"မိနှောင်း ဖိုးခွားလေးက ပြန်သွားပြီလား"
မေမေ့ကို အင်းတစ်လုံးသာ အဖြေပြန်ပေးရင်း ဆူဝေနေပြီဖြစ်သော ထမင်းအိုး ငှဲ့ရန် ပြင်လိုက်သည်။
"ဘယ်တုန်းက ပြန်သွားတာလဲ"
"မနေ့က ညကားနဲ့ ပြန်သွားတယ်"
"သြော် သူလဲ ခွင့်ရက် သိပ်မရဘူး ထင်ပါ့၊ နင့်အမိုးဆီ သွားတွေ့ဖြစ်သေးလား"
ကျွန်မ ဘာမှ ပြန်မပြောဘဲ ထမင်းရည် ငှဲ့ပြီးသား ထမင်းအိုးကို မီးဖိုပေါ်တွင် ပြန်နှပ်ထားလိုက်သည်။
"ညည်းတို့ နှစ်ယောက်ကို ကြည့်ရတာ အခုတလော အေးစက်စက်ရယ်။ ရန်တွေ ဘာတွေများ ဖြစ်ထားလို့လား"
"မဖြစ်ပါဘူး"
"အနေဝေးတော့ လူလဲ စိမ်းလာတယ်၊ နင့် အမိုးကတော့ ညည်းတို့နှစ်ယောက်ကို ဒီဝါကျွတ်ရင် လက်ထပ်စေ ချင်နေပြီ"
"အမေ့သဘောကရော"
ကြက်မကြီးနောက် ကြက်သားပေါက်ကလေး လိုက်သလို ကျွန်မနောက် တကောက်ကောက် လိုက်နေသော မေမေ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ညည်းလဲ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေ ပါပြီလေ"
အမေက အသံကို ခပ်ရှည်ရှည်ဆွဲကာ ပြောရင်း ရွှန်းရွှန်းစားစား ကြည့်သည်။
"ငါ့သမီးတောင် ဒီအရွယ်ရောက်လာပြီ"
သူမ ကျောကို ခပ်သာသာလေး ပုတ်ကာ ပြောသော အမေ့အသံတွင် ပီတိတဝက်တွင် ကရုဏာတဝက် က ရောယှက်ကာ နေသည်။
"ကဲ ဒီသားအမိတွေ ရုပ်ရှင်ရိုက်တာ ရပ်လို့ရပြီ ထင်တယ်"
ဆိုင်အနောက်ဘက်သို့ ဝင်လာသော အဖေက ကျွန်မတို့ဘက် တချက်မျှပင် မကြည့်ဘဲ လက်ဖက်ရည် ဖျော်ရင်းဖြင့် ပြောသည်။
မေမေကတော့ မျက်စောင်းလှလှ တစ်ချက်ကို ချီးမြှင့်ရင်း ဆေးစရာရှိတာများကို စတင် ဆေးကြော လေပြီ။
ESTÁS LEYENDO
Colourless (အရောင်မဲ့သော) (Completed)
De Todoကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။......... Zawgyi ကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။.........