Final Episode❤️

4K 240 31
                                    

    မနက်ခင်းအလုပ်သစ်ဝင်ဖို့အတွက် Ae ရေမိုးချိုးပြီးပြင်ဆင်
နေတုန်း Pete က Ae အတွက်မနက်စာပြင်ပေးနေတယ်
Pete ကြည့်ရတာမပင်ပန်းဘဲတက်ကြွနေတာပါပဲ Ae က
နက်တိုင်တစ်ခုကိုင်ပြီးအခန်းထဲကထွက်လာတယ်
Ae : Pete ဒါကြီးကိုမစည်းဘဲသွားလို့မရဘူးလား
    Pete က Ae လက်ထဲကနက်တိုင်ကိုယူပြီးစည်းပေးလိုက်
တယ်
Pete : မရပါဘူး အလုပ်စဝင်တဲ့နေ့မှာဒီလောက်တော့ဝတ်မှ
        ရမယ် ရပြီ Ae ကခန့်လိုက်တာ
Ae : မင်းမြှောက်ပြန်ပြီ
Pete : Ae မနက်စာစားတော့ ပြီးရင်ကျွန်တော်ကားနဲ့လိုက်ပို့
        မယ်
  Ae ကစားပွဲခုံမှာထိုင်ပြီးတော့ Pete ကိုကြည့်နေတယ် Pete
ကတစ်ယောက်ထဲအခန်းထဲဝင်လိုက်ထွက်လိုက်နဲ့ရှုပ်ယှက်
ခက်နေတယ်
Ae : Pete မနက်စာလာစားပါ ဘာတွေအဲ့လောက်လောနေ
ရတာလဲ ကိုတောင်မူးလာပြီ
Pete : Ae အတွက်အားလုံးလုပ်ပေးချင်လို့ပါ
Ae က Pete လက်ကိုဆွဲပြီးထမင်းစားပွဲမှာထိုင်ခိုင်းလိုက်
တယ်
Ae : ကို့အတွက်ဘာမှလုပ်ပေးဖို့မလိုပါဘူး မင်းပင်ပန်းမယ်
Pete : inn စားရအောင်လေ
Ae : ခဏလေး
Ae ကဆော့စ်ပုလင်းကိုယူလိုက်ပြီး Pete ရဲ့မုန့်ပေါ်မှာအသဲပုံလေးဆွဲပေးလိုက်တော့ Pete ကချက်ချင်းပြုံးလိုက်တယ်
Ae : ကြိုက်လား
Pete : Ae မေးဖို့လိုသေးလို့လား ကြိုက်လွန်းလို့ပါးစပ်တောင်
စိလို့မရတော့ဘူးလေ
Ae ကချက်ချင်းထရီလိုက်တယ်
Pete : ဘာရီတာလဲ
Ae : သဘောကျလို့ မင်းကချစ်ဖို့ကောင်းလွန်းလို့ စားတော့
ကိုနောက်ကျနေမယ်
Pete က Ae ကိုကားမောင်းပြီးရုံးကိုလိုက်ပို့ပေးတယ် ကား
မောင်းနေတုန်းလည်းသူတို့လက်တစ်စုံကတွဲထားတုန်းပါပဲ နှစ်ယောက်လုံးရဲ့အပြုံးတွေကဘယ်လိုမှထိန်းမရတော့ပါဘူး
Ae : ရောက်ပြီ ကိုသွားတော့မယ် ညနေမှတွေ့မယ်
Ae ကကားထိုင်ခုံခါးပတ်ကိုဖြုတ်ပြီးကားတံခါးဖွင့်ခါနီးမှာ Pete က Ae လက်ကိုဆွဲလိုက်တယ်
Ae : ဘာကျန်သေးလို့လဲ
Pete ကမျက်နှာကို Ae ဘက်ကိုလှည့်ပြီးသူ့နှုတ်ခမ်းကိုစူပြလိုက်တယ် Ae ကပြုံးပြီးတော့ Pete ရဲ့ပန်းရောင်သမ်းနေတဲ့
နှုတ်ခမ်းလေးကိုနမ်းလိုက်တယ်
