Colourless ( Part 9 )

527 57 2
                                    

ရောင်​နီဦး အလင်း​ကြောင့်​ ​ဖွေး​ဖွေးလှုပ်​​အောင်​ ပွင့်​​နေ​သော စံပယ်​ပွင့်​တို့သည်​ လိ​မ္မော်​​သွေး ခြယ်​​နေကြသည်​။

သင်းပျံ့ပျံ့ ရနံ့တို့ကို ရှိုက်​ရင်း စံပယ်​ပွင့်​တို့အား ပင်​ညှာမှ ဆွတ်​ယူလိုက်​သည်​။

ပန်းသီ ပန်းကုံးခြင်းဆိုသည်​ မိန်းက​လေးများ အပိုအလုပ်​ လုပ်​သည်​ ဟုသာ သတ်​မှတ်​​ခဲ့​သော သူကိုယ်​တိုင်​ အပ်​ချည်​ကြိုး ဖြူဖြူထက်​တွင်​ စံပယ်​ပွင့်​ တစ်​ပွင့်​ ချင်းကို တယုတယ သီကုံး​နေသည်​မှာ ရယ်​စရာ​တော့ ​ကောင်းသား။

ကိုယ်​တိုင်​မပျိုးပါဘဲ သူများအပင်​ထက်​မှ ​ခိုး​ခြွေ​လေ့ရှိ​သော ပန်းကြိုက်​ပျိုပျို​မေ​ကြောင့်​ သူ စံပယ်​တခင်းကို ပျိုး​ထောင်​မိခဲ့သည်​။

မိုးတွင်းမှသာ လှိုင်​တက်​​သော ပန်းစံပယ်​ကို အခါမလပ်​ ​စေရန်​ ဆယ့်​နှစ်​ရာသီမျိုးကို စိုက်​ကာ တ​နေ့မပြတ်​ ပန်းဆက်​ပါ​သော်​လည်း...

အစပိုင်းတွင်​ ​စောရနှမ​တော်​​လေးက တပါးသူ မကြည်​ဖြူသည်​ကို ယူရသည်​က ပိုအရသာ ရှိ​ကြောင်း ပြန်​တရားချသဖြင့်​ ထိပ်​ကို ပိတ်​ထုလိုက်​ရ​သေးသည်​။

သီကုံးပြီး​သော စံပယ်​ကုံး ဖြူဖြူကို ခပ်​မြင့်​မြင့်​​မြှောက်​ကာ ကြည့်​လိုက်​သည်​။

ပန်းသီကုံးတာဝန်​ကို​တော့ ​ကျေပွန်​ပြီး​လေ​တော့ ပန်း​တော်​ဆက်​ တာဝန်​က​တော့ ကျန်​ရှိ​နေ​သေးပြန်​သည်​...

"​မိ​နှောင်း​ရေ ဖိုးခွားလာပြီ​ဟေ့"

သူ စက်​ဘီးကို ရပ်​လိုက်​ရုံသာ ရှိ​သေး​သော်​လည်း သားသား၏ သတင်း​ပေး​သံမှာ ဟိန်းကနဲ ထွက်​​ပေါ်လာသည်​။

မိန်းမဆန်​ဆန်​ အ​ပြေးတပိုင်းဖြင့်​ လာ​သော သူမက တာယာကို လှိမ့်​ကာ ကစား​နေ​သော သားသားကို ထိပ်​တချက်​​ လမ်းကြုံဝင်​​ခေါက်​ပြီး ထုံးစံအတိုင်း သူ့စက်​ဘီးကို ဝုန်းကနဲ ဝင်​တိုက်​​သည်​။

"အားလားလား ​သေပါပြီ"

ခြေ​ထောက်​တစ်​ဖက်​ကို ကိုင်​ကာ ခုန်​ဆွခုန်​ဆွဖြင့်​ ​အော်​​နေ​သော သူမကို ကြည့်​ကာ သူ ​ခေါင်းအသာ ခါယမ်းလိုက်​မိသည်​။

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now