20 - Final

3.7K 193 18
                                    

Remember I Love You

အဆုံးသတ်တစ်နေ့ထိ မင်းကိုချစ်ချင်တယ်
မင်းမရှိတော့မယ့် နေ့ရက်တွေထိ
မင်းကို တစ်ယောက်တည်းလည်းမထားခဲ့နိုင်သလို
ကိုယ်တစ်ယောက်တည်းလည်း မနေခဲ့ချင်ဘူး။
မင်းရှိမှပြည့်စုံမယ့် ကိုယ့်ဘဝအတွက်
မင်းနှုတ်ခမ်းပါးတွေကို လှုပ်ခတ်ရုံမျှ တိုးတိုးလေးသာ
ကိုယ့်တောင်းဆိုချက်ကိုလက်ခံပေးပါ။
ချစ်နေတယ် ချစ်တယ် ကိုယ့် မိန်းကလေး။

" Soo မောင်နဲ့လက်ထပ်ပေးမလား"

ဒူးထောက်လျက်သားသူ့စကားတွေကြားမှ သူမမျက်လုံးစုံမှတ်ထားလိုက်မိသည်။သူ့ကိုချစ်သည်။

သိပ်မခမ်းနားတဲ့လက်ထပ်ခွင့်တောင်းခြင်းမှာ ခမ်းနားတဲ့သူ့အချစ်တွေအပြည့်အဝပါဝင်သည်။

လက်ခံတယ် မောင်။ မျက်ဝန်းတွေပြန်ဖွင့်မိတော့
စိုးရိမ်နေတဲ့သူ့မျက်နှာလေးကိုတွေ့လိုက်ရတာကြောင့်
အဆုံးစွန်ထိတောက်ပစွာပြုံးပြမိသည်။
သူရဲ့ပြုံးသလိုမျက်နှာလေးကအောင်ငုံသွားပြီး
ဘောင်းဘီအိတ်ထဲက လက်စွပ်တစ်ကွင်းကိုထုတ်ယူ
လိုက်တာတွေ့ရသည်။အရမ်းဟောင်းနွမ်းနေသလိုမျိုး
ထင်ရပေမယ့် သူ့ရဲ့ကိုင်တွယ်ပုံကိုကြည့်ခြင်းဖြင့်
အရမ်းတန်းဖိုးထားမှန်းသိသာစေတယ်။
သူထရပ်လိုက်ပြီး သူမနဲ့မျက်လုံးချင်းဆုံတယ်။
နောက် တစ်ချက်ရယ်ကာ စကားတစ်ချို့ပြောတယ်။

" အဟက် သိရဲ့လားSoo ဒီလက်စွပ်လေးကလေ
နှစ်ပေါင်း 50 ကြာပြီတဲ့လေ ဘိုးက သူ့ရည်းစားဦးကို
ပေးမလိုဝယ်ထားတာတဲ့ နောက်ဆုံးမပေးနိုင်ခဲ့ဘူးလေ
ဒါကြောင့် မောင့်ရဲ့ဘွားဘွားမသိအောင် ဖွက်ထားခဲ့တယ်ဆိုလားပဲ အချစ်ကထူးဆန်းတယ်နော်
ခုချိန်ထိ ဘိုးကသတိကနေတုန်းပဲတဲ့လေ"

" အချစ်ဦးဖြစ်နေလို့လေ မောင်ရဲ့ "

" ဒါပေါ့ အချစ်ဦးကိုမြေးဦးရတဲ့အထိမမေ့ကြဘူးတဲ့
ခု ဘိုးက မြေးအငယ်ဆုံးလေးဖြစ်တဲ့ မောင့်ကိုလေ
သူ့အချစ်ဦးအကြောင်းတွေပြောပြတယ် မပေါင်းရရင်
လည်းချစ်နေရရင်ကျေနပ်တယ်ဆိုပြီးစွန့်လွှတ်ခဲ့ကြ
တာ အချစ်ကစွန့်လွှတ်ခြင်းလား Soo"

Remember I Love You Tahanan ng mga kuwento. Tumuklas ngayon