Part 22

2.7K 185 31
                                    

မနက်ရောင်ခြည်လေးသန်းလာတော့ လှလွန်းတဲ့နေမင်း
ကြီးက Pete နဲ့ Ae မျက်နှာပေါ်ကိုအလင်းလေးပေးလိုက်တယ် နေအလင်းရောင်ကြောင့် Pete နိုးလာခဲ့တယ် အရင်လိုသူတစ်ယောက်ထဲမဟုတ်ပါဘူး ဒီနေ့မနက်တော့အချစ်ကသူနဲ့
အနီးဆုံးနေရာမှာရှိနေတာပါ အပေါ်အင်္ကျီတွေဘာမှမဝတ်
ထားဘဲညကအဲယားကွန်းဖွင့်ထားတော့အေးနေပေမယ့် Ae ကသူ့ရင်ခွင်ထဲ Pete ကိုထည့်ထားပြီးအိပ်နေတာဆိုတော့
Pete အတွက်နွေးထွေးလွန်းပါတယ် Ae အိပ်နေတာလေးကို
ကြည့်မဝကိုဖြစ်နေတာပါ ကြည့်ရင်းကြည့်ရင်းနဲ့ကိုအသဲယား
လွန်းလို့ Ae ရဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်တယ်
Ae : ခိုးနမ်းတာလား
Ae ကမျက်လုံးမဖွင့်ဘဲတီးတိုးလေးပြောလိုက်တယ် Pete
က Ae အပေါ်ကိုတက်လိုက်ပြီး Ae နဲ့မျက်နှာချင်းဆုံလိုက်တယ် Ae ကသူ့ရဲ့မျက်လုံးကိုဖွင့်လိုက်တယ် Pete ကပြုံးပြီး
Pete : ခိုးနမ်းတာမဟုတ်ပါဘူး ပေါ်တင်နမ်းတာပါ
Pete က Ae နှုတ်ခမ်းကိုထပ်ပြီးနမ်းလိုက်တယ်
Ae : ညထဲကရင်ထဲမှာပူနေတာပျောက်သေးတာမဟုတ်ဘူး
နော် အပူတွေပေါက်ကွဲလိုက်ရင်ပုစွန်လေးတော့ကင်ပြီး
သားဖြစ်သွားလိမ့်မယ်
Pete : Ae နော်
Pete က Ae ရဲ့ရင်ဘတ်ပေါ်မှာခေါင်းလေးတင်ပြီးအိပ်နေ
ရာကနေရုတ်တရတ်သူ့ခေါင်းကိုထောင်ပြီး Ae ကိုကြည့်လိုက်
တယ်
Pete : ပုစွန်ဆိုတဲ့စကားကို Ae ဘယ်လိုသိတာလဲ Ae မှတ်မိ
လာတာလား
Ae : မဟုတ်ပါဘူး ဒီတိုင်းပြောလိုက်တာပါ ဆက်အိပ်နေပါ
Ae က Pete ရဲ့ခေါင်းလေးကိုသူ့ရင်ဘတ်ပေါ်ပြန်တင်ပြီးဆံ
သားလေးတွေကိုကလေးလေးတစ်ယောက်လိုပွတ်သပ်ပေး
နေတယ် ရုတ်တရက် Ae ရဲ့ဖုန်းမြည်လာတယ်
Pete : Ae ဖုန်းလာနေတယ်လေ
Ae : ထားလိုက်ပါ Mile ဆီကလာတာနေမှာပေါ့
Pete : မကိုင်ဘူးလား
Ae : အခုမကိုင်ချင်သေးဘူး
Ae က Pete ရဲ့ခေါင်းလေးကိုနမ်းပြီးပြောလိုက်တယ်
CH : Mile ငြိမ်ငြိမ်ထိုင်ပါ
Mile : ထိုင်လို့မရဘူး P Ae ဖုန်းမကိုင်ဘူး
Mile ကထပ်ဆက်ဖို့ဖုန်းကိုနှိပ်နေတုန်း Pond ကလှမ်းယူ
လိုက်တယ်
Mile : Pond ဘာလုပ်တာလဲ
Pond : နင့်စိတ်ကိုအေးအေးဆေးဆေးထားပါဦး သိပ်ပူမနေနဲ့
.......... ကြောက်မိတယ် Ae က Pete ကိုပြန်ချစ်သွားမှာ Ae အရင်ကဟာတွေမှတ်မိသွားမှာ သိပ်ကြောက်မိတယ်..........
