Colourless (Part 3)

1.1K 82 2
                                    

"မမ သွားကြ​အောင်​​လေ"

အင်း တစ်​လုံး​ဆောင်​ကာ အ​ဖြေပြန်​​ပေး​သော်​လည်း သူ့အ​ပေါ်တွင်​ အာရုံလုံးလုံးလျားလျား မရှိ။

ငြိမ့်​​ညောင်းလှ​သော သံစဉ်​ချိုမြမြက သူ့အတွက်​​တော့ အိပ်​​ဆေးတစ်​ခွက်​ အဖြစ်​ကလွဲရင်​ ဘာမှ အရာမ​ရောက်​။

ခရစ်​ယာန်​ ​ကျောင်းဝင်း သွားရ​အောင်​ ဟူ​သော မမ ၏ တိုက်​တွန်းစကားကို ​ခေါင်းညိတ်​လက်​ခံခဲ့သည်​က ဒီလိုအချိန်​မျိုးတွင်​ တစ်​ပင်​လုံး ပြွတ်​ခဲ​နေ​အောင်​ သီးတတ်​​သော ကီလိုမာလကာသီး မျက်​နှာ​ကြောင့်​။

ယခု​တော့ မာလကာသီး ခိုးစား​ရေး သူ့အကြံအစည်​ မှာ စန္ဒရားသံ တငြိမ့်​ငြိမ့်​ကြားတွင်​ ​ရေခိုး​ရေ​ငွေ့ပမာ လွင့်​​ပျောက်​ရရှာပြီ။

"မမ ခဏ​နေ ကျား​လှေ(ငါးဖမ်း​လှေ)​တွေ တက်​လာ​တော့မှာ"

"​အေးပါ သားသားရာ"

အဖတ်​လုပ်​ပြီး စကားပြန်​​ဖော်​ရ​သော်​လည်း တဖက်​သို့ ပြန်​လှည့်​​သွား​သော မျက်​နှာ​ကြောင့်​ သူ ဟစ်​၍ပင်​ ငိုလိုက်​ချင်​ပြီ။

နွေရာသီ ​ကျောင်းပိတ်​ရက်​တွင်​ မုန့်​ဖိုးဆိုသည်​မှာ အ​မေ့အိတ်​ထဲမှ မလာစဖူး။

ထို့​ကြောင့်​ ကိုယ်​ထူကိုယ်​ထ စနစ်​နှင့်​ပင်​ ကိုယ့်​မုန့်​ဖိုး ကိုယ်​ရှာ​ဖွေ ရ​သည်​။

ကိုယ်​ကသာ ဖင်​တကြွကြွ ဖြစ်​​နေ​ပေမဲ့ ​ဘေးနားက အမ​တော်​​ချောက​တော့ မျက်​လုံးက​လေး မှိတ်​၊ ​ခေါင်းက​လေး ညိတ်​ကာ ညိတ်​ကာဖြင့်​ သံစဉ်​အတိုင်း စီးချက်​လိုက်​​နေ​ပေသည်​။

ဆဲ​ရေးသံကို သား​ချော့သံ​တေး အဖြစ်​ ကြားကာ ကြီးပြင်းခဲ့ရသူ​သော သူ့လို ဆင်​ပုန်းသူ၊ ဆင်​ပုန်း သား များအတွက်​ ​ယခုလို နူးနူးညံ့ညံ့ ​တေးဂီတသံမှာ သာယာနာ​ပျော်​ မရှိ။

ဖြူသည်​ဆိုတာထက်​ ဝင်းသည့်​ဘက်​သို့ လု​နေ​သော မမ၏ အသားအ​ရေက ညိုပြာညက်​ ဆင်​ပုန်းသူများ ကြားတွင်​ ထင်းကနဲ လင်းကနဲ ရှိလှသည်​။

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now