Pete : မှတ်ထားနော် နောက်ဆို အလုပ်သွားမယ့်မနက်တိုင်း
အနမ်းပေးရမယ် ဒီလိုမျိုးလေး
Pete ကချွဲပြစ်နေတဲ့အသံလေးနဲ့ပြောလိုက်တော့ Ae က
နောက်တစ်ခါထပ်နမ်းလိုက်တယ် ပြီးတော့ Pete ပါးကိုမ
လွှတ်ဘဲဆက်ကိုင်ထားတယ်
Ae : ဒါကမနေ့ကအတွက်
Pete ကြောင်ကြည့်နေတုန်းနောက်တစ်ခါထပ်နမ်းလိုက်တယ်
Ae : ဒါကဟိုနေ့မနက်ကအတွက်
ပြီးတော့နောက် သုံးလေးခါဆက်တိုက် Pete ပါးကိုကိုင်ရင်းထပ်နမ်းလိုက်တယ်
Ae : ဒါကဟိုနေ့ ဟိုနေ့ ဟိုနေ့တွေရဲ့မနက်အတွက်
Pete : Ae အဲ့လိုသာပေးနေရင်ကျွန်တော်နှုတ်ခမ်းလည်းပြား
တော့မှာပဲနော်
Ae : ရှက်တာလား မျက်နှာလည်းနီရဲနေတာပဲ
Pete : Ae ကပါးကိုမလွှတ်ဘဲကိုင်ထားတာကို
Ae : ဒါဆို သွားတော့မယ်
Pete : inn ညနေလာကြိုမယ်နော် တာတာ့
Pete က Ae ကိုလက်ပြပြီးပြန်ထွက်လာတယ်
Pete : hello Tin မနက်ဖြန် Ae မွေးနေ့ရှိတယ် မင်းတို့အား
         လုံးအခန်းကိုလာခဲ့ကြလေ အင်း ဒါဆိုဖုန်းချလိုက်မယ်
နောက်နေ့မနက်မိုးလင်းတော့ Pete က Ae ကိုနှိုးလိုက်တယ်
Pete : Ae ထတော့ Ae
Ae : ခဏလေးအိပ်ပါရစေ
   Ae ကခေါင်းအုံးနဲ့ကာပြီးဆက်အိပ်နေတော့ Pete ကခေါင်းအုံးကိုအတင်းဆွဲဖယ်တယ်
Pete : Ae ဒီနေ့ Ae မွေးနေ့နော် ဘုရားအတူသွားမယ်
         ထပါဆို
  Pete ကဆူပုပ်ပုပ်အသံလေးနဲ့ပြောလိုက်တော့ Ae ကထလိုက်တယ်
Ae : အင်းပါ ချစ်သူလေးရယ် သွားမယ်နော် မျက်နှာသစ်
       လိုက်ဦးမယ်
Pete : မျက်နှာသစ်ရုံပဲလား မရပါဘူး ခေါင်းလျှော်မှရမှာပေါ့
   Pete က Ae ကိုရေချိုးခန်းထဲကိုအတင်းဆွဲခေါ်သွားတယ်
Ae : ဘာလုပ်မလို့လဲ
Pete : ထိုင်ပါ ခေါင်းလျှော်ပေးချင်လို့
   Ae ကသူ့အင်္ကျီကိုဆွဲချွတ်လိုက်တော့ Pete ရုတ်တရက်လန့်သွားတယ်
Pete : Ae အက်ႌက
Ae : ဘောင်းဘီပါချွတ်ရမှာလား ခေါင်းပဲလျှော်ပေးလို့မရဘူး
        လေ ရေပါချိုးပေးရမှာ
  Ae က Pete ကိုပါ Bathtub ထဲဆွဲခေါ်လိုက်ပြီး pete ရဲ့အင်္ကျီကိုပါချွတ်လိုက်တယ်
Ae : မှတ်မိသေးလား တို့တွေပထမဆုံးဒီမှာရေအတူချိုးခဲ့ဖူး
      တာကို
Pete : မှတ်မိတာပေါ့ အရမ်းရင်တွေခုန်ခဲ့တာ
Ae : အခုလည်းရင်ခုန်အောင်လုပ်ပေးရမလား
