မေတ္တာကြေးမုံ
အပြာရောင် နောက်ခံပေါ်တွင် အဖြူရောင် စာလုံး ခပ်ကြီးကြီးဖြင့် ခြယ်သထားသော ဆိုင်းဘုတ်လေးကို ကျွန်မ မော့ကြည့်လိုက်သည်။
ဆယ်စုနှစ်တစ်ခု ကြာမြင့်နေပြီ ဖြစ်သော သက်တမ်းကို ဟိုတကွက် ဒီတကွက် မှိန်စပြုနေသော ဆေးရောင်တို့က သက်သေထူနေသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ငယ်သွေးကြွယ်စ ကျွန်မ သည် တစ်ယောက်သောသူနှင့်အတူ သစ်လွင်စ ဒီဂေဟာလေး အတွင်း ခြေချခဲ့ဖူးသည်။
ခါးတစ်ဝက်သာသာ ရှိသော ခြံတံခါးငယ်လေးကို တွန်းဖွင့်လိုက်တော့ မြွေလိမ်မြွေကောက် မြေနီလမ်း ကလေးက ကျွန်မကို စောင့်ကြိုနေသည်။
လမ်းနှစ်ဖက်ကို ဘောင်ခတ်ထားသော တရုတ်နှင်းဆီ ပန်းငယ်တို့ကို ခြံဝင်းနှင့် ကပ်ရပ်တွင် ရှိနေသော church ကျောင်း၏ အရိပ်က လက်ဝါးကြီး အုပ်မိုး ထားလေသည်။
"မမ"
ရုတ်တရက် ကျွန်မဆီသို့ ပြေးဝင်လာသော ကိုယ်လုံး သေးသေးလေးကို အလျင်စလို ဖမ်းထိန်းလိုက်ရသည်။
"ချမ်းချမ်း အဲ့လို မပြေးရဘူးလေ၊ ပြုတ်ရရင် နာနာ ဖြစ်လိမ့်မယ်"
မျက်နှာချိုသွေးကာ ပြုံးပြသော သွားကျိုးလေး၏ ပါးတစ်ဖက်ကို ခပ်ဖွဖွ ဆွဲလိုက်သည်။
"ငြိမ်းချမ်း ကျောင်းသွားရအောင်"
ချမ်းချမ်းကတော့ ကျွန်မ ပါးတစ်ဖက်ထံသို့ အစဉ်အလာမပျက် အနမ်း တစ်ပွင့် ခြွေရင်း အဖော်များထံသို့ ပြေးသွားသည်။
"ငြိမ်းချမ်းက ဆရာမလေးကို တော်တော် ခင်တာပဲ"
ချမ်းချမ်းကို ငေးမောနေရာမှ စစ္စတာလေးကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။
"တစ်နှစ်လောက်အထိ ကျွန်မ ထိန်းဖူးခဲ့တာ ဆိုတော့..."
YOU ARE READING
Colourless (အရောင်မဲ့သော) (Completed)
Véletlenကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။......... Zawgyi ကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။.........