လူတွေကဘာပဲပြောပြော ဂရုမစိုက်တော့ဘူးလေ
လောကကြီးမှာ Ae နဲ့ ကလေးနှစ်ယောက်ရှိတာနဲ့တင်ပြီးပြည့်
စုံတယ်လို့ခံစားရတဲ့ ကျွန်တော့်ဘဝလေးကအခုတော့သာယာနေတယ်လေ ယောကျာ်းချင်းကြိုက်ပြီးကလေးယူထား
လို့ ဘယ်လိုပဲမျက်စောင်းထိုးကြပါစေ သူတို့ရှိရင်ပြည့်စုံတယ်
လို့ခံစားထားရတဲ့အတွက် ဘာကိုမှဂရုမစိုက်နိုင်တော့ပါဘူး
Ae : Son အိပ်နေပြီမလား အိပ်ချင်ရင်ခဏမှေးအိပ်လိုက်
လေ ကို့ပခုံးပေါ်မှီအိပ်လိုက်
Ae ကလက်ထဲမှာလည်း Pin လေးကိုပိုက်ထားသေးတယ်
ကျွန်တော့်ကိုပင်ပန်းနေမှာစိုးလို့ မှေးအိပ်ခိုင်းနေတယ်
Pete : ရပါတယ် Ae လည်းကလေးချီထားတာကို
Ae : ကိုကမပင်ပန်းပါဘူး မင်းအိပ်ချင်နေတယ်မလား
အမြဲတမ်းကို့အပေါ်ကိုဂရုတစိုက်ရှိတတ်တဲ့ Ae ကိုချစ်လွန်းလို့ ပြုံးကြည့်ပြီးတော့ကို သူ့ပခုံးလေးပေါ်ခေါင်းလေးတင်ပြီး
အိပ်လိုက်တယ်
Ae : မင်းကချစ်ဖို့ကောင်းလွန်းတယ်
Ae က သူ့ပခုံးပေါ်က Pete ခေါင်းလေးကိုနမ်းရှိုက်လိုက်တယ်
Ch : Pond ကလေးကိုဘယ်လိုချီထားလို့ အဲ့လောက်ငိုနေရ
တာလဲ ပေး
Charen က Pond လက်ထဲကနေကလေးကိုချီလိုက်တယ်
Pond : ကိုလည်းချီထားတာပဲလေ Khonn ဘာလို့ငိုနေတာ
လဲ
Ch : ကြည့်ပါလား အမေ့လက်ထဲရောက်တော့ကလေးက
ငြိမ်သွားပြီလေ ချစ်စရာသမီးလေး
Pond : မျက်နှာကိုလိုက်တယ် ဒါနဲ့ ဟိုကောင်တွေလေယာဉ်
ကမဆိုက်သေးဘူးလား
Pond နဲ့ Charen ခဏလောက်စောင့်ပြီးတာနဲ့ Ae Pete ထွက်လာတော့ လက်ပြလိုက်တယ်
Pond : Ae ငါတို့ဒီမှာ
Ch : ဟယ် ချစ်ဖို့ကောင်းလိုက်တာ အိပ်နေကြတာလား
Pond : Pete နဲ့တူတယ်ကွ မင်းနဲ့တစ်ခြားစီပဲ
Ae ကမျက်စောင်းထိုးပြီး Pond ခြေထောက်ကန်လိုက်တယ်
Pond : Aeee နာတယ်ကွ ကလေးချီထားတာတောင်ကန်နိုင်
သေးတယ်နော်
Ch : ကဲ သတ်ချင်ရင်နောက်မှသတ်ကြပါ သွားကြမယ် လာ
Mae ကသူ့မြေးလေးနှစ်ယောက်ကိုကြည့်ပြီး အရမ်းကို
ပျော်ရွှင်နေတာ
Mae : သားနဲ့တူလိုက်တာ သားငယ်ငယ်ကအတိုင်းပဲ ချစ်ဖို့
ကောင်းလိုက်ကြတာ
Pete : Ae နဲ့လည်းတူပါတယ် အမေကလည်း
Ae : မတူတာကောင်းပါတယ် ကိုနဲ့တူလို့ အသားညိုမှာ
ကြောက်နေတာလေ
Pond က Pin လေးကိုကောက်ချီလိုက်တယ်
Pond : တော်သေးတာပေါ့ သမီးလေးရယ် သမီးဖေဖေနဲ့သာ
တူရင်လေ အရပ်ကလည်းပုတဲ့အပြင် အသားကလည်း
ညိုဦးမယ် တော်သေးတာပေါ့
Ae က Pond ခေါင်းကိုအားနဲ့ခေါက်ချလိုက်တယ်
Pond : အားး Ae နာတယ် မင်းအကျင့်ကမပျောက်သေးဘူး
Ae : မင်းနဲ့နီးမှ ငါ့သမီးကအရူးဓာတ်တွေကူးကုန်ဦးမယ် ပြန်
ပေး ငါ့ကလေးကို
Ae က Pond လက်ထဲကနေ Pin လေးကိုပြန်ချီလိုက်တယ်
Ae : ချစ်စရာသမီးလေး Pin တောင်နိုးနေပြီ Son ကအခုထိ
အိပ်နေတုန်းပဲနော်
Pete : Son ကအရင်ထဲကအကြာကြီးအိပ်တတ်တာပဲ
Mae : သားတို့ အခန်းထဲသွားနားချင်နားကြလေ မနက်ဖြန်
လည်း Ae တို့အိမ်သွားမှာမလား အပေါ်မှာအခန်းပြင်
ပေးထားတယ်
ရုတ်တရက်အပြင်ကနေ ကားဟွန်းသံကိုကြားလိုကိရတော့
