေတာလဲ
Pete : Ae ကိုဖုန်းဆက်မှပဲအလွမ်းဖြေနိုင်တယ် Ae က Fb မှာ
           တောင်ပုံတစ်ပုံမတင်တော့ ပုံလေးကြည့်ပြီးအလွမ်းဖြေ
           လို့တောင်မရဘူးနော်
........... ဒါကျောင်းတက်တုန်းကကျွန်တော် Ae ကိုပြောခဲ့ပေမယ့် Ae ရဲ့ FB acc ကိုအခုထိရှာမတွေ့ခဲ့ဘူး ဒါပေမယ့် ဇွဲမ
လျော့ပါဘူး ကျွန်တော်လည်းနေ့တိုင်းလုပ်သမျှတွေကို Ae မြင်ခဲ့ရင်ဆိုတဲ့စိတ်လေးနဲ့ အမြဲလူမှုကွန်ရက်ပေါ်တင်ဖြစ်တယ်လေ ကျွန်တော်နဲ့ Dali လက်ထပ်ပွဲကလည်းမလုပ်ဖြစ်ခဲ့တာကို သူသိအောင်ပြောချင်ပေမယ့် Tin နဲ့ Can ကလွဲရင်ဘယ်သူနဲ့မှအဆက်အသွယ်မရခဲ့ဘူး Mile ကိုလည်းလွန်ခဲ့တဲ့ 4 လကနောက်ဆုံးတွေ့ခဲ့ရတာပါပဲ ...............
Tin နဲ့ Can အိပ်ရာထဲမှာအကြည်စိုက်ပြီးနမ်းနေကြတာကို Pete မသိဘဲတံခါးကိုဆွဲဖွင့်လိုက်တယ်
Tin : Pete မင်းကွာ
Can : ငါတို့ကိုအရှိန်ပျက်အောင်လုပ်နေတာလား
Pete : မင်းတို့လုပ်မယ်ဆိုလည်း တံခါးလေးတော့ပိတ်သင့်
         တယ်လေ
Can : အင်း ပိတ်မယ် အခုထွက်သွားတော့
  Can က Pete ကိုခေါင်းအုံးနဲ့ပစ်ပေါက်လိုက်တယ်
Pete : ငါဧည့်ခန်းထဲမှာစောင့်နေမယ် မင်းတို့ပြီးရင်ထွက်ခဲ့ကြ
......... Tin နဲ့ Can ကအချိန်ရရင်ရသလိုကျွန်တော်ဆီအ
လည်လာကြတယ် ဒါပေမယ့် သူတို့ကိစ္စနဲ့တင်သူတို့ရှုပ်နေတာပါပဲ သူတို့ကိုကြည့်ရတာ ကျွန်တော်နဲ့ Ae ပုံရိပ်တွေကိုသတိရစေတယ် ........
Ae : Pete ဒီနေ့မင်းစာမေးပွဲကိုအဆင့်မြင့်မြင့်နဲ့အောင်ထား
      တယ်ဆိုတော့ ဆုမလိုချင်ဘူးလား
Pete: Ae ကဘာပေးမလို့လဲ
    Ae က pete အနားကိုကပ်ပြီးလေသံလေးနဲ့ပြောလိုက်တော့ Pete က Ae ကိုလက်ကလေးနဲ့ရိုက်လိုက်တယ်
Pete : Ae နော် အကျင့်ကိုမကောင်းဘူး
Ae : ဟာ အဲ့လိုပြောတယ်ပေါ့
Pete : ဟုတ်တယ်လေ Ae ကိုမလိုက်လျောခဲ့တာရှိလို့လား
           အဲ့လိုပြောရင်ရှက်ပါတယ်ဆိုမှ ပြောတာကို
Ae : ဘာကိုရှက်တာလဲ အားလုံးမြင်ဖူးပြီးသားပဲ အတူအိပ်ခဲ့
        တာလည်းအကြိမ် 100 လောက်ရှိပြီမလား
   Pete က Ae ကိုထပ်ရိုက်လိုက်တယ်
Pete : Ae ဘာတွေပြောနေတာလဲ 100  မရှိပါဘူးနော်
  Ae က Pete ရဲ့လက်တစ်စုံကိုဆွဲဖမ်းထားလိုက်ပြီးရင်ခွင်ထဲ
ဆွဲသွင်းထားလိုက်ပြီးနမ်းလိုက်တယ်
Ae : ဒီညအပါအဝင် 100 လို့သတ်မှတ်ချင်လို့ပါ
   Pete ဘယ်တော့မှ Ae ရဲ့အပြောလေးတွေ အထိအတွေ့လေးတွေကနေမလွတ်မြောက်နိုင်ပါဘူး ဘယ်လောက်ပဲ
ငြင်းငြင်းနောက်ဆုံးတော့လည်း Ae အနမ်းတွေကြားမှာငြိမ်
သက်သွားတာပါပဲ Ae ကဖြည်းဖြည်းချင်း Pete နှုတ်ခမ်းလေး