Ae နဲ့ Pete ကလေဆိပ်ကိုအတူဝင်လာကြတယ်
Ae : အိတ်သွားအပ်လိုက်ဦးမယ် ပေးပါ
Pete မျက်နှာလေးအခုလိုမပြုံးနိုင်တာသုံးနှစ်ကြာခဲ့ပါပြီ Ae နဲ့အတူရှိနေရင်သူကချွဲတတ်တဲ့ကလေးတစ်ယောက်လိုပါပဲ
Ae : ပြီးပြီ သွားရအောင်
Ae က Pete ရဲ့လက်ကိုဆွဲပြီးခေါ်သွားတော့ Pete ကအတူတွဲထားတဲ့လက်လေးကိုကြည့်ပြီးအရမ်းပျော်နေမိတယ်
Ae : မင်း အဲ့လက်စွပ်ကိုပြန်မဝတ်ထားဘူးလား
Pete : Ae မှတ်မိလာတဲ့နေ့ကျရင် Ae ကိုယ်တိုင်ပဲဝတ်ပေးပါ
Ae : အင်း အဲ့နေ့ဝတ်ပေးပါမယ် ကတိပေးပါတယ်
Pete : အခုကိုင်ထားတဲ့ Ae ရဲ့လက်လေးတွေကိုအရမ်းသ
ဘောကျတာပဲ အိမ်မက်ဆိုရင်တောင်ပြန်မနိုးချင်တော့
ဘူး
Ae က Pete ရဲ့ပါးကိုဆွဲညစ်လိုက်တယ်
Pete : အား
Ae : အိမ်မက်မဟုတ်ပါဘူးနော်
Pete : Ae မနေ့ကထိ Ae ပုံစံကဒီလိုမဟုတ်သလိုပဲ အခုအရင်
က Ae များလားဆိုပြီးသံသယဝင်မိတယ် Ae ပြန်မှတ်
မိနေတာတော့မဟုတ်ပါဘူးနော်
Ae : မမှတ်မိဘူး ဘာလို့လဲ အရင်က Ae ကိုပဲချစ်လို့လား
Pete က Ae ရဲ့လက်မောင်းလေးကိုချိတ်ပြီးပခုံးလေးပေါ်မှီ
လိုက်တယ်
Pete : Ae ဆိုတာ Pete အတွက်တစ်ယောက်ထဲပါ တစ်ဦးထဲ
သောချစ်ရသူပါ
Ae နဲ့ Pete တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြုံးလိုက်
တယ်
Ae : အိမ်ပြောင်းမလို့ဆို မနေ့ကပြောတာကြားမိတယ်
Pete: inn အရင်နေခဲ့တဲ့အခန်းလေးကိုပြောင်းနေမလို့
Ae : aww ဘာကူပေးရမလဲ
Pete : မလိုပါဘူး ပစ္စည်းတွေကိုနေရာချခိုင်းပြီးပါပြီ Ae အနား
မှာရှိပေးရင်ပဲရပါပြီ ဒါနဲ့ Ae အခုကျွန်တော်တို့ကချစ်
သူတွေလား
Ae : တစ်ညလုံးအတူတူအိပ်ပြီးပြီပဲလေ ချစ်သူမဟုတ်ရင်ဘာ
ဖြစ်ရမှာလဲ
Pete သူ့ရဲ့အပြုံးကိုထိန်းမထားနိုင်တော့ဘူး
Ae :မပြုံးပါနဲ့ဆို လေယာဉ်ပေါ်မှာနမ်းလို့မသင့်ဘူးလေ
Pete : Ae Mile ကိုဘယ်လိုလုပ်မှာလဲ
Ae : Mile ကိုလက်လွှတ်လို့မရသေးဘူး လုပ်စရာရှိသေး
       တယ်
   လေဆိပ်မှာ Mile တို့အားလုံးစောင့်နေကြတယ်
Mile : P Ae
Ae : ကောင်မလေး တောင်းပန်ပါတယ် ဖုန်းအသံပိတ်ထား
      တာမသိလိုက်ဘူး
Mile : အိမ်ပြန်ရအောင်
Ae : အင်း ပြန်မယ်လေ ငါတို့သွားနှင့်မယ်
Can : hy Pete အခြေအနေဘယ်လိုလဲ
Pete : Can ပြောတာနားမလည်ဘူး
   Can က Pete ကိုတားပြီးထပ်မေးလိုက်တယ်
Can : နေဦး နေဦး မင်းကတစ်နေ့ပဲ Ae နဲ့အတူနေလာတာ
