လအနည်းငယ်ခန့်ကြာသော်....Manoban စံအိမ်
တစ်ကယ်ကိုခမ်းခမ်းနားနားတည်ဆောက်ထားသည်။
စံအိမ်အတွင်းအသုံးပြုတဲ့ အသုံအဆောင်တွေကအစ
တန်းဖိုးကြီးပစ္စည်းတွေဖြစ်သည်။ခြံအဝင်ဝကနေ အိမ်တော်ထဲရောက်ဖို့ အနည်းဆုံး
10 မိနစ်လောက်တော့ ကားစီးရမည်ထင်သည်။ခြံဝင်းထဲကိုကားတစ်စီးဖြည်းညှင်းစွာဝင်ရောက်လာ
သည်။ကားရပ်ရာနေရာသို့ ဦးတည်မောင်းနှင်ပြီးနောက်
ကားပေါ်မှာ မျက်နှာခပ်တည်တည် လူတစ်ယောက်
ဆင်းလာသည်။ထို့နောက် စံအိမ်အတွင်းသို့ လျင်မြန်စွာပင်ဝင်သွားသည်။ဧည့်ခန်းထဲတွင်ထိုင်ကာ
သတင်းစားဖတ်နေတဲ့ Mr.Li ကိုတွေ့တော့
ဦးညွှတ်အရိုအသေပေးသည်။"ရောက်လာပြီလား ဖန်"
"ဟုတ်ကဲ့ ကျွန်တော်မျိုးရောက်ပါပြီ သခင်ကြီး"
မော့မကြည့်ဘဲ Mr.Li ရဲ့မေးသံအဆုံးမှာ ထိုလူ၏
ပြတ်သားသောဖြေဆိုသံထွက်ပေါ်လာပြီးနောက်
Mr.Li ထရပ်လိုက်သည်။"စာကြည့်ခန်းထဲသွားကြမယ်"
ထိုသူ ခေါင်းညိမ့်ကာ Mr.Li နောက်မှနေ၍ ဧည့်ခန်း
ထဲလိုက်ဝင်သွားသည်။ထိုသူ ဖန် လို့အမည်ရတဲ့ သူ။
သူဟာ Mr.Li ရဲ့အတွင်းရေးမှူးဖြစ်သည်။Lalisa ကိုရီးယားမြေကို ခြေချပြီးနောက် Mr.Li
နဲ့ရင်းနှီးတဲ့ခြံမှာနေထိုင်ဖို့လုပ်ခဲ့သော်လည်း
ရောက်ရောက်ခြင်း Lasi ကို ရှာမတွေ့ခဲ့ကြ။
ခြံပိုင်ရှင်ဖုန်းဆက်ပြော၍ Lisa သူတို့ဆီမရှိမှန်း
သိပြီးနောက် Lisa ကိုရှာဖို့လွှတ်လိုက်သည်။Mr.Li စာကြည့်စားပွဲမှာဝင်ထိုင်ကာ သူကတော့
မတ်တပ်ရပ်လျက်။"ခု မြေးဘယ်မှာရှိနေတာလဲ "
"ဟုတ် Kim ခြံထဲမှာပါ "
"သူအဆင်ပြေလား ကျောင်းမတက်ဘူးမလား"
"ကျောင်းမတက်ဘဲ ဒီတိုင်းနေနေတာပါ အဆင်ပြေပါတယ် ဒါပေမယ့်"
ပြောလက်စစကားကိုရပ်ကာ သူ Mr.Li ကို
တစ်ချက်လှမ်းကြည့်သည်။"ဒါပေမယ့် ဘာဖြစ်လဲ ဖန် ဘာပြဿနာရှိလို့လဲ"
"ဟို အဲ့ဒါက"
![](https://img.wattpad.com/cover/180822238-288-k761980.jpg)
YOU ARE READING
Remember I Love You
Fanfictionအချစ်ဆိုတာလှပတဲ့အရာတစ်ခု သို့သော် လွမ်းဆွေးနာကျင်မှုတွေလည်းရှိတယ် ဒါဆို သတိရခြင်းတွေက ငါတို့ရဲ့ဆုံမှတ်တစ်ခုလား? #Lisoo