တွေကနေ Pete ရဲ့နှလုံးသားရှိရာရင်ဘက်လေးကိုရှိုက်နမ်း
လိုက်တယ် Pete လည်း Ae ရဲ့အင်္ကျီကိုဆွဲချွတ်လိုက်တယ် ဒီလိုအချိန်ဆို သူ့ရဲ့ရှက်စိတ်ကဘယ်ရောက်သွားမှန်းတောင် Pete မသိတော့ပါဘူး Ae လုပ်နေတာကိုဆက်လုပ်စေချင်တာပဲသိတော့တယ် ဒီလိုအချိန်ကရင်ခုန်ရလွန်းလို့အသက်ရှု
တောင်မမှန်နိုင်ပါဘူး Ae နှုတ်ခမ်းကပေးတဲ့လေကိုသာရှုရှိုက်
နေရသလိုပဲ Ae အနမ်းကိုပဲတောင့်တနေမိတယ် Ae ရဲ့ဆံသားလေးတွေကြားထဲကို Pete လက်ကတိုးဝင်သွား
တယ် မောဟိုက်နေပေမယ့်ဒီလိုခံစားချက်ကိုတော့ဘယ်လိုမှမငြင်းနိုင်ပါဘူး ဒါက Ae တစ်ယောက်ထဲကပဲပေးနိုင်တဲ့ခံစားချက်မျိုးပဲလေ..................
    [ sorry guys, I should stop for 18+ ]
Tin : Pete မင်းကလည်း အသံတောင်မပေးဘူး
Pete : ငါအသံပေးတာပဲ မင်းတို့စိတ်တွေကကြွနေတော့မ
           ကြားဘူးမလား
Can : တော်ပါတော့ ဘယ်လိုလဲ ဒီရက်အတွင်းအဆင်ပြေ
          တယ်မလား
Pete : ပြေပါတယ် ဒါနဲ့ Ae အကြောင်းဘာကြားသေးလဲ
Tin : Pond သိမှာကျိန်းသေတယ် ဒါပေမယ့် လုံးဝမပြောဘူး
          သူ့စိတ်ထဲမှာမင်းကိုတော်တော်တင်းနေတယ်
pete : သူနဲ့မင်းတို့စကားမပြောကြည့်ဘူးလား
Can : ငါ့ကိုတောင် Pond ကစကားကောင်းမပြောတော့ဘူး
          ကျောင်းပြီးသွားတော့ အရင်လိုလည်းအမြဲမတွေ့ဖြစ်
           ကြဘူး
Pete : အားလုံးအဆင်ပြေကြတယ်မလား
Tin : ပြေပါတယ် Chonpuu လည်းဒီနှစ်ပြီးရင်ဘွဲ့ယူတော့
          မယ် Pond ကအလုပ်ဝင်နေပြီ Charen နဲ့လက်ထပ်
          တော့မယ်တောင်ကြားတယ်
Pete : ငါတောင်ဒီကိုရောက်နေတာ ၂ နှစ်ရှိပြီ
Can : Pete Ae ကမင်းကိုစောင့်နေပါ့မလား သူကနာကျင်မှု
           တွေနဲ့ကျန်ခဲ့တာ
Pete : ငါသူ့အတွက်စာတစ်စောင်ထားခဲ့ပါတယ်
Tin : သူစာရရင်မင်းကိုဆက်သွယ်မှာပဲ ဒါပေမယ့် အခု Ae သ
         တင်းတောင်ကြားရလို့လား
Pete : Pond ဘယ်တော့မင်္ဂလာဆောင်မှာလဲ
Can : လိုပါသေးတယ် သူတို့စိတ်ကူးထားတုန်းပဲရှိသေးတာ
Pete : Pond မင်္ဂလာဆောင်ရင်တော့ Ae ရှိမှာသေချာတယ်
Tin : မင်းအဖေကမင်းကိုအလွတ်ပေးလို့လား အခုထိလိုက်
       ကြည့်နေတုန်းပဲမလား
Can : pete မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ် ငါတို့မင်းကိုနား
          လည်ပါတယ်
Pete : ကျေးဇူးတင်တယ် Can
............... Ae အကြောင်းကိုကျွန်တော်ပြင်သစ်ရောက်ထဲကမကြားရတော့ဘူး စိုးရိမ်မိပေမယ့် သူကောင်းကောင်းရှင်သန်
နေမှာပါ............
