1

7.6K 235 26
                                    


ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ဆိုတဲ့နေရာကို သူသွားကြည့်ချင်တယ်
သူဟာ ထိုင်းလူမျိုးတစ်ယောက်
ပြီးတော့ တော်ဝင်မျိုးနွယ်က မွေးဖွားလာသူတစ်ယောက်ဖြစ်သည်
ဒါပေမယ့် သူဟာမွေးကတည်းက
လူမှန်းသိတတ်ကတည်းက သူတို့ပိုင်ဆိုင်တဲ့
ကိုယ်ပိုင်ကျွန်းမှာသာနေထိုင်ရသည်

သူ့ papa နဲ့ mamaကလည်း ကျွန်းအပြင်ထွက်ခွင့်မရှိ။
အကြောင်းက သူမမွေးခင်ကစရမည်

တော်ဝင်နွယ်ဖြစ်တဲ့ သူရဲ့papaက
သူ့အဘိုးရဲ့စကားကိုလွန်ဆန်ကာ
သူ့ mama ကိုရွေးချယ်သည်။

အချစ်က လူကိုမိုက်ရူးရဲဆန်စေသည်

ထို့အတွက်ကြောင့် သူ့ရဲ့ ဦးလေးဖြစ်သူက
သူ့ရဲ့papaပိုင်ဆိုင်တာတွေကို ရရှိကာ
ကြီးကျယ်လှတဲ့နန်းတော်မှာနေထိုင်ရကာ
မိသားစုပိုင် လုပ်ငန်းတွေကို အကုန်အမွေရခဲ့သည်။

သူ့papa ကထိခွင့်မရှိတော့ဘဲ
ဒီကျွန်းမှာပြောင်းရွေ့နေထိုင်ရသည်။
မျိုးနွယ်မှစွန့်ပစ်လိုက်ခြင်းဖြစ်သော်လည်း သူရဲ့အဘိုးက ဒီကျွန်းကိုတော့ ပေးခဲ့သည်။

ပြီးတော့ အဆက်အသွယ်ဖြတ်ကာနေထိုင်ခဲ့ရသည်။

သူရဲ့အသက် 18 နှစ်ပြည့်နေတဲ့နေ့မှာပင်
သူလိုချင်တဲ့လွတ်လပ်မှုတစ်ချို့ရခဲ့သည်။

သားတွေကြီးမွေးတဲ့ သူဦးလေးရယ်ကြောင့်ပါ

သူလိုချောမောလှပတဲ့မိန်းကလေးတစ်ယောက်က
တော်ဝင်မျိုးနွယ်ပီပီ မြင်းစီးကျွမ်းသည်
တိုက်ခိုက်တာတော်သည်။
ထက်မြတ်တယ် ထူးချွန်တယ် ပြီးတော့
ယောက်ျားလေးဆန်တယ်
အနေအထိုင် သိမ်မွေ့သူတော့မဟုတ်ပါ။

တစ်မိသားစုလုံးမှာမိန်းကလေးဆိုလို့
သူတစ်ယောက်တည်းသာမွေးသည်ဖြစ်လို့
အဘိုးဖြစ်သူမှာ မြို့သို့ပြန်ခေါ်ချင်သော်လည်း
သူ့အမိန့်ကိုပြန်မပြင်နိုင်ပါ ထို့ကြောင့်
တစ်နှစ်တစ်ခါ ကျွန်းကိုသွားတွေ့သည်။
သူလိုအပ်သမျှ သူတောင်းဆိုသမျှလုပ်ပေးသည်။

သူ့ ဘာသာစကားတွေသင်ရသည်
စာ ကိုသီးသန့်သင်ရသည်

နောက်ပြီး သူမ ရလိုက်တဲ့ ကတိတစ်ခုက
သူ ဘွဲ့ရပြီးရင်နိုင်ငံခြားမှာပညာသင်ခွင့်ပေးမည်
ဆိုတာပါပဲ။

Remember I Love You Where stories live. Discover now