Season2[Ep1]

2.3K 95 4
                                        

🍃🍃🍃🍃🍃

ဆိုင်​ရှေ့ပြတင်းတံခါးဝက​နေ သူမ​ရောက်​နိုင်​နိုင်​ဦးမလားလို့​စောင့်​မျှော်​နေခဲ့မိတယ်​.... ။

ဘယ်​ဘက်​ရင်​အုံက ဘာ​ကြောင့်​များအသည်​စခိုက်​လုသည်​အထိနာကျင်​စူးနစ်​နေရတာလဲ ။

ခီ .... ။ ကျွန်​မအိမ်​မက်​ထဲက သိပ်​မြတ်​နိုသခဲ့ရသည့်​ရေနတ်​ဘုရားတစ်​ပါး ။

ခီ .... ။ အိမ်​မက်​ထဲမှာဖြူစင်​ပြီး​အေးချမ်းတဲ့အလှတရားကိုပိုင်​ဆိုင်​ထားနိုင်​ခဲ့သည့်​သူမ ။

လက်​တွေ့ဘ၀မှာ​တော့​ခေတ်​ဆန်​ပြီးရဲရင့်​သူတစ်​ယောက်​အဖြစ်​တည်​ရှိ​နေသည်​တဲ့လား ။

အတိတ်​က​နေ့ရက်​တွေကိုပြန်​တွေးကြည့်​ရင်​ခီအ​ပေါ်မှာ နာကီဘယ်​လောက်​အထိအစွမ်းအလမ်းကြီးခဲ့ရတာဆိုတာ နာကီအသိဆုံးပါခီ ။

နာကီ​လေ .... တစ်​ကြိမ်​တစ်​ခါမှမမြင်​ဖူးမ​တွေ့ဖူးပါတဲ့ ခီကို နာကီ ၁၅နှစ်​အရွယ်​က​လေးဘ၀ထဲက အခုလို ၂၅ နှစ်​အရွယ်​ထိညစဉ်​ညတိုင်း မက်​ခဲ့ရတဲ့အိမ်​မက်​။

ခဏတာ​လေးပဲဖြစ်​စေ အိပ်​ပျော်​ခဲ့ရင်​တောင်​အိမ်​မက်​ထဲသို့​ရောက်​လာတက်​တဲ့ခီ ။

နာကီ​ကျေနပ်​ပါတယ်​ခီရယ်​....။ အိမ်​မက်​ထဲမှာပဲထာဝရ​တွေ့ခွင့်​ရ​တော့မယ်​ဆိုတဲ့စိတ်​နဲ့ရှက်​သန်​လာခဲ့တဲ့ နာကီ ဘ၀​လေးထဲကို ခီတစ်​ယောက်​မိနစ်​ပိုင်း​လေးဝင်​ရောက်​လာခဲ့ပြီး ... ။

တာမီဆူခီဆိုတဲ့ မိန်းက​လေးဟာ ကမ္ဘာ​မြေ​ပေါ်မှာတကယ်​ရှိ​နေ​ကြောင်းသက်​သေပြ​ပေးခဲ့လို့ နာကီ မရူးနှမ်းခဲ့ပါဘူးလို့နာကီဖြည့်​တွေးလိုက်​တယ်​ခီ ။

" ဟိတ်​ကောင်​မ​လေး "

"အ​မေ့ "

ကိုယ့်​အ​တွေးနှင့်​ကိုယ်​ပတ်​၀န်းကျင်​ပင်​ဂရုမထားမိလိုက်​တဲ့အချိန်​အလစ်​အငိုက်​ဖမ်းတက်​သူကြီး က​ရောက်​လာခဲ့သည်​။

" ကြည့်​စမ်းပါဦး ဘာ​တွေများဒီ​လောက်​အထိ​တွေး​တော​နေလို့ ကျွန်​မလာတာကို​တောင်​မသိဖြစ်​နေရတာလဲ "

[ လ​ရောင်​အောက်​မှ~ဆာကူရာသက်​သေ ]Zawgyi & UnicodeHikayelerin yaşadığı yer. Şimdi keşfedin