အကုန်လုံးကကြည့်လိုက်တယ် Mile ကအိမ်ထဲကိုအမြန်ပြေး
ဝင်လာတယ်
Mae : ဖြည်းဖြည်းလာပါ Mile ချော်လဲဦးမယ်
Mile : Ohhh
Ae လက်ထဲကနေသူ့ကိုကြည့်နေတဲ့ ကလေးလေးကိုမြင်
တာနဲ့အသည်းယားတာ အသားတွေတောငိတုန်မိတယ်
Mile : P Ae Mile ခဏချီချင်တယ်
Ae ကကလေးကို Mile လက်ထဲထည့်ပေးလိုက်တယ်
Mile : oh ချစ်ဖို့ကောင်းလိုက်တာ ဟိုမှာလည်းတစ်ယောက်
အိပ်နေတာလား
Pete : inn ဒါကအကြီးလေးလေ Son
Mile : ဒါ Pin ပေါ့
Mile ကကလေးပါးလေးနှစ်ဖက်ကိုအတင်းနမ်းလိုက်တယ်
Pete : Mile အကို့သမီးလေးပါးတော့ ကုန်ပါပြီ
Mile : ကြည့်ပါဦး သူသဘောကျနေတယ် ရီပြနေတယ် ချစ်ဖို့
ကောင်းလိုက်တာ သားလေးကိုလည်းချီချင်တယ်
Pete : Son နိုးလာရင်ချီလေနော် Ae ကျွန်တော်အခန်းထဲ
သွားနှင့်မယ်နော် ကလေးကိုကုတင်ပေါ်မှာသိပ်လိုက်
ဦးမယ်
Ae : ကိုလည်းလိုက်ခဲ့မယ်လေ Pin လည်းအိပ်ချင်နေ
လောက်ပြီ
Pete : အင်း
Ae က Mile လက်ထဲကကလေးကိုပြန်ချီလိုကိတယ်
အခန်းထဲမှာကလေးတွေအိပ်သွားတဲ့အထိ Pete ကဘေးမှာ
လှဲပြီးသိပ်နေတာ ဒါပေမယ့် မျက်နှာလည်းသိပ်မကောင်းဘူး
Ae : အိပ်သွားကြပြီပဲ Pete မျကိနှာလည်းမကောင်းပါလား
ဘာဖြစ်လို့လဲ ခေါင်းမူးလို့လား
Pete ကဘာမှပြန်မပြောဘဲ ကလေးတွေကိုပုခက်လေးထဲ
ထည့်ပြီးသေချာသိပ်လိုက်တယ် ပြီးတော့မှကုတင်ပေါ်မှာပြန်
ထိုင်လိုက်တယ်
Ae : ဘာလို့မျက်နှာကစူပုပ်နေတာလဲ စိတ်မကျေနပ်စရာရှိလို့
လား
Pete : ခုနက Pin လေးကို Mile ကအတင်းနမ်းနေတာ Ae
ကဘာလို့ဒီတိုင်းကြည့်နေတာလဲ
Ae : Pete Mile ကကလေးတွေရဲ့အဒေါ်လေ သူချစ်လို့နမ်း
တာဘာပြသနာရှိလို့လဲ
Pete : ကလေးတွေကအခုမှ နုနုငယ်ငယ်လေးရှိသေးတာ
ဒီကလေးနှစ်ယောက်ရဖို့ ဘယ်လောက်တောင်အချိန်
တွေပေးခဲ့ရလဲ ဘယ်လောက်တောင်ခက်ခဲခဲ့လဲ Ae
လဲသိရဲ့သားနဲ့
Ae က Pete ကိုဖက်ထားလိုက်တယ် နှစိသိမ့်ပေးရင်းကျော
လေးကိုလက်လေးနဲ့ပွတ်သပ်ပေးလိုက်တယ်
Ae : အေးပါ ကိုနောကိဆိုဆင်ခြင်ပါ့မယ် အဲ့လောက်ထိစိတ်
ထဲမထားရဘူးလေ ကလေးတွေကကြီးလာမှာလေ ကို့ရင်
ခွင်ထဲမှာပဲဝှကိထားလို့မရဘူးလေ
Pete : မကြိုက်ဘူး Pin နဲ့ Son က Aepete ရဲ့ရင်မှာပဲနေရမှာ
Ae ကျွန်တော်မကြိုက်ဘူးလို့ပြောထားတယ်နော် က
လေးတွေကအထိအခိုက်မခံနိုင်အောင်နုနယ်လွန်းသေး
တယ်
Ae : အင်းပါ ကိုဂရုစိုက်ပါ့မယ်နော် ဘာမှတွေးပူမနေနဲ့နော်
စိတ်ကိုနားနားနေနေနေပါ ကိုဖက်ထားပေးမယ်နော်
ကလေးတွေကိုချစ်တဲ့စိတ် စိုးရိမ်ကြီးလွန်းတဲ့စိတ်တွေက
Pete ကိုလွှမ်းမိုးပြီးအတ္တဆန်သွားစေမှာ ကျွန်တော်အရမ်း
ကြောက်နေမိတယ် သူ့ရဲ့ ကျွန်တော်နဲ့ကလေးတွေအပေါ်
အချစ်ကြီးလွန်းတဲ့စိတ်ကို ကျွန်တော်ကြောက်နေမိတယ်
Part 4 ( the end )
ဘာမှမဟုတ်ပါဘူး သာသာပျင်းလို့လာ Up တာပါ
မေ့များမေ့နေကြပြီလားမသိဘူး 😔😔😔
![](https://img.wattpad.com/cover/175436486-288-k723889.jpg)