18

1.7K 146 15
                                    

ချစ်နေတာတွေ သတိရပေးပါ

သူ သောင်ပြင်ဆီရောက်တော့ ဘာမှမတွေ့ရဘူး။
အနည်းငယ်လည်းမှောင်နေပြီဖြစ်သည်။ပင်လယ်ကို
လှမ်းကြည့်တော့လည်းငြိမ်သက်လို့နေသည်။

" Soo "

သူ့ရဲ့ခေါ်သံကိုပြန်ထူးမယ့်သူလည်းမရှိဘူး။

" Soo yahh ဘယ်ရောက်သွားတာလဲ စကားပြောရအောင်လို့ "

ထပ်ခေါ်သော်လည်းတိတ်ဆိတ်နေပြန်သည်။
သူ့အကြည့်တွေ ကျောက်ဆောင်သေးသေးလေးတွေ
ရှိရာဘက်ရောက်သွားသည်။လူတစ်ယောက်ထိုင်နေ
လိုက်ရင်ကွယ်သွားနိုင်လောက်သည်အနေအထား
ရှိသည်။ကျောက်ဆောင်လေးတွေကြားမှာ
ရေစပ်စပ်နဲ့မှောက်လဲလိုက်ရင်စိုသွားနိုင်သည်။
သူအဲ့ဒီဘက်လျှောက်သွားကာ သူမရှိနေနိုင်မည့်
ထင်သည့်နေရာကိုရှာဖွေနေမိသည်။

ကျောက်ဆောင်တစ်ခုအလွန်လည်းရောက်ရော
နောက်ကနေရိုက်တာခံလိုက်ရပြီး သောင်ပြင်ပေါ်
လဲကျသွားသည်။

" အ ဘယ်ကောင်ချောင်းရိုက်တာလဲ"

စိတ်တိုတိုနဲ့ပြန်ထဖို့ပြင်ပေမယ့် နောက်ကျောမှ တက်ခွတာခံလိုက်ရပြီး မှောက်လျက်သားရှိနေပြန်တယ်။ပြီးတော့ လည်ပင်း
ညစ်တာပါခံလိုက်ရတာကြောင့် အသက်ရှူပါကြပ်
လာတယ်။တော်တော်သန်တာပဲလက်တွေက။

" ဘာ ဘာလို့လုပ်တာလဲ ငါ Soo ကို ရှာရဦးမယ်
လွှတ်ပေးပါ သူပင်လယ်ထဲဆင်းသွားပြီလားမသိဘူး"

အသက်ရှူကြပ်နေတဲ့ကြားထဲကမှ စကားတစ်ချို့ကို
အားယူရင်းဖြေးဖြေးပြောလာတယ်

" ဘယ်သူကပင်လယ်ထဲဆင်းမယ်ပြောလဲ
ရှင့်ကိုရှင်အထင်ကြီးလွန်းတာပဲ"

" Soo လား လွှတ်ပါဦး မောင် သေတော့မယ်ထင်တယ်"

သူပြောလိုက်တော့ သူမလက်တွေအနည်းငယ်ပြေလျော့သွားတယ်။
နောက်တော့ လွှတ်ပေးကာ သူဘေးနားထိုင်ချလိုက်
တယ်။ဒီတော့မှ သူအသည်းအသန်ထထိုင်ရသည်။
သူ့တစ်ကိုယ်လုံးတော့ ရေတွေသဲတွေနဲ့အတော်
ကြည့်ကောင်းနေသည်။သူမက သူ့တစ်ကိုယ်လုံးကို
သိမ်းကျုံးကြည့်နေတာမလို့ သူနေရတော့ခက်သား။

Remember I Love You Where stories live. Discover now