Colourless ( Part 1)

5K 150 2
                                    

အညိုရင့်​​ရောင်​ မြက်​ရိုးတံမှာ စိတ်​​အေးလက်​​အေး အနားယူ​နေတဲ့ ကို​ရွှေနှံ​ကောင်​နားကို ကျွန်​မ အသာ​လေး တိုးကပ်​သွားလိုက်သည်​။

ဦးမျှင်​​လေး တ​ထောင်​​ထောင်​နဲ့ အ​မောင်​နှံ​ကောင်​က​တော့ ကျွန်​မကို ​တွေ့မြင်​ပုံမရ​သေး။

"​ဟေး မိပြီကွ"

အသံကုန်​ဟစ်​ကာ ​အော်​လိုက်​​တော့ နှံ​ကောင်​မုဆိုး သူငယ်​ချင်း ​ရောင်းရင်းများကလည်း အလျှိုလျှို ကျွန်​မ နားသို့ ​ပြေးလာကြသည်​။

"အညို​ရောင်​ကြီး"

"အ​ကောင်​အကြီးကြီးပဲ​ဟေ့"

"မိ​နှောင်းက ​တော်​တယ်​​ဟေ့"

တစ်​​ယောက်​တစ်​​ပေါက်​ ဝိုင်း​ပြောကြ​သော သူငယ်​ချင်းများ၏ စကားကို မျက်​နှာ​လေး ​မော်​ချီကာ နား​ထောင်​ပြီး​နောက်​ သူမ လက်​တွင်း၌ ဟိုခုန်​ဒီခုန်​ ဖြစ်​​နေ​သော ​ကိုယ်​​တော်​​ချောကို ပြန်​လွှတ်​​ပေးလိုက်​သည်​။

ကဲ ​နောက်​တ​စ်​​ကောင်​ ထပ်​ရှာ​ရ​ပေမဦး​ပေါ့.......

••••••••••••••••••••••••••••••••••••••••••••••••••••

"မိ​နှောင်းက ငါး​ကောင်​၊ ငါက သုံး​ကောင်​၊ ဖိုးထူးက ​လေး​ကောင်​၊ ​နောက်​ပြီး ​အေးမွန်​က သုံး​ကောင်​"

ယမုံစကားအဆုံးမှာ ကျွန်​မ မျက်​နှာ​လေး ဝင်းလက်​သွားသ​လောက်​ တခြားသူများ၏ မျက်​နှာမှာ အိုကျသွားသည်​။

ဆောင်​အကုန်​ ​နွေအကူး အ​မောင်​နှံ​ကောင်​တို့ မြူးချိန်​တွင်​ ကျွန်​မတို့ သူငယ်​ချင်း တစ်​အုပ်​​သည်​ ​ကျောင်းနှင့်​ကပ်​ရပ်​တွင်​ ရှိ​သော church ဝင်းထဲတွင်​သာ အချိန်​ကုန်​ကြသည်​။

ကျောင်းလွှတ်​သည်​နှင့်​ အိမ်​သို့မပြန်​ဘဲ church ​ကျောင်း​ရှေ့ မြက်​ခင်းပြင်​တွင်​ နှံ​ကောင်​​ဖမ်း ပြိုင်​ပွဲကို အားတက်​သ​ရော ဆင်​နွှဲကြပြီး အနိုင်​ရသူကို မုန့်​ဝယ်​​ကျွေးတမ်း ကစားကြသည်​။


လက်​သွက်​​ခြေသွက်​ရုံသာမက တကိုယ်​လုံးပါ သွက်​​သော ကျွန်​မကို နိုင်​သည်​ဟူ၍ မရှိ။

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now