❀6❀

4.4K 122 9
                                        


(Unicode)

အိမ်​အပြန်​လမ်းတစ်​လျှောက်​သာယာတဲ့နာ​ပျော်​ဖွယ်​ကျေးငှက်​တွန်​ကျူးသံ​တွေ .... ။

ဟိုဒီ​ပြေးလွှား​ဆော့ကစား​နေတက်​ကြသည့်​ယုန်​ဖြူ​လေး​တွေ ....။

​လွတ်​လပ်​ပေါ့ပါးစွာပျံသန်း​နေကြသည့်​ရောင်​စုံလိပ်​ပြာက​လေးများနှင့်​သစ်​တောစိမ်းစိမ်းတို့ကလိုက်​ဖက်​လို့​နေပါ၏....။

ဒီလို့လွတ်​လပ်​ပေါ့ပါးပြီးလှပတဲ့ ဘ၀မျိုး​လေးမှာ​နေခွင့်​လေး​တော့ရချင်​မိပါ​သေးသည်​..။

ဟာနာကီဆိုတဲ့ နာကီရဲ့ဘ၀ကဘယ်​တုန်းကမှလွတ်​လပ်​မှု့မရှိခဲ့ ....။

ဘယ်​တုန်းကမှ ကိုယ်​ပိုင်​စိတ်​နှင့်​မရှင်​သန်​ခဲ့ရပါ...။

မိဘနှစ်​ပါး၏အလိုကျ​နေရသည့်​ရောဂါသည်​တစ်​ယောက်​ဖြစ်​သည့်​ကိုယ့်​ဘ၀ကို နာကျည်းမိတာအမှန်​...။

​တော​တောင်​မကျွမ်းကျင်​တဲ့ နာကီအဖို့မှာ​တော့ လမ်း​ဖောက်​ထားပုံ​ထောက်​သည့်​လမ်း​ဖြောင့်​အတိုင်းသာအ​မေးအမြန်းမရှိ​လျှောက်​လို့​နေအိသည်​။​မေးစရာမြန်းစရာ လူမ​ပြောနှင့်​သရဲ​တောင်​မ​တွေ့မိ ။

ပထမဆုံး သစ်​ပင်​စိမ်းစိမ်း​တွေကလွဲ၍​တွေ့လိုက်​ရသည့်​ဆာကူရာပန်းပွင့်​က​လေး​တွေနှင့်​ဆာကူရာပန်းပင်​က​လေးတစ်​ပင်​က​တော့ လမ်းက​လေး၏အလယ်​တည့်​တည့်​၌တည်​ရှိလျက်​...။

ဆာကူရာ ပန်းက​လေး​တွေ....မ​နေ့ညကမင်းတို့ရဲ့ပွဲ​တော်​ကို နာကီမတက်​ရောက်​နိုင်​ခဲ့တာ​တောင်းပန်​ပါတယ်​ကွယ်​....။

မလှခဲ့တဲ့နာကီရဲ့ ဘ၀နဲ့မင်းတို့ရဲ့ပွဲ​တော်​ကိုတက်​ရောက်​ဖို့မထိုက်​တန်​ဘူးလို့ပဲ နာကီမှတ်​ယူပါတယ်​.....။

​ပျော့ညံ့လိုက်​တဲ့စိတ်​ဓာတ်​.... စိတ်​ပျက်​စရာတစ်​ခု​လောက်​တွေးမိယုံနဲ့ကို​ဝေ့တက်​လာတဲ့မျက်​ရည်​တွေကို​တောင်​မုန်းတီးရွံရှာ​နေမိပြီ။

မမှီမကမ်းနှင့်​ဆာကူရာပင်​ကြီး၏​အောက်​နားတွင်​ပွင့်​နေဆဲဆာကူရာပန်းတစ်​ခက်​ကို၍ခူးမိ၏...။

[ လ​ရောင်​အောက်​မှ~ဆာကူရာသက်​သေ ]Zawgyi & UnicodeDove le storie prendono vita. Scoprilo ora