"မ ..... မသွားပါနဲ့ နာကီ "
ခီ နှုတ်ဖျားမှတုန်တုန်ယင်ယင်ထွက်လာသည့်အသံ ..... ။
နာကီ နားထဲသို့ဆိုက်မြိုက်စွာရောက်ပါလေ၏ ။
" ဘာ.... ဘာပြောလိုက်တယ်ခီ "
"ထွက်မသွားပါနဲ့ နာကီ .....ကျေးဇူးပြုပြီး ခီကိုထားမသွားပါနဲ့လား ဟင်"
တာမီဆူခီလိုရဲရင့်တဲ့မိန်းမတစ်ယောက်ရဲ့မျက်၀န်းအိမ်ထဲတွင်တွဲလောင်းခိုနေပြီ ။
သူမ ဒီအချိန်မှာမရဲရင့်နိုင်တော့ပါလား ။
ခီ ။ သူမလဲပျော့ညံ့တဲ့အကျင့်လေးရှိနေသေးပါရဲ့ ။
"ဟက်.. ထားမသွားပါနဲ့ပြောတက်သေးတာပဲ နာကီ ရှင့်ရဲ့ဘေးမှာရှိနေတဲ့အချိန်တွေတုန်းက ရှင့်ဘက်ကဆက်ဆံခဲ့တဲ့ အပြုအမှုတွေနဲ့ပဲ နာကီကို ထက်ဆွဲထားချင်သေးတာလားတော်လိုက်ပါတော့ တာမီဆူခီ ရျင့်အပေါ်မှာချစ်ခဲ့မိတဲ့နာကီရဲ့ နှလုံးသားကိုတောင်နာကီသနားမိတယ်သိလား ရှင့်လိုလူအတွက်နာကီမျက်ရည်တွေကိုတောင်နှမြောမိသေးတယ်"
"ပြောပါ နာကီ စိတ်ကြိုက်ပြောပါကွာ ဒါပေမယ့်ခီကိုတော့မထားခဲ့ပါနဲ့ ခီ .... ခီနာကီကို တကယ်ချစ်မချစ်မသေချာသေးတာအမှန်ဆိုပေမယ့်နာကီမရှိပဲ ခီတကယ်နေနိုင်မှာမဟုတ်ဘူး နာကီ ကိုခီလိုအပ်တယ်နာကီ"
" ဘာအတွက်လဲ ? ရှင်လိုအပ်တဲ့အချိန်ထုတ်သုံးဖို့လား ဒါမှမဟုတ်ရှင်လုပ်ချင်တဲ့အချိန်ထလုပ်ဖို့အတွက်လား ရှင်သိအောင်တစ်ခုလောက်တော့ပြောပါစေ ဟာနာကီက နှလုံးသားနဲ့လူသားနော်အရုပ်မဟုတ်ဘူး "
"ကျေးဇူးပြုပြီးကျေးဇူးပြုပြီး ထွက်မသွားပါနဲ့ ဟာနာကီ "
ခီ " နာကီအတွက်မျက်ရည်တွေကျပေးနေတာပဲ ။ နာကီပျော်မိတယ်ခီဆီမှာနာကီအတွက်ကျဖို့မျက်ရည်တွေရှိနေသည်လေ ။
ခီ မသိဘူး ခီမျက်ရည်တွေကိုမြင်ရင်နာကီရင်ထဲပူလောင်လွန်းတယ်ဆိုတာ ။
CITEȘTI
[ လရောင်အောက်မှ~ဆာကူရာသက်သေ ]Zawgyi & Unicode
Fanfictionအချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ် တွေးမဆုံးနိုင်လောက်အောင်ကျယ်ပြန့်တယ် သို့သော် ..... အချစ်ဆိုတာမျိုးက စိတ်စေရာအတိုင်းလူကလိုက်ပါသွားရသည် ... အတင်းလုယူဖို့ကြိုးစားတဲ့အခါ ထိုအချစ်ကပဲ ထွက်ပြေးတိမ်းရှောင်သွားတက်ကြသည်... ဒါ အချစ်တဲ့ .....
![[ လရောင်အောက်မှ~ဆာကူရာသက်သေ ]Zawgyi & Unicode](https://img.wattpad.com/cover/175778559-64-k639605.jpg)