        ဘယ်လိုဖြစ်ပြီး အရင် Pete ပုံစံပြန်ဖြစ်သွားတာလဲ
Tin : Ae ကစွမ်းလို့နေမှာပေါ့
Pete : မင်းတို့တွေ ငါ့ကိုလာနောက်မနေနဲ့ ဖယ်ကြ
  Pete ထွက်သွားတော့ Tin နဲ့ Can ကရီပြီးကျန်နေခဲ့တယ်
Pete တို့အရင်ကနေခဲ့တဲ့အခန်းကအခုဆိုရင်အထီးမကျန်
တော့ပါဘူး Pete ကတစ်ခန်းလုံးကိုအရင်အတိုင်းနေရာချ
ထားပြီးတော့ သူသိမ်းထားတဲ့ Ae နဲ့ဓာတ်ပုံလေးတွေကို
လည်းအရင်အတိုင်းပြန်ထားလိုက်တယ် Ae ရဲ့ဓာတ်ပုံလေးကိုကြည့်ပြီးသူ့မျက်နှာကအပြုံးလေးတွေဝေဆာနေတယ်
Pete : hello Mae ဘယ်တော့လာမှာလဲ
Mom : သားအဖေကိစ္စတွေအပြီးသတ်ပြီးရင်အမေပြန်လာမှာ
             ပါ သားအဆင်ပြေရဲ့လား Ae နဲ့ရော တွေ့ပြီးပြီလား
Pete : တွေ့တယ် Mae သားအားလုံးအဆင်ပြေပါတယ် Mae
            လာရင်ပြောပါ သားလာကြိုပါ့မယ်
Mom : အင်းပါ သားလေး ဒါဆိုအမေဖုန်းချလိုက်မယ်နော်
Pete : ဟုတ်ကဲ့ Mae
    Ae ရဲ့အခန်းထဲကို Ae အမေဝင်လာတယ်
Mom : သား
Ae : လာလေ အမေ ဘာပြောဖို့လဲ
Mom : သားနဲ့ Mile လက်ထပ်ဖို့သားဘာတွေကိုစောင့်နေ
             တာလဲ အမေကမြေးချီချင်နေပြီ သားလည်းမငယ်
             တော့ပါဘူး
Ae : အမေ သား Mile ကိုလက်မထပ်ချင်သေးဘူး
Mom : ဘာလို့လဲ Mile ကသားနားမှာအတူတူနေခဲ့တာလေ
             သူ့လိုမိန်းကလေးမှလက်မထပ်ရင် သားဘယ်သူ့ကို
             ယူမှာလဲ
Ae : သားစိတ်တွေရှုပ်ထွေးနေတယ် အမေတို့ကိုမယုံတာမ
        ဟုတ်ပေမယ့် သားအရင်ထဲက Mile ကိုမချစ်ခဲ့ဘူးလို့
        ထင်တယ် Mile သားကိုအရမ်းချစ်တာသိပေမယ့် သား
         မချစ်ဘဲဘယ်လိုလက်ထပ်မလဲ
Mom : Ae တော်တော့ မင်းအချစ်ကိုလိုက်ရှာနေလို့ မင်းအ
            တွက်ဘာရလို့လဲ အနားကလူကိုလက်မထပ်ဘဲဘာ
             ကိုလျှောက်တွေးနေတာလဲ
Ae : တောင်းပန်ပါတယ် အမေ ကျွန်တော့်ကိုအချိန်နဲနဲပေးပါ
   Ae အခန်းထဲကနေထွက်သွားတော့ အောက်ထပ်မှာ Mile က Yinn နဲ့ဆော့နေတယ်
Mile : P ဘယ်သွားမလို့လဲ
Ae : အကိုအပြင်ခဏသွားမလို့ပါ
   Ae က Mile ကိုလှည့်မကြည့်ဘဲထွက်သွားတယ် လမ်း
လျှောက်နေရင်းနဲ့ပဲ Ae ဖုန်းထဲကို video mes တစ်စောင်ဝင်
လာတယ်
Pete အခန်းဘဲလ်သံကြားလို့ Pete တံခါးကိုဖွင့်လိုက်တယ် Ae ကိုသူမြင်လိုက်ရတယ်
Pete : Ae ဒီအချိန်ကြီး
