9

1.6K 157 13
                                    


ဒီနေ့ Jennie အလည်လာမယ့်နေ့ဖြစ်တာကြောင့်
Chaeyoung အစောကြီးထကာ လေဆိပ်သို့သွား
ကြိုရသည်။

Jennie ကဆရာဝန်ဆိုတာထက် ဆေးရုံပူးပေါင်းမှုတွေ
ဆေးဝါးထုတ်လုပ်မှုတွေ အဲလိုတွေဘက်မှာ လုပ်ဆောင်ရသောကြောင့် အမြဲခရီးထွက်နေရသည်။
ဒီတစ်ခေါက်လည်း ထိုင်းနိုင်ငံဘက်သွားရသည်လေ။

Jennie လာတိုင်း Chaeyoungအိမ်မှာသာနေဖြစ်သည်။
Jisoo မိဘတွေနဲ့လည်းရင်းနှီးသည်။

"Soo က nini ဆိုတဲ့သူနဲ့အရမ်းရင်းနှီးတာပဲလား"

"omm ဟုတ်တယ်လေ မောင် ဘာလို့လဲ "

"ဘာမှမဟုတ်ပါဘူး ဒါနဲ့ ဒီနေ့လယ်ကွင်းတွေဆီသွားမှာ
လား တစ်ပတ်တောင်ရှိတော့မယ်"

"သွားမှာလေ chae တို့နဲ့အတူ"

သူ Jisoo အိမ်မှာပဲ လာနေဖြစ်သည်။
ခုလည်း Jennie လာရင်စားဖို့အစားအသောက်တွေ
ပြင်ဆင်ရာမှာ သူကကူညီပေးနေခြင်းဖြစ်သည်။

ခဏကြာတော့ chae ပြန်ရောက်လာသည်
Jennie ဆိုသူလည်းပါလာသည်။
Jisoo မိဘတွေကို နှုတ်ဆက်ရင်း ပြီးတော့ နေ့လည်စာ
အတူစားဖြစ်ကြသည်။

"nini နေ့လည်စာအရင်စားတာပေါ့ နောက်မှမိတ်ဆက်ပေးတာပေါ့"

Jennieက သူ့ကို တစ်ချက်ကြည့်ပြီ တစ်ခုခုကို စဉ်းစားနေသလိုထင်ရသည်။

"မြင်ဖူးတယ် "

"ဟင် ဘာလဲ nini"

Jennie ရဲ့ ရေရွတ်သံကို chae ကကြားလို့မေးလိုက်ခြင်းဖြစ်သည်။

"အာ ဘာမှမဟုတ်ဘူး chae ထိုင်ရအောင်ပါ"

နောက်တော့ သူတို့တွေအချင်းချင်းစကားတွေပြောဖြစ်နေသည်။
သူငယ်ချင်းတွေကတွေ့ရခဲတော့လည်း သတိရနေကြသည်ပေါ့။သူကတော့ သူတို့စကားတွေ
ကိုနားထောင်ရင်း တိတ်ဆိတ်စွာပဲ စားနေမိသည်။

နေ့လည်စာစားသောက်ပြီးတော့ chaeအိမ်သို့သွား
ကြသည်။ chae ဖျော်ပေးတဲ့ ကော်ဖီသောက်ရင်း
စကားတွေပြောဖြစ်ကြပြန်သည်။

"chaeကော်ဖီက အရင်တိုင်းသောက်ကောင်းတယ်
အလုပ်တွေပင်ပန်းတိုင်းသောက်ချင်တာ "

"omm တောင်းပန်ပါတယ် chae ကအနားမှရှိမပေး
နိုင်လို့လေ nini"

Jennie နဲ့ chae ကို ကြည့်ကာသူပြုံးမိသည်။
လက်ကအလိုလို Soo ရဲ့လက်ကို ဆုပ်ကိုင်ထားမိသည်။သူ့ကိုပြန်ကြည့်တဲ့ Soo ရဲ့အကြည့်တွေမှာ ကြည်နူးမှုတွေနဲ့။

Remember I Love You Where stories live. Discover now