  Ae က Pete ရဲ့ခါးကိုဖက်ပြီးစနမ်းလိုက်တယ် Pete ရဲ့လက်က Ae ရဲ့လည်ပင်းကိုဖက်ထားပြီး Ae ပေးတဲ့အနမ်း
လေးကိုခံစားခဲ့တယ်
  Ae နဲ့ Pete ဘုရားမှာအတူတူဘုရားရှိခိုးပြီးဆုတောင်းခဲ့ကြတယ် Ae က Pete လက်အုပ်လေးချီပြီးမျက်လုံးလေးမှိတ်
ကာဆုတောင်းနေတဲ့ပုံလေးကိုလှပလွန်းလို့ငေးကြည့်နေခဲ့တယ်
Pete : Ae ဘာလို့အဲ့လိုကြည့်နေတာလဲ
Ae : မင်းက အရမ်းလှတဲ့ပန်းချီကားတစ်ချပ်လိုပဲ ငါ့အတွက်
      ဆွဲဆောင်မှုရှိလွန်းတယ်
Pete : Ae ကျွန်တော်ဘာဆုတောင်းလဲသိလား
Ae : ဘာဆုတောင်းလဲ
Pete : Ae နဲ့ဘဝဆက်တိုင်းဆက်တိုင်း ဘယ်လိုပဲဖြစ်နေပါ
         စေ ပေါင်းဆုံရပါစေ နောင်ဘဝကျရင်လည်း Ae
         အတွက်သားသားမီးမီးလေးတွေမွေးပေးနိုင်တဲ့မိန်းက
           လေးတစ်ယောက်ဖြစ်ပါစေလို့လေ
   Ae ကသူ့ကိုပြုံးကြည့်နေတဲ့ Pete ရဲ့ဆံသားနုနုလေးတွေကိုသပ်တင်လိုက်တယ်
Ae : ကိုကတော့တစ်ခုပဲဆုတောင်းတယ် အမြဲတမ်းမင်းကိုပိုင်
         ဆိုင်ခွင့်ရှိပါစေလို့လေ
Ae က Pete လက်လေးကိုကိုင်ပြီးတော့
Ae : ကိုတို့တွဲလက်တွေဘယ်တော့မှမခွဲတော့ဘူးနော် ကိုဘု
        ရားရှေ့မှာမင်းကိုကတိပေးတယ် နောက်ဘယ်လိုအခက်
      အခဲပဲရှိရှိ အတူလက်တွဲပြီးရင်ဆိုင်မယ်
  Ae ဘုရားရှေ့မှာပေးလိုက်တဲ့ကတိစကားတစ်ခွန်းကြောင့်
Ae ကိုပိုပိုပြီးချစ်မိသွားသလိုပါပဲ
အခန်းထဲရောက်တော့မီးတွေအကုန်ပိတ်ထားတာတွေ့တယ်
Pete : Ae ထွက်သွားတုန်းကမီးပိတ်ခဲ့လို့လား
Ae : သတိတောင်မထားမိဘူး ပိတ်ခဲ့လို့ဖြစ်မှာပေါ့
  Ae က Pete ကိုနံရံဆီကိုတွန်းပြီးတော့ရီလိုက်တယ်
Pete : ဘာဖြစ်လို့လဲ Ae မီးဖွင့်မလို့လေ
Ae : မီးမှောင်နေတော့ပိုကောင်းတယ်လေ ကိုနမ်းလို့ပို
      ကောင်းတာပေါ့
Pete : Ae နော်
  Ae က Pete ကိုနမ်းလိုက်တဲ့အချိန်မှာပဲ
" Happy Birthday " Tin တို့အုပ်စုရဲ့အသံကျယ်ကြီးနဲ့အတူမီးတွေလင်းလာတော့ Pete ရှက်ရှက်နဲ့မျက်နှာကိုဖုံးထားလိုက်တယ်
Ae : မင်းတို့ကောင်တွေ ဘယ်တုန်းက ရောက်တာလဲ
Pond : Ae ငါတို့မွေးနေ့ပါတီကိုမင်းအံ့သြအောင်လာကျင်းပ
             တာပါ မင်းတို့ဒီလိုကြီးနမ်းနေမယ်လို့မသိဘူးလေ