   Ae ကတံခါးကိုပိတ်လိုက်ပြီး Pete ပါးနှစ်ဖက်ကိုကိုင်လိုက်
တယ် Pete ကိုသူအချိန်အတော်ကြာစိုက်ကြည့်နေလိုက်တယ် Pete လည်း Ae ရဲ့တောက်ပနေတဲ့မျက်လုံးတစ်စုံကိုပဲ
ကြည့်နေမိတယ်
Pete : Ae ဘာလို့လဲ
    Ae က Pete ကိုအတင်းနမ်းလိုက်ပြီးတော့နံရံဆီတွန်းလိုက်
တယ် Ae အနမ်းကကြမ်းလာတာကြောင့် Pete က Ae ကိုခဏတွန်းဖယ်လိုက်တယ်
Pete : နေပါဦး Ae ဘာဖြစ်နေတာလဲ
   Ae မျက်လုံးကနေမျက်ရည်တွေကျလာတယ်
Ae : တစ်ခွန်းမှမပြောနဲ့ ငါမင်းကိုအပြစ်ပေးမလို့
  Ae က Pete ကိုအတင်းဆွဲနမ်းလိုက်ပြီး Pete ရဲ့ညအိပ်ဝတ်
စုံကိုဆွဲဖြဲလိုက်တယ် ပြီးတော့ Pete ရဲ့ဖြူဖွေးနေတဲ့ရင်ဘတ်
တွေကိုနမ်းလိုက်တယ်
Pete : Ae Ae
Ae : ဘာမှမပြောနဲ့ မင်းတစ်ခွန်းပြောတိုင်းငါကပိုကြမ်းလာ
       အောင်နမ်းပြစ်မှာ
    Ae အခုလိုဖြစ်တာတစ်ခါမှမတွေ့ဖူးလို့ pete လည်းလန့်နေ
ခဲ့တယ် သူမှင်သက်နေလို့ Ae နမ်းရင်းနဲ့သူ့ကိုအိပ်ရာထဲဆွဲခေါ်သွားတာတောင်မသိလိုက်တဲ့ပုံပါပဲ Ae က Pete အပေါ်ကနေပြီးသူ့ T shirt ကိုချွတ်လိုက်တယ်
Ae : အဲ့လိုမျက်နှာမျိုးနဲ့မကြည့်နဲ့ ငါဒီလောက်နဲ့ရပ်ဦးမှာမ
       ဟုတ်ဘူး ဒီညမင်းဆီကအသံမထွက်မချင်းငါရပ်ပစ်မှာ
       မဟုတ်ဘူး
   Ae က Pete ရဲ့လက်တွေကိုချုပ်ကိုင်ထားလိုက်တယ်
Ae : မင်းမတောင်းပန်မချင်း ငါမရပ်ဘူး
Pete : Ae
Ae : မင်းကိုတောင်းပန်ပါတယ်လည်းပြောမှာမဟုတ်ဘူး မင်း
       မနာကျင်အောင်လည်းငါထိန်းမှာမဟုတ်တော့ဘူး
  Ae ကမောဟိုက်နေပေမယ့်လည်းဆက်ပြောခဲ့တယ် ဒီလိုစ
ကားမျိုးတွေ Ae ဆီကမကြားခဲ့ဖူးဘူး ဘာလို့ရုတ်တရက် Ae ဒီလိုတွေပြောနေရတာလဲ Ae မျက်နှာမှာအရောင်တွေ
တောက်လွန်းနေတယ်
Ae : အဲ့လိုမကြည့်နဲ့ သုံးနှစ်တောင်ငါ့ကိုထားခဲ့လို့ မင်းအပြစ်
        ပေးခံရမယ် ငါဒီညလုံးဝထိန်းချုပ်မှာမဟုတ်ဘူး
   Ae က Pete ကိုမျက်ရည်တွေစီးကျပြီးဆက်နမ်းလိုက်တယ်
........ ငါမင်းကိုမမှတ်မိဘူးလို့မင်းထင်နေတာလား Pete
ငါ့ဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်မယ့်သူ ငါ့ဘဝရဲ့ထာဝရချစ်မယ့်သူက မင်းတစ်ယောက်ထဲပါ Pete ...............
                           Part 22 ( the end )

love by chance season 2 ( Aepete )Tempat cerita menjadi hidup. Temukan sekarang