ေက်းဇူးတင္လႊာ

635 47 30
                                    

ကိုယ့္ရဲ႕ သုံးပုဒ္ေျမာက္ ဇာတ္လမ္းေလးကေတာ့ ၿပီးဆုံး သြားပါၿပီ။

အဆုံးထိ လိုက္ပါ ဖတ္ရႈေပးခဲ့ၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကို ကိုယ္ အရမ္းပဲ ေက်းဇူးတင္ပါတယ္။

ကိုယ္ ဒီထဲမွာ ေရးထားတဲ့ ၿမိဳ႕ေလးက က်ိဳကၡမီဆိုတဲ့ ၿမိဳ႕ေလးပါ၊ ေမတၱာေၾကးမုံ ဆိုတာလဲ အဲ့ၿမိဳ႕ေလးမွာ တကယ္ ရွိပါတယ္။

"ေစာဂြၽန္ခန႔္ထူး"ဆိုတဲ့ နာမည္ေလးက ကိုယ္ သိပ္သေဘာက်တဲ့ ေဘာလုံးကန္ သိပ္ေတာ္တဲ့ ကိုယ္ရဲ႕ စီနီယာရဲ႕ နာမည္ကို ယူထားတာပါ။ 😁😁

ကိုယ္နဲ႕ ‌ရင္းႏွီးတဲ့ ပတ္၀န္းက်င္ေလးကို ပုံေဖာ္ခ်င္လို႔ ကိုယ္ ဒီဇာတ္လမ္းေလးကို စေရးျဖစ္တာပါ။ ဒါေပမဲ့ ကိုယ့္အတြက္ ေရးရတာ အခက္ခဲ‌ဆုံး ျဖစ္ခဲ့တယ္။ အမွန္အတိုင္း ေျပာရရင္ ဒီဇာတ္လမ္းေလးကို အဆုံးအထိ ေရးနိုင္ဖိူ႕ ကိုယ္ေတာ္ေတာ္ အားတင္းၿပီး ေရးထားရတာပါ။

ေရးတဲ့ ကိုယ္ ကိုယ္တိုင္ေတာင္ ေတာ္ေတာ္ သေဘာမက်တာမို႔ ဖတ္ရႈသူ တစ္ဦးခ်င္းစီကို ကိုယ္ တကယ္
အားလဲ နာတယ္၊ ေနာက္တခါ ထပ္ၿပီး ေက်းဇူးလဲ အမ်ားႀကီး တင္ပါတယ္။ ကိုယ့္‌ဇာတ္လမ္းေလး အေပၚ ေပးလိုက္ရတဲ့ အခ်ိန္နဲ႕ မတန္ခဲ့ရင္ ကိုယ္ တကယ္ ေတာင္းပန္ပါတယ္။

Viewer ေလး တစ္ေယာက္၊ vote ေလး တစ္ခု၊ commentေလး တစ္ေၾကာင္း ကအစ ကိုယ့္အတြက္ စာေရးဖို႔ အင္အားအမ်ားႀကီး ျဖစ္ေစခဲ့ပါတယ္။

ကိုယ္ တခါမွ မေရးဖူးတဲ့ type ေလး တစ္ပုဒ္ကို ႀကိဳးစားၾကည့္ထားပါတယ္။

အခ်ိန္ရရင္ အဲ့ဒီ အသစ္ကေလးကိုလဲ ေဝဖန္ဖတ္ရႈေပးၾကပါလို႔ တခါထဲ ပရိုမိုးရွင္း ဆင္းရင္း ႏႈတ္ဆက္ခဲ့ပါတယ္။

Have a good day.😘😘😘
Thanks for reading and giving your time.😍😍

Unicode

ကိုယ့်ရဲ့ သုံးပုဒ်မြောက် ဇာတ်လမ်းလေးကတော့ ပြီးဆုံး သွားပါပြီ။

အဆုံးထိ လိုက်ပါ ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကိုယ် အရမ်းပဲ ကျေးဇူးတင်ပါတယ်။

ကိုယ် ဒီထဲမှာ ရေးထားတဲ့ မြို့လေးက ကျိုက္ခမီဆိုတဲ့ မြို့လေးပါ၊ မေတ္တာကြေးမုံ ဆိုတာလဲ အဲ့မြို့လေးမှာ တကယ် ရှိပါတယ်။

"စောဂျွန်ခန့်ထူး"ဆိုတဲ့ နာမည်လေးက ကိုယ် သိပ်သဘောကျတဲ့ ဘောလုံးကန် သိပ်တော်တဲ့ ကိုယ်ရဲ့ စီနီယာရဲ့ နာမည်ကို ယူထားတာပါ။ 😁😁

ကိုယ်နဲ့ ‌ရင်းနှီးတဲ့ ပတ်၀န်းကျင်လေးကို ပုံဖော်ချင်လို့ ကိုယ် ဒီဇာတ်လမ်းလေးကို စရေးဖြစ်တာပါ။ ဒါပေမဲ့ ကိုယ့်အတွက် ရေးရတာ အခက်ခဲ‌ဆုံး ဖြစ်ခဲ့တယ်။ အမှန်အတိုင်း ပြောရရင် ဒီဇာတ်လမ်းလေးကို အဆုံးအထိ ရေးနိုင်ဖိူ့ ကိုယ်တော်တော် အားတင်းပြီး ရေးထားရတာပါ။

ရေးတဲ့ ကိုယ် ကိုယ်တိုင်တောင် တော်တော် သဘောမကျတာမို့ ဖတ်ရှုသူ တစ်ဦးချင်းစီကို ကိုယ် တကယ်
အားလဲ နာတယ်၊ နောက်တခါ ထပ်ပြီး ကျေးဇူးလဲ အများကြီး တင်ပါတယ်။ ကိုယ့်‌ဇာတ်လမ်းလေး အပေါ် ပေးလိုက်ရတဲ့ အချိန်နဲ့ မတန်ခဲ့ရင် ကိုယ် တကယ် တောင်းပန်ပါတယ်။

Viewer လေး တစ်ယောက်၊ vote လေး တစ်ခု၊ commentလေး တစ်ကြောင်း ကအစ ကိုယ့်အတွက် စာရေးဖို့ အင်အားအများကြီး ဖြစ်စေခဲ့ပါတယ်။

ကိုယ် တခါမှ မရေးဖူးတဲ့ type လေး တစ်ပုဒ်ကို ကြိုးစားကြည့်ထားပါတယ်။

အချိန်ရရင် အဲ့ဒီ အသစ်ကလေးကိုလဲ ဝေဖန်ဖတ်ရှုပေးကြပါလို့ တခါထဲ ပရိုမိုးရှင်း ဆင်းရင်း နှုတ်ဆက်ခဲ့ပါတယ်။

Have a good day.😘😘😘
Thanks for reading and giving your time.😍😍

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now