Ae : Pond မသာကောင်
   Ae ကထုံးစံအတိုင်း Pond ကိုလိုက်ရိုက်တော့တာပါပဲ
Can : တော်သေးတာပေါ့ ငါတို့စောစောအော်လိုက်လို့ မ
         ဟုတ်ရင် 18+ ကားကြည့်နေရသလိုဖြစ်နေတော့မယ်
Pete : Can
   Pete ကရှက်ရှက်နဲ့ Can ကိုအော်လိုက်တယ်
CH : တော်ကြပါတော့ မွေးနေ့ကိတ်လှီးဖို့လုပ်ကြပါ
Ae ရဲ့မွေးနေ့ပွဲကိုအားလုံးအတူပျော်ပျော်ကြီးဆင်နွှဲခဲ့ကြ
တယ်
Pete : Ae ဒီနေ့ကျွန်တော်ဒါဝတ်မှရမှာလား အဖြူဝမ်းဆက်
          ကိုဘာလို့ဝတ်ခိုင်းတာလဲ
Ae : ဒီနေ့ Tin အိမ်မှာ white party ရှိတယ်ဆိုလို့မင်းအ
      တွက်ဝယ်ထားတာ ညနေ Tin လာခေါ်လိမ့်မယ်
Pete : Ae ကရော
Ae : ဒီနေ့အလုပ်မှာကိစ္စလေးရှိလို့ ပြီးရင်လိုက်လာခဲ့မယ်
Pete : Ae စောစောလာနော်
Ae : အင်းပါ သွားပြီနော်
   Ae က Pete နှုတ်ခမ်းကိုတစ်ချက်နမ်းပြီးထွက်သွားတယ်
ညနေသုံးနာရီလောက် Pete အကျီ်င်္လဲပြီးတာနဲ့ Tin နဲ့ Can
ကကားပေါ်ခေါ်သွားလိုက်တယ်
Can : Pete ငါတို့မင်းမျက်လုံးကိုစည်းရမယ်
Pete : မင်းတို့ဘာလုပ်မှာလဲ Tin
   Tin နဲ့ Can က Pete မျက်လုံးကိုပဝါစလေးနဲ့အတင်းအကျပ်စည်းလိုက်တယ်
Pete ကားပေါ်ကဆင်းလာပေမယ့် သူဘယ်ရောက်နေလဲမသိဘူး Tin နဲ့ Can ကဘေးတစ်ဖက်ဆီကနေ Pete လက်ကိုကိုင်ပြီးဖြည်းဖြည်းချင်းလျှောက်လာတယ်
Tin : ဒီမှာပဲရပ်နော် ငါတို့ဖွင့်ခိုင်းမှဖွင့်နော်
Pete : ဘာလုပ်ကြတာလဲ ငါဘယ်ရောက်နေတာလဲ
Can : ရပြီ ဖွင့်တော့
    Pete ပဝါစကိုဖွင့်ကြည့်လိုက်တော့သူ့ဘေးကလျှောက်
လမ်းမှာဖယောင်းတိုင်မီးလေးတွေထွန်းထားတဲ့ မြက်ခင်းစိမ်း
ကြီးပေါ်ကိုသူရောက်နေတာပါ သူနဲ့အကွာမှာ Tin နဲ့ Can တို့ရပ်နေကြတယ် ပန်းရောင်ဘောလုံးတွေအများကြီးကြားမှာ
သူ နဲ့ Ae ဓတ်ပုံလေးနဲ့အလှဆုံးပန်းလေးတွေနဲ့ကပ်ထားတဲ့စာသားလေး " Ae love Pete "
ဒါပေမယ့် သူ Ae ကိုအခုထိမတွေ့သေးဘူး တလက်လက်နဲ့
တောက်ပနေတဲ့ကောင်းကင်မှာမီးပန်းရောင်စုံကိုသူငေးကြည့်
ပြီးလှလိုက်တာလို့တွေးနေတဲ့အချိန်မှာ Ae ကသူ့ရှေ့မှာပန်း
ရောင်နှင်းဆီပန်းစည်းကြီးကိုကိုင်ထားတယ် ပန်းစည်းကကြီး
