Season2[Ep13]

1K 64 9
                                        

.....

(Unicode)

နာကျင်မှု့တွေအသားကျသွားတဲ့အခါ
တစ်ချိန်ကလို ထက်မြတ်ပြီး တောက်ပတဲ့ သူတစ်ယောက်ပြန်ဖြစ်လာလိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်ခဲ့သည် ...

သို့သော်လည်း

အလုပ်ပင်သွားနိုင်စွမ်းမရှိ

အခန်းတစ်ခုလုံးအမှောင်ချကာ အိမ်ထဲမှအိမ်ပြင်မထွက် ကျွန်မရဲ့ အထီးကျန်နေ့ရက်တို့ ကုန်ဆုံးစေခဲ့တယ် ...

ကျွန်မကိုယ် ကျွန်မ အထင်သိပ်ကြီးမိခဲ့တာပဲ ....

တစ်ရက်ထက် တစ်ရက် ကုန်ဆုံးခဲ့စေတိုင်အောင်

နာကီရဲ့ ထိမ်းမြားခြင်းနေ့ရက်သို့ တစ်ရွေ့ရွေ့နီးကပ်လာလေလေပင် .....

ကျွန်မသိပ်ကြောက်ရတဲ့ နေ့

ရှောင်ပုန်းနေလဲ မရောက်နိုင်တာမှမဟုတ်ပဲ ....

တိမ်းရှောင်တိုင်း လွတ်လမ်းသာ ရှိခဲ့ပါရင် .....

"လွမ်းတယ် နာကီရယ် ဟင့် "

ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံရစေ စိတ်ဓာတ် ကြံ့ခိုင်ရဲရင့်လှပေတဲ့ ကျွန်မ ...

အခုတော့ ....

အခန်း ပြတင်း၀သံတိုင်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ....

ရှိုက်ကြီး တငင်ငိုကြွေးတက်ခဲ့ပါပြီ....

နာကီရယ် .....

မင်းလေး အတွက် ...

အခက်အခဲတွေ မကြုံတွေ့ရစေဖို့အတွက် ငါ ....

ရင်ကွဲ ခံနိုင်ပါတယ် ....

ဟုတ်တယ် ....

အာရှာလီ ပြောခဲ့သလိုပဲ ဒီပွဲမှာ အစကထဲက ပေါ်မလာသင့်တဲ့ သူကငါ ...

မင်းအနားမှာ အတူ ရှိပေးခွင့်မရှိနိုင်တဲ့သူ ကငါ ....

မင်းအနားမှာ မင်းလိုအပ်ချိန်တိုင်း ဖြည့်ဆည်းပေးရင်း ..

အသက်တွေ အတူတူကြီးသွားဖို့ ကံမပါလာတဲ့ငါ ....

မင်းကို ငါ ချစ်လိုက်မိတာက အပြစ်တစ်ခုကျူးလွန်မိလိုက်တာမျိုး .....

မင်းဘ၀ထဲကို ​တိုး၀င်မိခဲ့တဲ့ငါက ပြသနာတွေရဲ့ ဖြစ်တည်လာခြင်းရဲ့ အဓိက အချက်......

[ လ​ရောင်​အောက်​မှ~ဆာကူရာသက်​သေ ]Zawgyi & UnicodeWhere stories live. Discover now