Colourless ( Part 11)

540 61 5
                                    

"အရူးမကြီး မစာဥ"

စည်ဝိုင်း အတွင်းမှ အတန်းဖော် တစ်ယောက်၏ အော်သံကြောင့် ကျွန်မ ‌အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။

စည်းကို နင်းကာ စည်းဝိုင်းအတွင်းသို့ လက်ကို ဝှေ့ယမ်း လိုက်တော့ အတွင်းဘက်က ‌လူများက ဟေးကနဲ ဝါးကနဲ အော်ကာ အလျင်အမြန် ရှောင်ကြသည်။

"ဘယ်က စာဥ ဖြစ်ရမှာလဲ။ ဖြစ်ချင်းဖြစ် အရူးမလေး နောင်ကြိုး ဖြစ်ရမှာပေါ့"

ဟပ်ထိုးသံ ပျောက်နေသော စကားသံ ခပ်ကျယ်ကျယ်ကြောင့် အကုန်လုံးထံမှ ရယ်သံများက ထွက်ပေါ်လာသည်။

တရားခံ ဖြစ်သူထံ မျက်စောင်းလှမ်းချိတ်တော့ သူက ကျွန်မကို ခပ်ပေပေ ပြန်ကြည့်သည်။

သူ အိပ်နေသည်ကို မရမက နှိုးကာ ကစားခိုင်းသော ‌ကြောင့် ကျွန်မကို ကောင်းကောင်းကြီး လက်စားပြန်ချေနေသော အမောင် စောဂျွန်ခန့်ထူး။

တွေ့ကြသေးတာပေါ့

ကျွန်မ ခပ်ကြိတ်ကြိတ် ရေရွတ်ရင်း သူ့ဘက်ကို လက်လှမ်းလိုက်တော့  သူက လှစ်ကနဲ ရှောင်လိုက်သည်။

"အလို ဒီအရူးမလေးက ‌စိတ်အတော် ကြီးသားဗျ။"

သူ့စကားသံကို လူရွှင်တော် ပြက်လုံးထုတ်သည့် အလား အင်တိုက်အားတိုက် အနောက်မှ လိုက်ရယ်သော အတန်းဖော် များ။

တရိပ်ရိပ် ထိုးတက်လာသော ရှက်စိတ်နှင့် ဒေါသ စိတ်‌ကြောင့် ကျွန်မ သူ့ကိုသာ မဲပြီး လိုက်လေ‌တော့ သည်‌။

"အရူးမလေးက ဒီလူ့ကို ငြှိုးပြီလား။"

"စိတ်လျှော့ပါဦး အရူးမလေးရဲ့"

"ဒီအကို့ကို မှီအောင် ကြိုးစားလိုက်ပါဦး အရူးမလေး"

လှစ်ကနဲ လှစ်ကနဲ ရှောင်ရင်း ဤသို့ မခံနိုင်အောင် ဆွနေသော သူ့ကို မမိလေ၊ ဒေါသတရားတို့က ထိုးတက်လာလေဖြင့် ကျွန်မ မျက်လုံးထဲတွင် သူ့တစ်ယောက်ထဲသာ မြင်လေတော့သည်။

"မိနှောင်းရေ စောဂျွန်ကိုပဲ မဲမနေနဲ့၊ ငါတို့ကိုလဲ လိုက်ပါဦးဟ"

စည်းဝိုင်းထဲတွင် ငုတ်တုတ်ကလေး ထိုင်နေကြနေ သူများထံမှ စိတ်ပျက်လက်ပျက် ပြောသံကို ကြားသော်လည်း ကျွန်မ ဂရုမစိုက်အား။

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now