16

1.4K 147 8
                                    

သတိတရရှိခဲ့ဖူးသော အမှတ်တရတစ်ချို့။
သူမအတွက် မြင်လေရာလွမ်းစရာဖြစ်နေခဲ့သည်။
မြို့ထဲဘက်သွားတဲ့အခါ သူနဲ့စတင်တွေ့ရာ
Bus stop လေးကိုကြည့်မိလည်းလွမ်းရသည်။
သူ့ပါးလေးတွေကိုင်မိခဲ့တာလည်းလွမ်းရသည်
သူ့ရင်ခွင်ထဲအမှတ်မထင်ရောက်ခဲ့ဖူးတာတွေလည်း
သတိရသည်။သူသဘောကျသည်ဆိုသော အချိန် တွေဆီပြန်သွားချင်တယ်။သူ့ရင်ခွင်ထဲခိုဝင်ချင်တယ်။
သူနဲ့အတူစနောက်ချင်တယ်။ထမင်းအတူစားကြမယ်။
ကြယ်အတူကြည့်ကြမယ်။ ပုံပြင်တွေအကြောင်း
ပြေကြမယ်။ ဒါတွေ ပြီးခဲ့တဲ့အရာတွေပါ။

ခုချိန်မှာ သူမဟာ တစ်ယောက်တည်း။သူ့ကိုလွမ်းနေတဲ့
အလွမ်းတွေကလွဲရင် အားလုံးအဆင်ပြေတယ်။
ပုံမှန်ခြံထဲသွားပြီးအလုပ်တွေလုပ်သည်။စာတွေဖတ် တယ်။ Chaeyoung တို့နဲ့ဖုန်းပြောဖြစ်သည်။
သူ့ကိုသတိရတယ်ဆိုရုံမျှနဲ့တော့ သူမရဲ့ပုံမှန်
အခြေအနေတွေကိုရပ်တန့်ပစ်ဖို့သူမမတွေးမိဘူး။
သူလည်းအဆင်ပြေမှာပါ။

Appa တို့နဲ့လည်း စစနောက်နောက်အရင်တိုင်းပဲ။
သူမရှိတဲ့လစ်ဟာမှုကို သူမစနောက်ရင်းပင်ဖြတ်သန်း
မိသည်။သူပေးဖူးတဲ့ cosmos flower ပင်တွေရှိရာ
ဘက်ရောက်ဖြစ်သည်။သို့သော် အပင်ကသိပ်တော့ မများ။သူနဲ့အတူ စိုက်ပျိုးခဲ့တဲ့ ကော်ဖီပင်တွေတောင်
နောက် 6 လလောက်နေရင် အသီးတွေတောင်
သီးတော့မည်လေ။ဘာလိုလိုနဲ့ သူထွက်သွားခဲ့တာ
တစ်နှစ်ခွဲတောင်ရှိသွားခဲ့ပြီ။ သူမကတော့ သတိရလိုက်
လွမ်းလိုက် သူနဲ့အတူသွားဖူးတဲ့နေရာတွေသွားလိုက်
နဲ့သာအလွမ်းဖြေရသည်။သူဟိုမှာဘာတွေလုပ်နေမလဲ။သူမကို လာခေါ်မယ့်နေ့ကိုသာမျှော်နေမိသည်။

" Chae လား အေး အဆင်ပြေပါတယ် နင်တို့ရော"

"...."

" ပြန်လာတော့မလို့လား ဘယ်တော့လဲ အော်
6 လလောက်နေမှလား အေးပါ ငါစောင့်နေမယ်နော်
nini ရောနေကောင်းတယ်မလား"

"...."

" အော ဟုတ်ပြီ ဒါဆို ဒါပဲနော်"

သူမ ရုံးခန်းထဲဖုန်းပြောနေခြင်းဖြစ်သည်။

"Kim Ji သူငယ်ချင်းတွေပြန်လာကြတော့မလို့တဲ့လား"

"ဟုတ်တယ် ဦးလေး နောက် 6 လလောက်ဆိုပြန်လာ
မယ်တဲ့"

Remember I Love You Where stories live. Discover now