19

1.8K 142 8
                                    

မနက်စောစော သူနိုးလာတဲ့အချိန်ထိ သူမအိပ်ပျော်နေ
သေးသည်။အခုတော့အတူတူပြန်ရှိခွင့်ရပြီလေ။
သူမနဖူးလေးကို တစ်ချက်နမ်းကာ သူထဖို့ပြင်တယ်။
ဒီနေ့လည်းအလုပ်တွေရှိသည်လေ။
တစ်ချက်လှုပ်ရှားလာပြီး မျက်လုံးတွေဖွင့်လာတဲ့သူမ

" Soo နိုးပြီလား ပြန်အိပ်ဦးမလား"

" ဟင့်အင်း ထရအောင်ပါ "

ရေချိုးခန်းထဲအတူမျက်နှာသစ်ကြတော့ သူမကရှက်နေသေးတာ။ မှန်ထဲမှာပြန်မြင်နေရတဲ့သူမ
မျက်နှာလှလှလေး။နောက်ကသိုင်းဖက်လိုက်ရင်း

"မောင်ကတစ်ကယ်ပျော်ရတယ် Soo ခုလိုမနက်ခင်း
တိုင်းအတူရှိခွင့်ရတော့မယ်နော်"

" omm Soo ရောပဲ မောင် "

" ဒါဆို နမ်းပါ "

" မဆိုင်တာကို "

သူမကို သူ့ဘက်လှည့်စေရင်း နှုတ်ခမ်းပါးလေးတွေကို
ခပ်ဖွဖွငုံ့နမ်းလိုက်တယ်။

" ရေအတူချိုးကြမလား Soo "

" ဟင့်အင်း မောင်အရင်ချိုးပါ အပြင်ကစောင့်နေမယ်"

" အွန်း ဟုတ်ပါပြီ "

တစ်လှည့်စီရေချိုးပြီးတော့ ဆံနွယ်တွေကို အပြန်အလှန်သုတ်ပေးပေးကြရင်း မနက်ခင်းဟာ
လှကနေခဲ့သည်။

"Soo ဒီအက်ႌဝတ္ပါ "

" တစ်မျိုးကြီးပဲ လက်ရှည်ဝတ်မယ်လေနော်"

" အဟွန်း ညကမောင်က လည်ပင်းသားတွေကိုမထိပါ
ဘူးနော် အဘိုးတို့လည်းရှိတာမလို့ Soo ရဲ့မျက်နှာလည်းရှိသေးတာမလား တော်ကြာ"

" မောင် တော်တော့နော် ညကကိစ္စညမှာထားခဲ့ပါလား"

လှည့်ထွက်သွားဖို့လုပ်နေတဲ့သူမကိုလှမ်းဆွဲရင်း
သူ့ရင်ခွင်ထဲမှာနေစေသည်။နဖူးကိုတစ်ချက် ပါးနှစ်ဖက်ကိုတစ်ချက်စီနမ်းရှိုက်ရင်း တင်းကျပ်စွာ
ဖက်ထားတယ်။

" ချစ်တယ်နော် Soo အရမ်းချစ်တယ်"

" အွန်း Soo ရော အရမ်းချစ်ပါတယ် မောင်"

" အောက်ဆင်းကြရအောင် "

ဒီနေ့လည်းသူအဘိုးနဲ့လမ်းလျှောက်ဖြစ်တယ်။
အရင်လောက်အစောကြီးမဟုတ်ပေမယ့်ပေါ့။
သူမလည်းအတူတူ။
သူက wheelchair တွန်းရင်း သူမကတော့ သူ့လက်မောင်းတွေကိုဖက်တွယ်ထားသည်။

Remember I Love You Where stories live. Discover now