လွန်းလို့ Ae ရဲ့မျက်နှာကိုသူမမြင်နိုင်ဘူး Ae ကနှင်းဆီပန်းတွေကို Pete ဆီကမ်းပေးလိုက်တယ် Ae လည်းသူနဲ့ဆင်တူ
T shirt အဖြူလေးနဲ့ ဂျင်းဘောင်းဘီအဖြူဝမ်းဆက်လေးကို
ဝတ်ထားတယ်
Ae : ဒါကိုယ်တို့ရဲ့မင်္ဂလာပွဲလေးလေ ကိုမပြောဘဲစီစဉ်လိုက်
       ရတဲ့အတွက်တောင်းပန်ပါတယ် မင်းကိုချစ်တဲ့အချစ်
       တွေကိုပန်းရောင်နဲ့အဖြူရောင်ပေါင်းပြီးတင်စားထား
       တာလေ
Pete : Ae
  Pete ပျော်လွန်းလို့မျက်ရည်တွေကျဆင်းလာခဲ့တယ် Ae လည်းမျက်ရည်တွေအတူကျဆင်းလာခဲ့တယ်
Ae : ဒီနေ့ကျတဲ့ မျက်ရည်စက်တွေကကိုတို့ရဲ့အချစ်တွေပဲ
Pete : ဟုတ်တယ် Ae နောက်ဘယ်တော့မှမငိုတော့ဘူး ဒီ
         မျက်ရည်တွေကိုထပ်မကျတော့ဘူး
Ae : ကို့လက်ကိုထာဝရတွဲပြီးလက်ထပ်နိုင်မလား
   Pete ကမျက်ရည်တွေကျလာပြီးခေါင်းကိုဆက်တိုက်ညိမ့်လိုက်တယ် Charen က pete လက်ထဲကပန်းစည်းကြီးကိုယူထားလိုက်တယ်
Pond : ဟုတ်ပြီ ဒီနေ့ကစပြီး Ae နဲ့ Pete ကတရားဝင်လက်
          ထပ်လိုက်ပါပြီ
  သူငယ်ချင်းအားလုံးကလက်ခုပ်တွေတီးပြီး နှင်းမှုံတွေကိုဝိုင်း
ဖြန်းပေးခဲ့တယ် Ae က Pete ကိုပွေ့ချီလိုက်ပြီးတစ်ပတ်လှည့်လိုက်တယ်
Ae : အရမ်းချစ်တယ် Pete
Pete : အရမ်းချစ်ပါတယ် Ae
   Pete က Ae ရဲ့ပခုံးကိုဖက်ထားရင်းသူ့ခေါင်းကိုငုံ့ပြီး Ae ရဲ့နှုတ်ခမ်းတစ်စုံကိုနမ်းလိုက်တယ်
.............. ယောကျာ်းလေးချင်းချစ်တဲ့အချစ်ကမမြဲဘူး အစစ်အမှန်မဟုတ်ဘူးလို့ မပြောကြပါနဲ့ ကျွန်တော်တို့နှစ်ယောက်ကဒီဘဝရော နောက်ဘဝဆက်တိုင်းမှာရော အချစ်
တွေကိုသက်သေပြကြမှာပါ ကျေးဇူးတင်ပါတယ် Ae .........
......... ကျွန်တော်တို့နှစ်ယောက်တွေ့ဆုံခဲ့တာကံတရားအရ
ဆိုရင်တောင် အဲ့ဒီကံတရားကိုကျေးဇူးတင်မိပါတယ် Pete လိုကောင်လေးနဲ့တွေ့ပေးတဲ့ကံတရားရယ် နောက်ဘဝဆိုတာများရှိခဲ့ရင်အမြဲဒီလိုအချစ်လေးကိုပိုင်ဆိုင်ခွင့်ပေးပါ သူ့ကို
အရမ်းချစ်မိသွားလို့ပါ အရမ်းချစ်တယ် Pete ရယ်.............
            ❤️❤️❤️❤️ The End ❤️❤️❤️❤️
    လိုအပ်ချက်များရှိခဲ့ရင်တောင်းပန်ပါတယ် Bye Bye

love by chance season 2 ( Aepete )Where stories live. Discover now