Ae နဲ့ Mile နှစ်ယောက်တွဲပြီးလမ်းလျှောက်လာကြတယ်
Mile : P ခဏစောင့်ဦးနော် Mile cake ဝယ်ချင်လို့
Ae : inn သွားလေ
Mile ဆိုင်ထဲဝင်သွားတော့ Ae ကအပြင်မှာရပ်စောင့်နေတယ်
Jorn : P ငါမင်းကိုခေါ်သွားမှာနေရာသစ်လေးနော်
Pete : ဟုတ်လား Jorn
   Pete တို့သူငယ်ချင်းနှစ်ယောက်လမ်းတစ်ဖက်ကိုကူးဖို့လုပ်တုန်းမီးပွိုင့်နီသွားလို့ရပ်စောင့်နေကြတယ် Pete လက်ထဲကစာအုပ်တွေလွတ်ကျသွားတယ်
Jorn : P ဘာဖြစ်လို့လဲ
Pete : A ...Ae
   သူလမ်းတစ်ဖက်က Ae ကိုလှမ်းမြင်လိုက်တယ်
Pete : Ae Ae
   Pete အော်ခေါ်ပေမယ့်လည်းပြင်သစ်ကလမ်းမကျယ်ကြီး
ကြောင့် Ae မကြားနိုင်ဘူး ကုန်ကားတစ်စီးက Pete ရဲ့မြင်
ကွင်းရှေ့မှာပိတ်နေမိတယ် မီးစိမ်းတာနဲ့ Pete လမ်းတစ်ဖက်
ကိုအမြဲကူးသွားတယ် ဒါပေမယ့် ခုနကနေရာမှာ Ae ကိုမတွေ့
ရတော့ဘူး သူအတတ်နိုင်ဆုံးဒီနေရာပတ်ဝန်းကျင်ကိုလိုက်
ရှာပေမယ့်အရိပ်အယောင်တောင်မတွေ့ရပါဘူး သူ့စိတ်က
မှားမြင်တာလားလို့ပြန်တွေးခဲ့ပေမယ့်တကယ်တွေ့လိုက်ရသလိုပါပဲ
......... ပြင်သစ်ရောက်နေတဲ ၂ နှစ်အတွင်းမှာဒါ Ae ကိုပထမဆုံးမြင်လိုက်မိတာပါ သူပြင်သစ်မှာပဲလား ဒါမှမဟုတ် ကျွန်
တော့်ကိုလာရှာတာလား ဘာပဲဖြစ်ဖြစ် Ae ကောင်းကောင်း
ရှင်သန်နေတဲ့ပုံပါပဲ............
Ae : Mile ကြာနေလို့လိုက်လာတာ
Mile : ခဏစောင့်ရမယ်ဆိုလို့ ဒီမှာ P အတွက် coffee
Ae : ကျေးဇူးပါ
............. အခု Ae က Mile လက်ထဲမှာပါ သူ့ကိုအရင်ကဖွက်
ထားခဲ့ပေမယ့် အခုတော့ဘယ်သွားသွားလက်တွဲသွားနိုင်နေ
ပြီ အဲ့လိုသွားနိုင်တဲ့အကြောင်းအရင်း Mile ဆီမှာရှိနေလို့ပါ ............
                      Part 17 ( the end )

love by chance season 2 ( Aepete )Where stories live. Discover now